လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဆေးဖက်လည်းဝင် ကြောက်စရာလည်းကောင်းတဲ့ ဗန်ပိုင်းယား လင်းနို့ (သွေးစုပ်ဖုတ်ကောင် လင်းနို့)

Posted by Unknown Sunday, December 2, 2012 0 comments

Vampire Bat လို့ အမည်ရတဲ့ လင်းနို့ သွေးသွေးစုပ် ဖုတ်ကောင် များကို များသောအားဖြင့် တောင် အမေရိကတိုက်က နိုင်ငံများမှာ မြင်တွေ့ နိုင်ပါတယ်။ ရုပ်ရှင်တွေထဲမှာ ညွန်းညွန်းနေ တဲ့ သွေးစုပ် ဖုတ်ကောင် လင်းနို့တွေ လည်းသူတို့ပဲ ဖြစ်ပါတယ်။ သွေးစုပ်ဖုတ်ကောင် (Vampire) နဲ့ ပက်သက်တဲ့ အချက် အလက်များကို ရှာဖွေ၊ လေ့လာရင် Vampire Bat လည်း ပါဝင်ပါတယ်။ သူဟာလည်း Vampire သက်ရှိ သတ္တဝါမျိုးနွယ်စုထဲမှာ စာရင်းဝင် သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ ဒီတော့ ထုံးစံအတိုင်း သွေးဟာ သူတို့ရဲ့ အဓိက အစာ ဖြစ်ပါတယ်။ ၂ ရက် တိတိ သွေးမသောက်ရရင် သေပါတယ်။ ဒါကြောင့် ၂ ရက်လုံးလုံး သွေးရှာ မရရင် အချင်းချင်း ပြန်ကိုက် စုပ်ကြပါတယ်။ သေလောက်အောင် မစုပ်ပဲ တစ်ကောင်နဲ့ တစ်ကောင် အသက်ရှင်အောင် အစာမျှဝေတဲ့ သဘော ဖြစ်ပါတယ်။ သာမန် လင်းနို့များထက် ထူးခြားတဲ့ အသွင် သဏ္ဍာန် ရှိပြီး ပိုလည်း အားကြီးပါတယ်။ တောင်ပံအားနဲ့ ကောင်းကောင်း ပြန်နိုင်သလို၊ မြေပြင်မှာလည်း တစ်နာရီ ၅ မိုင်နီးပါး လမ်း အမြန် ပြေးနိုင်ပါတယ်။ နေရောင် လုံးဝ မထိရဲ ကြပါဘူး။ မှောင်မိုက်တဲ့ ပတ်ဝန်းကျင်ကို နှစ်သက်ပြီး တွင်းပျက်၊ လိုဏ်ဂူ တို့လို အလင်းရောင် မရှိသလောက် နည်းတဲ့ နေရာတွေ မှာ နေထိုင်ပါတယ်။ သူတို့ဟာ ကမ္ဘာပေါ်ရှိ အခြား သတ္တဝါ များနဲ့ မတူတဲ့ အကျင့် တစ်ခု ရှိပါသေးတယ်။ ဒါကတော့ မိခင် မရှိတော့တဲ့ လင်းနို့ သားငယ်ကို မွေးစား စောင့်ရှောက်ပေးတတ်တဲ့ အကျင့် ဖြစ်ပါ တယ်။ သွေးနွေး သတ္တဝါအားလုံးဟာ သူတို့ရဲ့ အစာ အဟာရပဲ ဖြစ်ပါတယ်။ သွေးနွေး သတ္တဝါရဲ့  Body တစ်ခုလုံးက သွေးစုပ်လို့ အကောင်းဆုံး အပိုင်းကို ရောင်ခြည် တစ်မျိုး ထုတ်လွတ်ပြီး ထောက်လှမ်းပါတယ်။ အမဲလိုက်ရာမှာ ဝက်၊ ခွေး၊ မြင်း တို့လို တိရစ္ဆာန်တွေကို Target ထားတာ များပေမယ့် လူသွေး စုပ်ရန် ကြိုးပမ်းမှုများလည်း ပြုလုပ်လေ့ ရှိပါတယ်။ ဒါကြောင့် လူတို့အတွက် သတိထားရမယ့် တိရစ္ဆာန် စာရင်းထဲ ထည့် ထားပါတယ်။ ရှေးအယုံအကြည် အရတော့ ယင်း လင်းနို့ အကိုက်ခံရသူဟာ သွေးစုပ် ဖုတ် ကောင် ဖြစ်လာတယ် ဆိုတာမျိုး ဖြစ်ပါတယ်။ ယခု မော်ဒန် ခေတ်မှာတော့ ယင်းကဲ့သို့ အယုံအကြည် နည်းလာပါတယ်။ သို့ပေမယ့် ဆေးပညာရ ကောင်းကျိုးပေးနေတာ တစ်ခု ရှိပါသေးတယ်။ ယင်း သွေးစုပ်ဖုတ်ကောင် လင်းနို့ ရဲ့ သွေးဟာ နှလုံးသွေး လည်ပတ်မှု အားကို ကောင်းစေပြီး နှလုံးနဲ့ ပက်သက်တဲ့ ရောဂါရှိသူများ အတွက် အသုံးဝင်တယ်လို့ လေ့လာတွေ့ရှိ ထားတယ်လို့ သိရပါတယ်။

လူမဆန်တဲ့လုပ်ရပ်တွေကိုလုပ်ခဲ့တဲ့လူတွေကို အစိုးရအရေးမယူဘူးဆိုရင် DKBA လည်းပါဝင်လာနိုင်

Posted by Unknown 0 comments
  
 
သံဃာတော်တွေကို အကြမ်းဖက် ခဲ့တဲ့ အစိုးရလုပ်ရပ် DKBA က ကန့်ကွက်လိုက်သည်။ နိုဝင်ဘာလ ၂၉ ရက်နေ့  မုံရွာခရိုင် လက်ပန်းတောင်း တောင်ကြေးနီ စီမံကိန်းရပ်တန့်ရေး သပိတ်စခန်းဖွင့်ပြီး ဆန္ဒပြ ခဲ့ကြတဲ့ သံ ဃာတော်တွေကို အစိုးရ တာဝန်ရှိသူတွေက အကြမ်းဖက် ဖြိုခွဲခဲ့တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး DKBA စစ် ဗျူ ဟာ မှူး ဗိုလ်မှူးကြီး ဆန်းအောင်က မနေ့က ကန့်ကွက်လိုက်ပါတယ်။ အာဏာပိုင်တွေရဲ့ ဖြေရှင်း ပုံဟာ လူ မဆန် တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကလိုထူးဘောဒေသ အခြေချ DKBA စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ဆန်းအောင် က RFA ကို ပြောကြားခဲ့ပါတယ်။ ၂ဝဝ၇ ရွှေဝါရောင် အရေးအခင်းတုန်းက မိမိတို့ လက်ပိုက် ကြည့်နေခဲ့ရပေမဲ့၊ ၂ဝ၁၂ လက်ပန်းတောင်း တောင်အရေးမှာ တာဝန်ရှိသူတွေကို အစိုးရက အရေး မယူဘူးဆိုရင် ငြိမ်းချမ်းရေး ကိစ္စကိုပါ ထိခိုက် လာနိုင်ကြောင်းလည်း ဗိုလ်မှူးကြီး ဆန်းအောင်က ပြော ပါတယ်။ တိုင်းရင်းသား မဟာမိတ်အဖွဲ့တွေ အနေနဲ့လည်း ဒီကိစ္စအပေါ် ခွင့်လွှတ်နိုင်ကြမှာ မဟုတ်ဘူး လို့မြင်ကြောင်းလည်း ဗိုလ်မှူးကြီး ဆန်းအောင်က ပြောကြားခဲ့ပါတယ်။
 
RFA

ပါလက်စတိုင်းကို အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူ အဆင့်အဖြစ် ကုလသမဂ္ဂက လက်ခံလိုက်

Posted by Unknown 0 comments

ပါလက်စတိုင်းကို အဖွဲ့ဝင်မဟုတ်တဲ့ လေ့လာသူ အဆင့်အဖြစ် တည်ရှိမယ့် အနေအထားဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံက တစ်ခဲနက် အတည်ပြု ထောက်ခံလိုက်ကြောင်း နိုဝင်ဘာလ ၃၀ ရက် သော ကြာနေ့က အယ်ဂျာဇီးယားသတင်းမှာ ဖေါ်ပြထားပါတယ်။ ဒီလို သတ်မှတ်လိုက်ခြင်းဟာ ပါလက်စတိုင်း တို့ကို နိုင်ငံတစ်ခုအဖြစ် တရားဝင် သတ်မှတ်လာနိုင်ဖို့ သဘော သက်ရောက် လာတော့မယ့် သင်္ကေတ တစ်ခုဖြစ်ကြောင်း ဆင်ဟွာ သတင်းမှာ ဖေါ်ပြထားပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ကို နိုဝင်ဘာလ ၂၈ ရက် ဗုဒ္ဓဟူးနေ့က နယူးယောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကနေ မဲခွဲဆုံးဖြတ်ချက် ချလိုက်ခြင်းဖြစ်ပြီး ကန့်ကွက်မဲပေးခဲ့ကြတဲ့ နိုင်ငံပေါင်း ၉ နိုင်ငံထဲမှ အစ္စရေးနိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စု တို့အတွက် နိုင်ငံရေးအရ ရှုံးနိမ့်မှုတစ်ခု ဖြစ်ကြောင်း အယ်ဂျာဇီးယား သတင်းမှာ ဖေါ်ပြ ထားပြန်ပါတယ်။ အဆိုပါ ဆုံးဖြတ်ချက်ကို နိုင်ငံပေါင်း ၁၃၈ နိုင်ငံက ထောက်ခံမဲပေးခဲ့ကြပြီး ၄၁ နိုင်ငံကတော့ မဲမပေးဘဲ နေခဲ့ကြတယ်လို့ ဖေါ်ပြထားပါတယ်။

ကလေးတစ်ဦးသာ မွေးဖွားရမယ့် မူဝါဒကို ပြင်ဆင်ရန် တရုတ်နိုင်ငံက စဉ်းစား

Posted by Unknown 0 comments

ကမ္ဘာ့လူဦးရေ အများဆုံး ရှိနေတဲ့ နိုင်ငံကြီးများမှာ အသက်အရွယ် ကြီးရင့်သူ များပြားတဲ့ လူ့အဖွဲ့အစည်းကြီး လျင်မြန်စွာ ကြီးထွားလာနေမှုကို ရင်ဆိုင်နေရတဲ့အတွက်  အစိုးရအကြံပေး အဖွဲ့ရဲ့ အဆိုပြုတင်ပြတဲ့ မူကြမ်း ပေါ်ထွက်လာမှုနဲ့အတူ တရုတ်အစိုးရက မိသားတစ်စုမှာ ကလေးတစ်ဦးသာ ရယူရမယ်ဆိုတဲ့ မူဝါဒကို ပြောင်းလဲဖို့ စဉ်းစားနေပြီဖြစ်ကြောင်း မိသားစုစီမံကိန်း အရာရှိဟောင်း တစ်ဦးရဲ့ ပြော ကြားချက်ကို နိုဝင်ဘာလ ၂၈ ရက် ဗုဒ္ဓဟူးနေ့က အယ်ဂျာဇီးယား သတင်းမှာ ဖေါ်ပြထားပါတယ်။ အ ကြံပြုချက်အသစ်အရ မိဘဖြစ်သူတစ်ဦးဟာ သူကိုယ်တိုင်ပင် တစ်ဦးတည်းသောသူ မဟုတ်စေကာမူ မြို့ပြနေစုံတွဲများကို နောက်ထပ် ကလေးတစ်ဦး ရယူခွင့်ပြုဖို့ ခွင့်ပြုထားကြောင်း ချိုင်းနား ဒေလီး သတင်းမှာ ဖေါ်ပြထားပါတယ်။ လက်ရှိ ကျင့်သုံးနေတဲ့ မူအရ မြို့ပြနေ စုံတွဲတွေအနေနဲ့ သူတို့မှာ ညီအစ် ကိုမောင်နှမတွေ မရှိကြမှသာ ဒုတိယကလေး ရယူဖို့ကို ခွင့်ပြုပေးထားတယ်လို့ ဖေါ်ပြထားပါတယ်။

ရတနာပုံ

ဂျေဆင်မရက်ဇ်ပွဲ အခမဲ့လက်မှတ်များ ဒီဇင်ဘာ ၆ ရက်တွင် စတင်ထုတ်ယူနိုင်

Posted by Unknown 0 comments
Photo

လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့အစည်း MTV EXIT ၏ စီစဉ်မှုဖြင့် ဒီဇင်ဘာ ၁၆ ရက်တွင် ရန်ကုန် မြို့ ပြည်သူ့ဥယျာဉ်၌ ပြုလုပ်မည့် ကမ္ဘာကျော် အမေရိကန်ပေါ့ပ်အဆိုတော် ဂျေဆင်မရက်ဇ်၏ ဂီတဖျော်ဖြေ ပွဲ အခမဲ့ လက်မှတ်များကို ဒီဇင်ဘာ ပထမပတ် အတွင်း စတင် ထုတ်ယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲ အခမဲ့လက်မှတ်များကို ဒီဇင်ဘာ ၆ ရက်မှ ၉ ရက်အတွင်း နေ့လည် ၃ နာရီမှ ည ၈ နာရီအထိ Junction Square၊ မြေနီကုန်းနှင့် တရုတ်တန်းတို့တွင်ရှိသော CITY MART စတိုးဆိုင်များ၌ ထုတ်ယူနိုင်ကြောင်း MTV EXIT Live in Myanmar ၏ Facebook စာမျက်နှာတွင် ပြောကြားထားသည်။ ဂီတဖျော်ဖြေပွဲ အခမဲ့လက်မှတ်နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက My Asia Ticket၊ ဖုန်းနံပါတ် ၁၈၇၂ သို့ ဆက်သွယ် စုံစမ်းနိုင်မည် ဖြစ်သည်။ ဒီဇင်ဘာ ၁၆ ရက် ဖျော်ဖြေပွဲနေ့တွင် ဂျေဆင်မရက်(ဇ်) အပြင် MTV EXIT ၏ မြန်မာနိုင်ငံဆိုင်ရာ သံတမန်များဖြစ်သော R ဇာနည်၊ ဖြူဖြူကျော်သိန်း၊ ချမ်းချမ်း၊ ချစ်သုဝေ၊ လင်းလင်း၊ စိုင်းစိုင်းခမ်းလှိုင်၊ ဖြိုးကြီးတို့လည်း ပါဝင်မည်ဖြစ်သည်။ လူကုန်ကူးမှုများ အကြောင်းကို တေးရေးမြင့်မိုးအောင် ရေးစပ်ထားသော "ဘဝရဲ့ ထောင်ချောက်များ" သီချင်းကို R ဇာနည်က အဆိုပါ ပွဲနေ့တွင် သီဆိုမည်ဖြစ်သည်။ ဂျေဆင်မရက်(ဇ်) သည် ဂရမ်မီဆု နှစ်ဆုရရှိထားပြီး We Sing, We Dance, We Stealthings ၂၀၀၈ ခုနှစ်တွင် ထွက်ရှိခဲ့သော အယ်လ်ဘမ်ဖြင့် သူ၏ I'm Yours သီချင်းသည် ကမ္ဘာကျော် သီချင်းတစ်ပုဒ်ဖြစ်ပြီး Lucky, I Won't Give up သီချင်းများမှာလည်း လူကြိုက်များပြီး ကမ္ဘာအနှံ့ အသိ အမှတ်ပြုခံရသည့် အနုပညာရှင်ဖြစ်သည်။ ၎င်းသည် ကယ်လီဖိုးနီးယား တွင်နေထိုင်ကာ အဆိုတော်တစ်ဦး ဖြစ်သည့်အပြင် တေးရေး ဆရာတစ်ဦးလည်း ဖြစ်သည်။

တောင်ကိုရီးယား နိုင်ငံ၌ ၂ဝ၃၂ ခုနှစ် အတွင်း အလုပ်သမားဦးရေ တစ်သန်းခန့် လျော့ကျသွားဖွယ်ရှိ

Posted by Unknown 0 comments


တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့တွင် အသက်အရွယ် ကြီးရင့်သူ လူဦးရေများ ပြားလာမှုကြောင့် နောက် ထပ်နှစ်ပေါင်း ၂ဝ ကျော်အတွင်း အလုပ်လုပ်နိုင်သည့် လူဦးရေ တစ်သန်းခန့်လျော့ကျ သွားနိုင်ပါသည်။ ဆိုးလ်မြို့အုပ်ချုပ်ရေး မှူးရုံး၏ ထုတ်ပြန်သော စာရင်းများ အရအလုပ်လုပ် နိုင်သော လူဦးရေသည် လက်ရှိ အခြေအနေအရ ၇ ဒသမ ၄၆ သန်းရှိခဲ့ရာမှ ၂ဝ၃၂ ခုနှစ်အတွင်း ၆ ဒသမ ၅၆ သန်း အထိ လျော့ကျသွား မည်ဖြစ်ပြီး နိုင်ငံအတွင်းရှိ အသက် ၆၅ နှစ်ကျော် ပြည်သူများသည်လည်း ၁ ဒသမ ဝ၃ သန်းမှ ၂ ဒသမ ၆ သန်းအထိ နှစ်ဆကျော် တိုးမြှင့်သွားမည်ဖြစ် သည်။ တောင်ကိုရီးယားနိုင်ငံတွင် မိသားစုစီမံ ကိန်းများ ချမှတ်ဆောင်ရွက် ခဲ့သော်လည်း အသက်အရွယ်ကြီးသူများ တိုးပွားလျက်ရှိရာ ၎င်းတို့အား အငြိမ်း စားလစာပေးချေမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကို ထိန်းထားရန် အလုပ်သမား အရေအတွက် နည်းပါးမှု အခက်အခဲများက ခြိမ်းခြောက် လျက်ရှိကြောင်း သိရသည်။

မြ၀တီ

ဆန္ဒပြတာထက် ညှိနှိုင်းနည်းနဲ့ အဖြေရှာသင့်

Posted by Unknown 0 comments

လက်ရှိ ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး ဆန္ဒပြပြီးတော့ အဖြေရှာတာထက် ညှိနှိုင်းပြီးတော့ အဖြေရှာတာကသာ ပိုမိုကောင်းမွန်တဲ့ နည်းလမ်ဖြစ်တယ်လို့ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် က နေပြည်တော်မှာ ပြည်သူ့လွှတ်တော် အစည်းအဝေး အပိတ်နေ့ အစည်းအဝေး ခေတ္တနားချိန်မှာ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနဲ့ ဆက်စပ်ပြီး အခုလိုပြောတာပါ။ ‘အဲဒီလိုမျိုးဖြစ်ရင် ညှိနှိုင်းပြီးတော့ အဖြေရှာစေချင်တယ်၊ ဆန္ဒပြပြီးတော့ အဖြေရှာတယ်ဆိုတာထက် ညှိနှိုင်းပြီးတော့ အဖြေရှာတာက ပိုကောင်းတယ်၊ အဲဒီလို ဆန္ဒပြပြီးတော့ အဖြေထွက်မယ်ဆိုရင်လဲ အဓိပ္ပာယ်တစ်ခုက ဘာလဲဆိုတော့ ဖိအားပေးမှ ရတယ်ဆိုတဲ့သဘော ဖြစ်နေတာပေါ့၊ အဲဒီလိုမဖြစ်စေချင်ဘူး’ လက်ရှိအချိန်မှာ ဆို ပြည် တွင်းမှာ ဆန္ဒပြမှုတွေက ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေတာ တွေ့ရတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ‘အရေးကြီးတာကတော့ ဒီနေ့ တရားဥပဒေစိုးမိုးဖို့ လိုပါတယ်၊ တရားနည်းလမ်းမကျဘဲ ဆန္ဒပြမှုတွေက တရားဥပဒေစိုးမိုးမှုကို အနှောင့်အယှက်လဲ ဖြစ်နိုင်ပါတယ်’ လို့ နိုဝင်ဘာ ၂၃ ရက်နေ့က ကြေးနီစီမံကိန်းနဲ့ ပတ်သက်ပြီး တင်သွင်းတဲ့အဆိုကို ထောက်ပြရင်း ပြောတယ်။ ဆန္ဒပြမှု (demonstration) နဲ့ ညှိနှိုင်းမှု (negotiation) က မတူဘူးလို့ ဆိုတယ်။ မြန်မာနိုင်ငံမှာဆို တစ်ဖက်နဲ့ တစ်ဖက် ညှိနှိုင်းပြီး အဖြေရှာတဲ့ ယဉ်ကျေးမှုက အရမ်း အားနည်းနေသေး တယ်လို့ ဒေါ်အောင်ဆန်း စုကြည်က ဆိုတယ်။ ‘ကျွန်မကတော့ ဟိုဘက်ဒီဘက် မျှမျှတတ ကြည့်ချင်တယ်၊ ဘယ်လိုပဲဖြစ်ဖြစ် လူတိုင်း သူ့အမြင် ကိုယ့်အမြင် ရှိတာပဲ၊ ကျွန်မတို့နိုင်ငံဟာ တစ်ဖက်နဲ့တစ်ဖက် ညှိနှိုင်းပြီးတော့ အဖြေရှာတဲ့ ယဉ်ကျေးမှုက အရမ်းအားနည်းတာပဲ၊ အဲဒီယဉ်ကျေးမှုတော့ အားပေးရမယ်၊ ဟိုဘက်ဒီဘက် အမြင်ကိုထည့်ပြီး တွက်တာတော့ လုပ်ကိုလုပ်ရမယ်၊ ကျွန်မတို့ ယဉ်ကျေးမှုက သိပ်နည်းတာပဲ၊ တစ်ခါတလေ သုံးသပ်ရမှာက နိုင်တဲ့လူက အရှုံးလဲ ဖြစ်နိုင်တယ်၊ နိုင်ပုံနိုင်နည်းက မဟုတ်ရင် ဒါအရှုံးပဲ၊ အဲဒီတော့ ရှုံးပုံရှုံးနည်းက ဟုတ်နေရင် ဒါအနိုင်ပဲ၊ ဒါကြောင့် နိုင်တတ်ရမယ်၊ ရှုံးတတ်ရမယ်’ လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောတယ်။ လက်ရှိဖြစ်နေတဲ့ ကြေးနီစီမံကိန်း၊ မြစ်ဆုံစီမံကိန်းတွေနဲ့ ပတ်သက်လို့က အရင်ခေတ်တုန်းက ချုပ်ခဲ့တဲ့စာချုပ်တွေရဲ့ အကျိုးဆက်တွေကို ပြန်ပြီးတော့ ရှင်းရ တယ်ဆိုတော့ နည်းနည်းတော့ ရှုပ်ထွေးမှုတွေ ရှိတယ်လို့ ဆိုပါတယ်။ ရေတိုကိုပဲ ကြည့်လို့ မရဘဲ ရေရှည်ကို ကြည့်ရမယ်လို့ ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၃၀ ရက်နေ့ထုတ် မော်ဒန် ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

မြောက်ဦးမြို့အား ခရိုင်မြို့အဖြစ် သတ်မှတ်မည်

Posted by Unknown 0 comments



ရခိုင်ပြည်နယ် အတွင်းရှိ မြောက်ဦးမြို့ကို ခရိုင်မြို့ အဖြစ် သတ်မှတ်သွား မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး မှ သိရသည်။ စစ်တွေခရိုင် မြောက်ဦးမြို့အား ခရိုင်မြို့အဖြစ် သတ်မှတ်ရန် အတွက် ကျင်းပပြီး စီးခဲ့သည် ပထမအကြိမ် ရခိုင်ပြည်နယ် လွှတ်တော်၊ စတုတ္ထပုံမှန် အစည်းအဝေးတွင် ဆုံးဖြတ် အတည်ပြု ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ရခိုင်ပြည်နယ် အတွင်း မြို့နယ်ခွဲသုံးခု အပါအဝင် မြို့နယ်ပေါင်း ၂၁ ခုရှိပြီး ခရိုင်လေးခရိုင် ရှိကြောင်း၊ ယင်းတို့ အနက် မောင်တောခရိုင်တွင် မောင်တော၊ ဘူးသီးတောင် ၊ တောင်ကုတ်မြို့နယ်ခွဲ စုစုပေါင်း သုံးမြို့နယ်၊ စစ်တွေခရိုင် တွင် စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ စုစုပေါင်း ရှစ်မြို့နယ်၊ ကျောက်ဖြူခရိုင်တွင်  ကျောက်ဖြူ၊ ရမ်းဗြဲ၊ မာန်အောင်၊ အမ်း စုစုပေါင်းလေးမြို့နယ်၊ သံတွဲခရိုင်တွင် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ မအီမြို့နယ်ခွဲနှင့် ကျိန္တလီမြို့နယ်ခွဲ စုစုပေါင်း ငါးမြို့နယ်တို့ဖြင့် ပါဝင်ဖွဲ့စည်းထားပြီး ဖြစ်ကြောင်း သိရ သည်။ “ပြည်နယ်လွှတ်တော်က ဆုံးဖြတ် လိုက်ပြီဆိုပေမယ့် လုပ်ထုံး လုပ်နည်းတွေအရ အဆင့်ဆင့် ဆောင်ရွက်ရဦးမှာပါ။ ပြည်ထောင်စု အစိုးရ အဖွဲ့ထိ တင်ပြဆောင်ရွက် သွားရမှာမို့ မြောက်ဦးခရိုင်က ချက်ချင်း လက်ငင်းကြီးတော့ ဖြစ်လာဦးမှာ မဟုတ်သေးပါဘူး။ အနည်းဆုံး သုံး၊ လေးနှစ်လောက် ကြာဦးမှာ ဖြစ်ပါတယ်” ဟု ရခိုင်ပြည်နယ် အထွေထွေ အုပ်ချူပ်ရေး ဦးစီးဌာန အငြိမ်းစား အရာရှိ တစ်ဦးက ဆိုသည်။ ခရိုင်အဖြစ် တိုးမြှင့်မည့် မြောက်ဦးမြို့မှာ စစ်တွေ ခရိုင်တွင် ပါဝင်ပြီး (၁၉၇၄) ခုနှစ် မတိုင်မီ အုပ်ချူပ်ရေး စနစ်ဟောင်းက နယ်ပိုင်ဝန်ထောက် ရုံးစိုက်ရာ ခရိုင်ခွဲဖြစ်ခဲ့ကြောင်း၊ မြောက်ဦးခရိုင်ခွဲတွင် မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း မြို့နယ်များ ပါဝင်ခဲ့ကြောင်း သိရသည်။ “မြောက်ဦးကို ခရိုင်မြို့အဖြစ် သတ်မှတ်မယ်လို့တော့ ပြောသံကြားတယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာပါပဲ။ မြောက်ဦးမြို့ က ဒေသတွင်းမှာဆိုလဲ မင်းပြား၊ ကျောက်တော်နဲ့ ဆိုရင် ဒေသအနေ အထားအရ အချက်အချာ ကျပြီးတော့ ပထဝီ အနေအထား အရ မြို့သုံးမြို့ရဲ့ အလယ်မှာ ရှိနေပါတယ်။ နောက်ပြီး ယဉ်ကျေးမှု အမွေအနှစ်လက်ရာတွေ ထွန်းကားတဲ့ မြို့တော်တစ်ခု ဖြစ်တဲ့ အတွက် ကမ္ဘာလှည့်ခရီးသည်တွေ စိတ်ဝင်စားစွာ လာရောက်လည်ပတ်တဲ့ မြို့တမြို့ဖြစ်ပါတယ်။ ဒါကြောင့် မြောက် ဦးမြို့ ခရိုင်မြို့အဖြစ် သတ်မှတ်မယ် ဆိုရင် မြောက်ဦးမြို့ရဲ့ ဒေသခံ တစ်ယောက်အနေနဲ့ သိပ်ပြီး ဂုဏ်ယူပါတယ်။ ဝမ်းလဲသာပါတယ်။” ဟု မြောက်ဦးမြို့ နာရေးကူညီမှု အသင်း၏ တွဲဖက် အတွင်းရေးမှူး ဦးရွှေတင်က ပြောသည်။ “ခရိုင်မြို့အဖြစ် သတ်မှတ်လိုက် ရင်တော့ ခရိုင်မြို့နဲ့ ညီညွတ်တဲ့ မြို့အဖြစ် သက်ဆိုင်ရာကနေ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ခရိုင်မြို့ တစ်မြို့ရဲ့ စံချိန်စံညွှန်း၊ ဥပမာ ရုံးတွေ၊ လမ်းတွေ ဒီ့ထက်ပိုကောင်း မွန်အောင်တော့ အစစအရာရာ လုပ်ပေးရာမှာပေါ့။ နောက်ပြီး ရုံးတစ်ရုံးစီမှာ ခရိုင်ရုံးအဖြစ် ထပ်ဖွင့်တဲ့အခါ ဒီက ဒေသခံတွေကိုပဲ ဦးစားပေးဖို့ လိုပါတယ်” ဟု မြောက်ဦးမြို့ ရခိုင်လူငယ်များ ကွန်ရက်မှ အထွေထွေ အတွင်းရေးမှူး ကိုထွန်းထွန်းက ပြောသည်။ မြောက်ဦးမြို့သည် ကမ္ဘာလှည့် ခရီးသည်များ လာရောက်ရာ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကြီး တစ်ခု ဖြစ်သည့် အပြင် ရှေးဟောင်းအနု လက်ရာများ ပေါများကြွယ်ဝသည့် မြို့တစ်မြို့ဖြစ်သည်။

မြန်မာပိုင်း VOA ရုပ်သံ စကိုင်းနက်မှာ လွှင့်မည်

Posted by Unknown Friday, November 30, 2012 0 comments

အမေရိကန် အစိုးရ၏ အသံလွှင့်ဋ္ဌာနဖြစ်သည့် ဗီအိုအေ မြန်မာပိုင်းရုပ်သံ အစီအစဉ်ကို ပုဂ္ဂလိကပိုင် စကိုင်းနက် ရုပ်သံလိုင်းမှ လွှင့်တင်ရန် စီစဉ်နေသည်ဟု သတင်းရရှိသည်။ စကိုင်းနက်ပေါ်မှ ဗွီအိုအေ ဆိုသည့် အခမ်းအနားကို လာမည့် ဒီဇင်ဘာ ၆ရက်နေ့တွင် ပြုလုပ်မည့် ဖိတ်ကြားစာများကို သတင်းမီဒီယာ များသို့ ဝေငှထားကြောင်း လက်ခံရရှိသူ သတင်းအယ်ဒီတာ တစ်ဦးကပြောသည်။ အခပေး ကြည့်ရှုသူပေါင်း တသိန်းကျော်ရှိသည့် ရွှေသံလွင် ဦးကျော်ဝင်း ပိုင်ဆိုင်သော စကိုင်းနက် ရုပ်သံဋ္ဌာနသည် အခပေး ရုပ်သံဈေးကွက်တွင် နေရာရထားသည့် ရုပ်သံလွှင့် ဋ္ဌာနလည်းဖြစ်သည်။ ယခင်က မိုးလုံးပြည့် မုသာဝါဒ များ၊ လေလှိုင်းပေါ်မှ လူသတ်သမားများဟု နအဖ အစိုးရက တလျှောက်လုံး ခေါ်ဆိုလာခဲ့သော်လည်း ယမန်နှစ် သြဂုတ်လတွင် ယင်းသို့ခေါ်ဆိုခြင်းကို ရပ်ဆိုင်းလိုက်ပြီးနောက် လအနည်းငယ် အကြာ တွင် ပြည်ပအခြေစိုက် မြန်မာသတင်းဋ္ဌာန အချို့ မြန်မာနိုင်ငံတွင်း ၀င်ရောက်သတင်းယူခွင့် ရရှိလာခဲ့သည်။ ယင်းနောက်ပိုင်း တဖြည်းဖြည်းနှင့် ပြည်ပအခြေစိုက် သတင်းဋ္ဌာနများ၏ ရုံးခန်းများ ပြည်တွင်းတွင် ဖွင့်လှစ်လာနိုင်ကြသည်။ ပြည်ပအခြေစိုက် မြန်မာ ရုပ်သံအစီအစဉ်တစ်ခု အနေဖြင့် ပြည်တွင်းမှ ထပ်ဆင့် ထုတ်လွှင့်ခြင်းမှာမူ ယခု ဗွီအိုအေရုပ်သံအစီအစဉ် သည် ပထမဆုံး ဖြစ်လာမည်ဖြစ်သည်။ ။

 
Myanmar Express

ဒေါ်လာ ၁၅ ကျပ်တန် Simcard များ Sea Game မှာရောင်းချပေးမည်

Posted by Unknown 1 comments
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjfTgpdzAL5baKjLtJNIc59unINPS8Az_XUQf12MewzLqOc9WOC8A-9BQiypbWPdyE2wE8kNIzqvA2Uos98Taf83wlPxcDet5NFwxmyY87FIQSvtOpxwxT7cWlKJYoco188kYUqyZVM-E/s1600/mobile_29_2.jpg
 
လာမည့်နှစ် တွင် မြန်မာနိုင်ငံ က အိမ်ရှင်နိုင်ငံ အဖြစ် လက်ခံ ကျင်းပမည့် အရှေ့တောင် အာရှအား ကစား ပြိုင်ပွဲတွင် ပြည်ပနိုင်ငံ များမှ လာရောက်သူ များကို အမေ ရိကန်ဒေါ်လာ ၁၅ ဒေါ်လာတန် SimCard များ ကို  ရောင်းချပေး သွားမည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။အဆိုပါ SimCard များ ကို ရောင်းချရာတွင် SimCard တန် ဖိုးမှာ ၅ ဒေါ်လာသာဖြစ်ပြီး ကျန် ၁၀ ဒေါ်လာသည် ဖုန်းပြောနိုင် ရန် ကြို တင်ပေးသွင်း ထားရသည့် ငွေကြေးဖြစ်ကြောင်း သိရသည်။ ယင်း SimCard များအတွက် ပြော ဆိုခကို လည်း ထပ်မံဖြည့်သွင်းနိုင် ပြီး အားကစားပွဲသို့ လာရောက်သူ များမှဝယ်ယူရန်ဆန္ဒရှိပါကရောင်း ချပေး မည်ဖြစ်ကြောင်း သိရသည်။ထို့အပြင် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် လာမည့် SEA Game တွင် ကမ္ဘာ့အဆင့်မှီ ဆက် သွယ်ရေး ရရှိရန် အတွက် ဆောင် ရွက် သွား မည်ဖြစ်ပြီး ပြိုင်ပွဲကျင်းပ မည့် နေပြည်တော်ရှိ အားကစား ကွင်းများတွင် သီးသန့် Fiber cable ကွန် ရက် များတပ်ဆင်သွား မည်ဖြစ်ကြောင်း သိရပါသည်။ အဆိုပါ အားကစားပွဲတော် ကျင်းပမည့်နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များတွင် ရုပ် သံ များ ဆောင် ရွက်နိုင် ရန် Fiber Cable နှင့် Satellite များတပ်ဆင်သုံးစွဲ သွားမည်ဖြစ်ကြောင်း သိရပါသည်။ ထို့အပြင် အားကစားကွင်း များတွင်WiFi နှင့်Wi max အင်တာ နက်ဆက်သွယ်ရေးစနစ်များကို တိုးချဲ့ ချထားပေးနိုင်ရန် ဝန်ဆောင်မှုပေး မည့် ကုမ္ပဏီများ ကိုရွေး ချယ် ဆောင် ရွက်လျက်ရှိကြောင်းလည်း သိရပါသည်။ “လာ မယ့် SEA Game မှာ အင်တာနက် အမြန်နှုန်းကောင်းဖို့ က တော်တော် အရေးပါပါတယ်။ ဘာလို့ လည်း ဆိုတော့ ဒီကိုလာပြီး သတင်းယူ ကြမယ့် လူတွေနဲ့ လာပြီး ကြည့်မယ့်သူတွေအတွက် အင်တာ နက် သုံး တဲ့နေ ရာမှာ အမြန်နှုန်း ကောင်းဖို့ လိုပါတယ်။ ဒါမှသူတို့ သတင်း အချက်အလက်တွေ ကို ပေးပို့တာတို့ ရယူ တာ တို့က အဆင် ပြေမှာပေါ့။ တစ်ခုရှိတာက အဲဒီ ကစားပွဲပြီးသွားရင်လည်း အင်တာ နက်မြန်နှုန်းကို ဒီထက် ပိုကောင်း အောင် တော့ ဆောင်ရွက်ပေးထား ရင်သုံးရတဲ့သူတွေ အဆင်ပြေမှာ ပေါ့”ဟု အိုင် တီ လုပ် ငန်းဆောင် ရွက်နေသူတစ်ဦးက ဆိုပါသည်။ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း မှ တရားဝင် ထုတ်ပြန်ချက် များအရ UMTS (3G) စခန်းပေါင်း ၂၄ ခုနှင့် GSM (2.75) တယ်လီဖုန်း ဆက် သွယ် ရေး စခန်းပေါင်း ၅၁ ခု စုစုပေါင်း ၇၅ ခု ၂၀၁၂-၂၀၁၃ ခုနှစ်တွင် UMTS (3G) စခန်းပေါင်း ၄၀ ခုနှင့် GSM (2.75)တယ်လီ ဖုန်း ဆက် သွယ်ရေး စခန်းပေါင်း ၁၂၀ ခု အထိ တိုးချဲ့ဆောင်ရွက် သွားမည် ဖြစ်ကြောင်းသိရပါ သည်။
 
 Mobile Guide

မီးခိုးဗုံးအကြောင်းသိစေချင်ပါတယ်

Posted by Unknown 0 comments
 
Smoke bomb တစ်လုံး ကို ပေါက်ကွဲအောင် ယမ်းကနေ အစပျိုးရတာပါ။ အဓိကရုဏ်း နှိမ်နင်းသူများက မီး ခိုးဗုံးတွေကို သပိတ်စခန်းတွေထဲကို ပစ်ထည့်ပြီး လူစုခွဲတဲ့အခါမှာ အစပျိုးယမ်းမီးကြောင့် သပိတ် စခန်း ထဲက အ၀တ်အစားတွေ ၊ ရွက်ဖျင်တဲအမိုးတွေ ၊ လှန်းထားတဲ့ အ၀တ်တွေ လောင်တာဖြစ်ပါတယ် ( မယုံ ရင် မိမိ အ၀တ်အစားတွေပုံထားတဲ့အထဲ မီးခိုးဗုံးတစ်လုံးပစ်သွင်းပြီး စောင့်ကြည့်ကြည့်ပါ )။ ခု ကိစ္စမှာ မီးလောင်ဗုံး သုံးတယ်ဆိုရင်တော့ အစအနတောင် ကျန်မှာမဟုတ်ပါဘူး။ မီးလောင်ဗုံးကို အင်္ဂ လိပ် လို Napalm Grenade / Bomb လို့ခေါ်ပါတယ်။ မီးလောင်ဗုံးတစ်လုံး ပေါက်ကွဲတဲ့ အခါ တွက်ရှိလာတဲ့ အပူ ချိန် ဟာ 800 degrees Celsius (1,500°F) to 1,200 degrees Celsius (2,200°F) ထိ ရှိ ပါ တယ်။ ရေတောင် ၁၀၀ ဒီဂရီ မှာဆူတာ ၈၀၀ ဒီဂရီဆိုရင် ပြာတောင် ကျန် မှာ မဟုတ် ဘူး။ နောက် တစ်ခု က ခုပြောနေတဲ့ Napalm မီးလောင်ဗုံးတွေကို မြန်မာနိုင်ငံအနေနဲ့ မ၀ယ်နိုင်သေးသလို ထုတ်လည်း မ ထုတ်နိုင်သေးပါဘူး။

ရုရှားအမျိုးသမီးကြီးတစ်ဦး ဂြိုဟ်သားဟု ယူဆရသော အလောင်းတစ်ခု ရေခဲသေတ္တာထဲ နှစ်နှစ်ကြာသိမ်းထားခဲ့

Posted by Unknown Sunday, November 25, 2012 0 comments

 
ဂြိုဟ်သား အလောင်းအစစ်ကို ရှာဖွေတွေ့ရှိ ထားကြပြီးလား ဟူသော မေးခွန်းတစ်ခု ပေါ်ပေါက်နေကြောင်း သိရသည်။   ရုရှား အမျိုးသမီးကြီးတစ်ဦးက အမှန်ပင် သူမ   တွေ့ရှိထားခဲ့ပြီဟု ဆိုသည်။  ရုရှား အမျိုးသမီး တစ်ဦး ဖြစ်သူ မာတာ (Marta Yegorovnam)  က ၂ဝဝ၉ ခုနှစ်တွင် အမည်မသိ ယာဉ် ပျံတစ်စင်းပျက်ကျ ခဲ့သော   နေရာမှ ဂြိုဟ်သားအလောင်းတစ်ခု ကယ် တင်ရရှိလာခဲ့ပြီး ရေခဲသေတ္တာ အထဲတွင် ၂ နှစ်ကြာသိမ်းဆည်း ထားခဲ့သည် ဟု ပြောကြားခဲ့သည်။  အလောင်း အရွယ်မှာ ၂ ပေခန့် သာရှည်ပြီး ကြီးမားသော ဦးခေါင်း ရှိကာ ပိန်သွယ်နေပြီး မျက်လုံးများမှာ ဖောင်း၍စူထွက်နေသည်။ ထို့အပြင် လက်မောင်းများမှာသစ်ပင်အကိုင်းကဲ့ သို့ သေး သွယ်နေကြောင်း ၄င်းက ပြောသည်။ မိမိထံသို့ လူနှစ်ဦး ရောက်ရှိလာပြီး ၄င်းတို့သည် ကရင်မလင်သုတေသနဌာနမှ ဖြစ် ကြောင်းပြောပြပြီး အလောင်းကို စစ်ဆေးရန် ယူသွားကြသည်ဟု ဆိုသည်။  ၂ဝ၁၁ ခုနှစ်ဧပြီလကလည်း ဆိုက်ဘေးရီယားရှိ နှင်းထုပြင်ထဲ တွင်ဂြိုဟ်သားအလောင်းတွေ့ရှိသည် ဟု အသက် ၁၈ နှစ်နှင့် ၁၉ နှစ် ခန့်ရှိသော လူငယ်နှစ်ဦးကအင်တာ နက်ပေါ်တင်၍ ပြသခဲ့သည်။ ရဲအဖွဲ့ မှ စုံစမ်းခဲ့ရာ ပေါင်မုန့်နှင့်ကြက်အတု ပြားတို့ဖြင့် ပြုလုပ်ထားသော အရုပ် တစ်ခုဖြစ် ကြောင်း ဝန်ခံခဲ့ကြသည့် ဖြစ်ရပ် တစ်ခုကြုံခဲ့ ကြရသည်။ UFO ကျွမ်းကျင်သူ Alex Komanov က ၃ နှစ်အတွင်း  UFO မြင်ကွင်းများသည် ၆၇ ရာခိုင်နှုန်း တိုးလာနေပြီး Mutual UFO Network ၏ ပြောပြချက်အရ ၂ဝ၁၁ ခုနှစ်တွင်လစဉ် UFO အမည်မသိ ယာဉ် ပျံတွေ့ရှိခဲ့မှု ၅ဝဝ ခန့်ကို လက်ခံရခဲ့သည်ဟု ဖော်ပြထား သည်။ ၂ဝဝ၈ တွင် ၃ဝဝ ခန့်သာ ရရှိခဲ့ကြောင်း သိရသည်။
 
 Myanmar Express

မြန်မာနိုင်ငံတွင် စစ်မှု မထမ်းမနေရ စနစ် အသက်ဝင်တော့မည်

Posted by Unknown 0 comments

ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် နိုင်ငံတော် စစ်မှုထမ်းဥပဒေများအရ အမျိုးသမီး စစ်မှုထမ်းများအား လိုအပ် သည့်အချိန်တွင် လိုအပ်သလို ခန့်ထားနိုင်ရန် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန မှ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။ အမျိုးသား လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ယနေ့ ပြုလုပ်သော ပထမ အကြိမ် ပြည်ထောင်စု အဆင့်ဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယစစ်ရေးချုပ်က အထက်ပါအတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး စစ်မှုထမ်းများ ခန့်ထားရေး တိုက်တွန်းကြောင်း အဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (မကွေး-၁၂)က ဒုတိယအကြိမ် ပုံမှန်အစည်း အဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များအတွက် အမျိုးသမီးဆရာဝန် ၂၀ ဦး ခန့်နှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီး ခုနစ်ဦး ခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီး တပ်ကြပ်ကြီးသားဖွား (စစ်သည်အစားခန့်) ၁၁၇ ဦးလည်း သင်တန်း တက်ရောက်လျက်ရှိပြီး လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် သင်တန်း ဆင်းမည်ဖြစ်ကြောင်း၊ အမျိုးသမီး သူနာပြု အကူ ၁၁၃ ဦးအား ခန့်ထားရန်အတွက် သင်တန်းတက်ရောက် လျက်ရှိကြောင်းလည်း ၎င်း၏ ဖြေကြားချက်အရ သိရသည်။ ကာကွယ်ရေးဝန်ကြီး ဌာနအနေဖြင့် အရပ်ဘက်မှ သွားဆေးကု ဆရာဝန် အမျိုးသမီး ၁၀ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီးများကို ထပ်မံခေါ်ယူ ခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တပ်မတော်အတွင်း ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကွပ်ကဲမှုအောက်တပ်များတွင် ၁၂၀၀၀ ခန့်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ကွပ်ကဲမှုအောက်တပ်များ တွင် ၇၃၀၀ ခန့်နှင့် ဆေးဝန် ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်များတွင် ၅၀၀ ခန့်၊ စုစုပေါင်း ၂၀၃၀၀ ခန့် အမျိုးသမီး စစ်မှုထမ်း (စစ်သည်အစမ်းခန့် အပါအ၀င်) ခန့်အပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက (ဒုတိယပုံမှန်အစည်းအဝေးတွင် ဖြေကြားစဉ်က) ရှင်းလင်းဖြေကြားခဲ့သည်။ အမျိုးသမီးစစ်မှုထမ်းများ လိုအပ်သည့်အချိန်တွင် ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဟုဆို နေပြည်တော်၊ နိုဝင်ဘာ - ၁၅ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံတော်စစ်မှုထမ်းဥပဒေများအရ အမျိုးသမီးစစ်မှုထမ်းများအား လိုအပ် သည့်အချိန်တွင် လိုအပ်သလို ခန့်ထားနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယစစ်ရေးချုပ် ဗိုလ်မှူးကြီးသန်းဦးက ပြောကြားသည်။ အမျိုးသားလွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက ယနေ့ ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စု အဆင့်ဌာနများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးတွင် ဒုတိယစစ်ရေးချုပ်က အထက်ပါ အတိုင်း ဖြေကြားခဲ့ခြင်းဖြစ်သည်။ အမျိုးသမီး စစ်မှုထမ်းများခန့်ထားရေး တိုက်တွန်းကြောင်းအဆိုကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ (မကွေး-၁၂)က ဒုတိယအကြိမ် ပုံမှန်အစည်းအဝေးတွင် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက်ရှိ တပ်များအတွက် အမျိုးသမီးဆရာဝန် ၂၀ ဦး ခန့်နှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီး ခုနစ်ဦးခန့်အပ်ခဲ့ပြီးဖြစ်ကြောင်း၊ အမျိုးသမီးတပ်ကြပ်ကြီးသားဖွား (စစ်သည်အစားခန့်) ၁၁၇ ဦးလည်း သင်တန်းတက်ရောက်လျက်ရှိပြီး လာမည့်ဒီဇင်ဘာ ၁၄ ရက်တွင် သင်တန်းဆင်းမည်ဖြစ်ကြောင်း၊ အမျိုးသမီးသူနာပြု အကူ ၁၁၃ ဦးအား ခန့်ထားရန်အတွက် သင်တန်းတက်ရောက် လျက်ရှိကြောင်းလည်း ၎င်း၏ ဖြေကြားချက်အရ သိရသည်။ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်မှ သွားဆေးကုဆရာဝန် အမျိုးသမီး ၁၀ ဦးနှင့် သူနာပြုသိပ္ပံဘွဲ့ရ အမျိုးသမီးများကို ထပ်မံခေါ်ယူခန့်အပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ တပ်မတော်အတွင်း ၁၉၄၈ ခုနှစ်မှ ယနေ့အထိ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေး အရာရှိချုပ်ရုံး ကွပ်ကဲမှုအောက်တပ်များတွင် ၁၂၀၀၀ ခန့်၊ ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ် စစ်ဆင်ရေး ညွှန်ကြားရေး မှူး ကွပ်ကဲမှုအောက်တပ်များ တွင် ၇၃၀၀ ခန့်နှင့် ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး ကွပ်ကဲမှုအောက် တပ်များတွင် ၅၀၀ ခန့်၊ စုစုပေါင်း ၂၀၃၀၀ ခန့် အမျိုးသမီး စစ်မှုထမ်း (စစ်သည်အစမ်းခန့် အပါအ၀င်) ခန့်အပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက (ဒုတိယပုံ မှန်အစည်းအဝေးတွင် ဖြေကြား စဉ်က) ရှင်းလင်းဖြေကြားခဲ့သည်။

GSM ဖုန်းဈေး ကျပ်တစ်သိန်း ငါးသောင်းအောက် လျှော့ချမည်

Posted by Unknown 0 comments

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်နှစ်သိန်းဖြင့် ရောင်းချလျက်ရှိသည့် GSM ဖုန်းများကို ကျပ်တစ် သိန်း ငါးသောင်းအောက် ဈေးနှုန်းဖြင့် လာမည့် ငါးလအတွင်း ဈေးလျှော့ ရောင်းချပေးသွား မည် ဖြစ်ကြောင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း မိုဘိုင်းလ်အင်ဂျင်နီယာချုပ် ဦးဌေးဝင်းက ပြောကြား သည်။ “တစ်သိန်းလည်း ဖြစ်နိုင်တယ်။ ငါးသောင်းလည်း ဖြစ်နိုင်တယ်။ သေချာမပြောနိုင်သေးပါဘူး။ တစ်သိန်းခွဲအောက် ရောက်နိုင်မယ် ဆိုတာပဲ ပြောနိုင်ပါတယ်” ဟု ဈေးနှုန်းလျှော့ချမည့် အစီအစဉ်နှင့် ပတ်သက်၍ ၎င်းက ပြောကြားသည်။ မြန်မာ့ ဆက်သွယ်ရေး အနေနှင့် ဇန်နဝါရီလအတွင်း ဖုန်းဈေးနှုန်း လျှော့ချပေးနိုင်ရန် ဆောင်ရွက် လျက်ရှိပြီး နောက်အကျဆုံး ဧပြီလတွင် ကျိန်းသေ လျှော့ချ သွားမည်ဖြစ်ကြောင်း ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။ ယင်းသို့ လျှော့ ချပေးနိုင်ရန် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းက လက်ရှိ မိုဘိုင်းလ်ကွန်ရက်ကို တိုးချဲ့ရန်အတွက် နိုဝင်ဘာ ၁၇ ရက်နေ့တွင် ZTE, Huawei, ASB(Alcatel Shanghai Bell) ကုမ္ပဏီသုံးခုနှင့် စာချုပ်ချုပ်ဆိုခဲ့ပြီး 3G ဖုန်းလိုင်းတစ်သန်းကို နှစ်လအတွင်း အပြီးတပ်ဆင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြော ကြားခဲ့သည်။ “ဈေးတွေကတော့ အမျိုးမျိုး ပြောနေကြတာပဲ။ ရှစ်သောင်း ပြောလိုက်၊ တစ်သိန်းပြော လိုက်နဲ့။ ကျွန်တော့်အနေနဲ့တော့ ငါးသောင်းလောက်ဆို ဝယ်နိုင်မယ် ထင်ပါတယ်” ဟု ဈေးနှုန်းအသစ်နှင့် ပတ်သက်၍ သန်လျင်မြို့ရှိ အင်တာနက်ဆိုင်တစ်ဆိုင်မှ ဝန်ထမ်းဖြစ်သူ ဦးမောင်မောင်သန်း က ပြန်လည်ဖြေကြားသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက မိုဘိုင်းလ်ဖုန်း ဈေးနှုန်းများကို ကျပ်ဆယ့်ငါးသိန်းမှ ပြီးခဲ့သည့် ၂ နှစ်အတွင်း ကျပ်ငါးသိန်း၊ ယင်းမှ ကျပ်နှစ်သိန်းနှင့် ကျပ်နှစ်သိန်း ငါးသောင်းသို့ အသီးသီးလျှော့ချ သတ်မှတ်ခဲ့ကြောင်း ၂၀၁၂ ခုနှစ်နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။ 

ဓါတ်ပုံဘေးမှာ သရဲမပုံ ပေါ်နေတယ်

Posted by Unknown Tuesday, November 20, 2012 2 comments

မကြာသေးမီ က မင်္ဂလာဒုံ ဆေးရုံ မှာ ကလေးလေး တစ်ယောက် ခွဲခန်းဝင်တာ ပုံမှန်အတိုင်း OT record အနေနဲ့ သူနာပြုတွေက ဓါတ်ပုံ ရိုက်ထားတယ်။ ခွဲစိတ်တာလည်း ပြီးတော့ ဓါတ်ပုံတွေကို ပြန်ကြည့်တဲ့ အခါမှာ နောက်ဆုံး operation ပြီးတော့  ကလေးကို ရိုက်ထားတဲ့ ဓါတ်ပုံမှာ ထူးဆန်းစွာနဲ့ ကလေးရဲ့ဘေးမှာ သရဲမ တစ်ယောက်ရဲ့ ပုံကို တွေ့လိုက် ရတာပဲ။ သရဲမက အင်္ကျီအဖြူရောင်နဲ့ ဆံပင်ကို ဖားလျားချထားတယ် နဖူးမှာလည်း ဒဏ်ရာနဲ့။ သေသေချာချာ ကြည့်ရ င်တွေ့ရလိမ့်မယ်။ အခုတော့ အဲသည် OT မှာပုရိတ် ရွတ်ဖို့ လုပ်နေတယ်။ ပရလောက၏ ထူးဆန်းမှုများ နိုင်ငံအနှံအပြားတွင် တွေ့ရှိလျှက် ရှိကြောင်း ကြားသိရသည်။

မြန်မာအမျိုးသမီးများ နိုင်ငံခြားသားနှင့် တရားဝင်လက်ထပ်ခွင့်ပြု

Posted by Unknown Monday, November 19, 2012 0 comments
 

မြန်မာနိုင်ငံ တွင်းနှင့် အခြားသောနိုင်ငံများ တွင် နေထိုင်လျှက် ရှိကြသော မြန်မာ အမျိုးသမီးများ အနေဖြင့် မိမိ သဘောဆန္ဒ အလျှောက် နိုင်ငံခြားသား များနှင့် တရားဝင် လက်ထက်ခွင့် ရှိကြောင်း သိရသည်။ ထိုသတင်း ကို ကျွန်တော် ဖတ်လိုက်ရတော့ မည်သို့မှန်း မသိသော အတွေးစ တချို့ နှင့် စိတ်မကောင်းခြင်း တချို့  ခေါင်းထဲ စီရီစွာ ရောက်ရှိ လာခဲ့ပါတယ်။ ကိုယ့်နိုင်ငံ မြေမှာမွေးပြီး မြန်မာ့မြေပေါ်မှာ ကြီးပြင်းခဲ့ကြ တဲ့ မြန်မာ အမျိုးသမီး များအား တိုင်းတပါး သားနှင့် ပေါင်းသင်း အတူနေ ထိုင်မည်တဲ့။ အော် ဒါလဲ ဒီမို ကရေစီ ပါပဲလေ။ မိမိ စိတ်တိုင်းကျ စိတ်သဘောကျ နှစ်သက်သူကို ပေါင်းသင်းတာပဲ အပြစ် မဟုတ်ပေမယ့် ရင်ထဲမကောင်း မိတာတော့ အမှန်ပါ။ လူ့ သဘော သဘာဝ အရ မြန်မာ ပုရိသယောင်္ကျားသားများ အနေဖြင့် တိုင်းတပါးက မိန်းကလေးကို သဘောကျတာ အပြစ်လို့ မမြင်ပေမယ့် ကိုယ့်နှမသားချင်း မိန်း ကလေး များကိုတော့ နှုတ်မှ မည်သို့မျှ မပြောပေမယ့် ရင်တွင်းမှာ ပြောချင်တဲ့ စကားပေါင်း များစွာ ရှိနေ မည် ဆိုတာ သေချာပါ တယ်။ ကောင်းသော တွေးတောခြင်းဖြင့် သာတွေး ရင်း မြန်မာပြည်သူ၊ ပြည် သားအားလုံး ချစ်တဲ့သူ နဲ့ ပေါင်း သင်းနိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းလိုက် ပါတယ်။

စင်ကာပူမှ မြန်မာသို့ ငွေလွှဲနိုင်ပြီ

Posted by Unknown 0 comments
 
စင်ကာပူနိုင်ငံမှ (Sing-Post) မှ တဆင့် မြန်မာနိုင်ငံသို့ နိုဝင်ဘာ(၂၀) ရက်နေ့မှ စတင်ကာ ငွေ လွှဲနိုင်ပြီဖြစ်သည်။ စင်ကာပူနိုင်ငံ (Sing-Post) မှ တဆင့် မြန်မာနိုင်ငံရှိ (CB Bank) ဘဏ်ခွဲရှိရာ မြို့ များသို့ ငွေလွှဲပို့နိုင်ခြင်းဖြစ်သည်။ ငွေလွှဲပို့လို သူများအနေဖြင့် တစ်နေ့လျှင် စင်ကာပူဒေါ်လာ (၃၅၀၀) ထက်မပိုသည့် ငွေကြေးအား Sing-Post ၏ ရုံးခွဲများမှတဆင့် မြန်မာနိုင်ငံရှိCB ဘဏ်ခွဲရှိရာမြို့များသို့ လွဲပို့နိုင်ခြင်း ဖြစ်ကြောင်း ဘဏ်မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။ “ဟုတ်ပါတယ်၊နိုဝင်ဘာ(၂၀) ရက်နေ့ မနက်(၉)နာရီက စပြီး ဒီမှာရှိတဲ့ ဘဏ်တွေမှာ ထုတ်ယူ လွှဲပြောင်းလို့ရပါပြီ”ဟု CB Bank မဂံလာဈေး ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ငွေလွှဲခအနေဖြင့် ပုံသေ SGD 95 ဒေါ်လာကျသင့် မည်ဖြစ်ကြောင်း ကိုလည်း သိရသည်။ မြန်မာနိုင်ငံတွင် CB Bankဘဏ်ခွဲ (၂၉)ဘဏ်နှင့် ၄င်းတို့နှင့် ချိတ်ဆက် ထားသည့် မိတ်ဘက် ဘဏ်ခွဲပေါင်း(၂၂၃)ဘဏ်တို့မှ လွှဲပို့လာသည့် ငွေများအား ထုတ်ယူနိုင်ခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။ “ အခုလို စင်ကာပူနဲ့ ဘဏ်ကတ ဆင် ငွေလွဲလို့ ရပြီဆိုတော့ အရင်လို ငွေလိမ်လည်မှုတွေအတွက် မပူရတော့ဘူးပေါ့၊ ” ဟု တောင်ဥက္ကလာပ မြို့နယ်မှ သစ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ ယခင်က ပုဂ္ဂလိက ငွေလွှဲဝန်ဆောင်မှုများမှတဆင့် လွှဲငွေ များအား လိမ်လည်မှုများ ရှိခဲ့ကြောင်းကိုလည်း သိရသည်။ “ နိုင်ငံခြားငွေလွှဲအတွက် မလေးရှားနိုင်ငံအပြင် ထိုင်းနိုင်ငံနှင့်လည်း ချိတ်ဆက်စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံတွင်းမှာ လူတော်တော် များများက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေ ကြပါတယ်။ ရွာတစ်ရွာမှာ ဆို ထက်ဝက်ခန့် ထိုင်းမှာအလုပ် လုပ်တာ တွေ့နေရလိုပါ။” ဟု မလေပြေဦးက CB ဘဏ်အား အကြံပြု ပြောကြားခဲ့သည်။ လက်ရှိတွင် စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ထိုင်းနိုင်ငံနှင့်အခြားအာဆီယံ ဒေသတွင်း အင်အား ကြီးနိုင်ငံများနှင့် မြန် မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်များဖြစ် သည့် ကမ္ဘောဇဘဏ်၊ AGD ဘဏ်နှင့် CB Bankမှ နိုင်ငံတကာ ဘဏ်များ နှင့် ချိတ်ဆက်ကာ ငွေလွဲလုပ်ငန်း များဆောင်ရွက် နေကြောင်းကို လည်း သိရသည်။ 

 Myanmar Express

လူသတ်မုဒိန်းကျင့်တဲ့ ၁၀ နှစ်သားအရွယ် အာဖရိက လူငယ် ၆ ယောက်အား ဖမ်းဆီး

Posted by Unknown 0 comments
 
အသက် ၁၀ နှစ်အရွယ် လူငယ်တစ်ယောက်အပါအ၀င် အာဖရိက ကျေးရွာတစ်ခုမှ လူငယ် ၆ ဦးဟာ အခြား ကလေး ၃ ယောက်ကို လူသတ်မှု၊ မုဒိန်းမှုများကျူးလွန်ခဲ့သည့် အတွက် သောကြာနေ့တွင် ဖမ်းဆီး စစ်ဆေးခဲ့ပါတယ်။ အဆိုပါ ၆ ယောက်အုပ်စုအား အာဖရိကနိုင်ငံ Limpopo မြောက်ပိုင်းဒေသ မှ အသက် ၉ နှစ်ကနေ ၁၂  အ ရွယ် ယောက်ျားလေး ၂ ယောက်၊ မိန်းကလေးတစ်ယောက် ပါဝင်သော မောင်နှမ တစ်စုအား သြဂုတ်လ အတွင်း က သတ်ခဲ့သည့်အတွက် ကြာသပတေးနေ့တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါ တယ်။ သေဆုံးသူ များအား ဖိနပ်ကြိုးများကနေ ဆက်စပ်ပြီး တွေ့ခဲ့ ရခြင်းဖြစ်ပြီး မိန်းကလေး ကတော့ မုဒိန်း ကျင့်ခံ ထားကြောင်း၊ အဆိုပါ လူငယ်များကို လူသတ်မှု မုဒိန်းမှုများနဲ့ တရားစွဲမှာ ဖြစ်ပြီး အမှုကို တနင်္လာေ န့ထိ ရွေ့ဆိုင်းထားကြောင်း ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ Hangwani Mulaudzi  က ဆိုပါတယ်။ ဒီအမှုကတော့ သူ့တစ်သက်မှာ မြင်ဖူးသမျှ ကလေးငယ်တွေ ပါဝင်တဲ့အမှုတွေထဲမှာ အဆိုးဝါး အရက်စက် ဆုံး အမှုပါပဲလို့ ၄င်းက AFP သတင်းမှ မေးမြန်းချက်အပေါ် ဖြေကြားခဲ့ပါ တယ်။ တောင်အာဖရိက နိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုအများဆုံး ဖြစ်ပွားသည့် နိုင်ငံဖြစ်ပြီး တရားဝင် စစ်တမ်း များ အရ တစ်နေ့ကို လူ ၄၂ ယောက် အသတ် ခံနေရပါတယ်။
straitstimes

ပညာတတ် အမျိုးသမီးများက အရက်၊ ဘီယာပိုမို သောက်သုံး

Posted by Unknown 0 comments

တက္ကသိုလ်တက်ပြီး ပညာတတ်မြောက်တဲ့ အမျိုးသမီးများဟာ ဘွဲ့မရတဲ့ အမျိုးသများထက် ၂ ဆ လောက် အရက်၊ ဘီယာ ပိုသောက်နိုင်ကြ ပါတယ်။ ထိုနည်း တူစွာ စာသင်ခန်းမှာ အဆင့်ကောင်းပြီး စာပိုတော်တဲ့ အမျိုးသမီး များဟာ အဆင့်နည်းတဲ့ စာညံ့တဲ့ မိန်းကလေးများထက် အရွယ်ရောက်ရင် ၁.၇ ဆ လောက် အရက်၊ ဘီယာပိုမို သောက်သုံးနိုင်တယ်လို့ ဆိုပါတယ်။ အကြောင်းပြချက်က ယခုလို ဖြစ်ပါတယ်။ ပညာတတ် အမျိုးသမီးများဟာ လုပ်ငန်းခွင်ကို ထိုးဖောက်နိုင်ပြီး အမျိုးသား များနဲ့တန်းတူ ပြောဆို ဆက်ဆံရပါတယ်။ ဒီလို အတူပူးပေါင်း လုပ်ကိုင်ရာ မှာ လုပ်ကိုင်နိုင်စွမ်းရည် တန်းတူညီမျှရှိပြီး အမျိုးသားများနဲ့ ယှဉ်ဘောင် တန်း လုပ်ကိုင်နိုင်ကြောင်း စိတ်ကအလိုအလျောက် အသိပေး တိုက် တွန်းနေလို့ ဖြစ်ပါတယ်။ ဒါကြောင့် ယင်း အမျိုးသမီး များဟာ အမျိုးသားများ ကဲ့သို့ အရက်၊ ဘီယာ များကို သောက်သုံးတယ်လို့ သိရပါတယ်။

 Myanmar Express

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ် ရှာနာထရာဝပ် Peace Palace အဆောက်အအုံ၌ တွေ့ဆုံ

Posted by Unknown 0 comments
192

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ယင်လတ် ရှာနာထရာဝပ် တို့သည် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် (၂၁) ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲ ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံ၊  ဖနွမ်းပင် ရှိ Peace Palace အဆောက်အအုံ၌ တွေ့ဆုံခဲ့ပါသည်။  ထိုသို့ တွေ့ဆုံရာ၌ ထားဝယ်ရေနက် ဆိပ်ကမ်းနှင့် အထူးစီးပွားရေး ဇုန် တည်ဆောက်ရေး လုပ်ငန်းများ၌ နှစ်ဦး နှစ်ဖက် ပူးပေါင်း ဆောင်ရွက်ရန် ကိစ္စရပ်များကို  အဓိက ဆွေးနွေးခဲ့ကြပြီး ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်မည်ဟု နှစ်နိုင်ငံ ခါင်းဆောင်များက ထပ်မံ အတည်ပြု ခဲ့ကြပါသည်။ “ထားဝယ်ရေ နက် ဆိပ်ကမ်းနဲ့ ပတ်သက်ပြီး နှစ်နိုင်ငံ ခေါင်းဆောင်တွေ သဘောတူညီချက် ရခဲ့ပါတယ်။ ဒီသဘော တူညီချက် အရ ဒီဇင်ဘာလလယ်မှာ ယင်လတ် ရှင်နာ ထရာဝပ်နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ ထားဝယ် ရေနက်ဆိပ်ကမ်းကို လေ့လာဖို့ ရောက်လာပါ လိမ့်မယ်။ မြန်မာ သမ္မတကလည်း လေ့လာရေး လာရောက်ဖို့ကို သဘောတူညီခဲ့ပါတယ်”ဟု ထိုင်းနိုင်ငံခြားရေး ၀န်ကြီး ဌာန၏ အမြဲတမ်း အတွင်းရေးမှူး Sihasak Phuangketkeow က  နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှု အပြီးတွင် Eleven Media Group သို့ ပြောကြားခဲ့သည်။ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ပတ်သက်သော နှစ်နိုင်ငံ ပူးပေါင်းကော်မတီ များ၏ ပထမအကြိမ် ဆွေးနွေးပွဲကို နိုဝင်ဘာလ ၇ ရက်နေ့က ထိုင်းနိုင်ငံတွင် ပြုလုပ် ခဲ့ပြီး ရေနက်ဆိပ်ကမ်း တည်ေ ဆာက်ရေးကို ၂၀၁၅ ခုနှစ်တွင် အပြီးသတ်ရန် ကနဦး သဘောတူညီ ခဲ့ကြခြင်း ဖြစ်သည်။ ပူပေါင်းကော်မတီများ၏ သဘောတူညီချက်အရ နှစ်နိုင်ငံ ကုန်သွယ်ရေး လမ်းမကြီးများ၊ ပင်လယ် ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး၊ စက်မှုဇုန်များ၊ လျှပ်စစ် စွမ်းအင် စက်ရုံများ၊ သောက် သုံးရေနှင့် အညစ်အကြေး စွန့်ပစ်သည့် စနစ်များ၊ တယ်လီဖုန်း ဆက်သွယ်ရေး၊ အမြန်ရထား ပြေး ဆွဲရေး၊ ဒေသဆိုင်ရာ တိုးတက်ဖွံ့ဖြိုး အစရှိသည်တို့ ၂၀၁၅ ခုနှစ်တွင် အပြီးသတ် လုပ်ဆောင်ရန် သဘော တူညီခဲ့ကြောင်း နှစ်နိုင်ငံခေါင်း ဆောင် များ တွေ့ဆုံအပြီး ထုတ်ပြန်ခဲ့သော ကြေညာချက် တွင် ဖော်ပြခဲ့ ပါသည်။ မြန်မာနှင့် ထိုင်း နှစ်နိုင်ငံ ခေါင်းဆောင်များ တွေ့ဆုံမှုတွင် သဘော တူညီချက်များကို ထပ်မံ ပြောကြား ခဲ့ပြီး မြန်မာအစိုးရအနေဖြင့် ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ရေး အတွက် ကာကွယ်ရေး၊ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များ တွက် ပြဌာန်းထားသော ဥပဒေအရ အကာအကွယ်ပေးမည် ဟု  တာဝန်ယူထားကြောင်း၊ ရင်းနှီးမြုပ်နှံမှုများကို အကောင်အထည် ဖော်ရန် အတွက် ခွင့်ပြုထားသော ဥပဒေအရ ခိုင်မာသည့် စည်းမျဉ်းစည်းကမ်းများ ထည့်သွင်းဖော်ပြထားကြောင်း၊ ပူးပေါင်းဆောင်ရွက်ေ ရး ကော်မတီ၏ လုပ်ငန်းများကို ထောက်ပံ့ခြင်းများ၊ထို့အပြင် ဆွဲဆောင်မှုရှိသော ရင်းနှီးမြုပ်နှံမှုများကိုပါ ထည့်သွင်း ဖော်ပြထားကြောင်း ပြောဆိုခဲ့ပါသည်။  ထိုင်းအစိုးရ ဘက်မှ နည်းပညာ အကူအညီများ ၊ဆောက်လုပ်ရေးနှင့်ပတ်သက်သောပူးပေါင်း ဆောင်ရွက်ခြင်း များကို အထူးကောင်းမွန်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ အထူးသဖြင့် ငွေကြေး ရွေ့ပြောင်းခြင်းများ အပါအ ၀င် ထားဝယ်ဒေသအတွက် အလုပ်အကိုင်များ စတင်ရန် တာဝန်ယူပေးမည် ဖြစ်ကြောင်း အစရှိသည် တို့ကို ပြောဆိုခဲ့သည်ဟု သိရသည်။ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးနှင့် ပတ်သက်သည့် အဆင့်မြင့် ပူးပေါင်းဆောင် ရွက်ရေး ကော် မတီ(JHC)တွင် မြန်မာ ဒုတိယသမ္မတ ဦးဥာဏ်ထွန်းနှင့် ထိုင်းနိုင်ငံဒုတိယ ၀န်ကြီးချုပ် ကစ်တီရတ်နာရနောင်း တို့က ပူးတွဲဥက္ကဋ္ဌများ အဖြစ် ဆောင်ရွက်ခဲ့သည်။ သာမန် ပူးပေါင်းဆောင် ရွက်ရေး ကော်မတီ(JCC) တွင် မြန်မာနိုင်ငံမှ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ်ရုံး ၀န်ကြီး နီဝပ်တန်ရောင်း ဘူဆွန်ပိုင်ဆန် တို့က ပူးတွဲ ဥက္ကဋ္ဌ အဖြစ် ဆောင် ရွက်ခဲ့ပါသည်။ အဆိုပါ ပူးပေါင်းဆောင်ရွက်ရေး ကော်မတီများ နိုဝင်ဘာလ အတွင်းက တွေ့ဆုံချိန် ၌ ငွေကြေး ထောက်ပံ့ခြင်း အစီအစဉ်များကို ဆွေးနွေးခဲ့ပြီး ထိုအစဉ်အစဉ် ကော်မတီခွဲများမှ စဉ်းစားပေးရန်၊ အခြာသော ကော်မတီ ခွဲများကိုလည်း တာဝန်ခွဲဝေ သတ်မှတ်ခဲ့ကြောင်း သိရသည်။ စီမံကိန်းနှင့် ပတ်သက်သောအဆင့်မြင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (JHC) ၏  ဒုတိယ အကြိမ် အစည်းအဝေးကို ၂၀၁၃ ခုနှစ်မတ်လတွင် မြန်မာနိုင်ငံ၌ ပြုလုပ်မည် ဖြစ်ပြီး သာမန် ပူးပေါင်းဆောင်ရွက်ေ ရး ကော်မတီ (JCC) ၏ ဒုတိယ အကြိမ်ဆွေးနွေးပွဲကို မြန်မာနိုင်ငံ၌ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း   တွေ့ဆုံရန် စီစဉ်ထားကြောင်း သိရသည်။ နှစ်နိုင်ခေါင်းဆောင်များ၏ တွေ့ဆုံမှုတွင် ထားဝယ် ရေနက် ဆိပ်ကမ်း တည်ဆောက်ရေးအတွက် အလား အလာရှိသော ရင်းနှီးမြုပ်နှံသူများအနက် စိတ်ဝင်စားသူများကို ပါဝင်ရန် ဖိတ်ခေါ်ထားသည့် အကြောင်းကို လည်း ထည့်သွင်း ပြောကြားခဲ့ပြီး ရင်းနှီးမြုပ်နှံသူများအနေဖြင့် အဆင့်မြင့် ပူးပေါင်းဆောင် ရွက်ရေး ကော်မတီ (JHC) သို့ ဆက်သွယ်ရန် ကမ်းလှမ်းထားသည်ဟု သိရသည်။

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page