လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ACER Series S7

Posted by Unknown Tuesday, October 23, 2012 0 comments
Windows 8 Operating System သစ် အသုံးပြု ထုတ်လုပ်ထားတဲ့ Acer Aspire S7 မှာ 1.9 GHz Intel Core i7-3517U ပရိုဆက်ဆာ ထည့်သွင်းပေးထားပြီး  DDR3 Memory 4GB နဲ့ SSD 256 MB လည်း ပါဝင်ပါတယ်။ Core i5 ဗားရှင်းကိုတော့ SSD 128 GB နဲ့ ထုတ်လုပ် ထားပါတယ်။ Intel HD Graphics 4000 GPU ကို ပေါင်းစပ် ထည့်သွင်းထားပြီး ၁၃ လက်မအရွယ် Ultraportable Laptop အမျိုးအစား ဖြစ်ပါတယ်။ 1920x1080 Pixel Resolution နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး 1.3 megapixel Webcam လည်း ထည့်သွင်း ထုတ်လုပ်ထား ပါတယ်။ အချက်အလက်တွေ ရွှေ့ပြောင်းဖို့အတွက် USB 3.0 Port တစ်ခုနဲ့ Micro HDMI Port တို့ ပါဝင်ပြီး 802.11  a/b/g/n Wifi နဲ့ Bluetooth 4.0 စနစ်တွေ အသုံးပြုပြီး ကွန်ရက်ချိတ်ဆက် နိုင်ပါတယ်။
ဒီဇိုင်း
Acer Aspire S7 ကို အလျား ၁၂.၇၃ လက်မ၊ အနံ ၈.၇၉ လက်မ အရွယ်အစားနဲ့ ထုတ်လုပ်ထားပြီး အထူ ကတော့ ၀.၄၇ လက်မ ရှိပါတယ်။ စုစုပေါင်း အလေးချိန် ၂.၈၆ ပေါင်ရှိပြီး အဖြူနဲ့အနက် ကာလာနှစ်မျိုးနဲ့ ထုတ် လုပ်ထားတာ ဖြစ်ပါတယ်။ ကိုယ်ထည်တစ်ခုလုံးက အလူမီနီယမ် အသုံးပြု ထုတ်လုပ်ထာပြီး အဖုံးကိုတော့ Gorilla Glass နဲ့ ဖုံးအုပ်ထားပါတယ်။ အလွန်ပါးလွှာ ပေါ့ပါးပြီး ဆွဲဆောင်မှုရှိတဲ့ Ultra-portable Laptop တစ်မျိုးလည်း ဖြစ်ပါတယ်။ ကီးဘုတ်က Chiclet ကီးဘုတ် အမျိုးအစားဖြစ်ပြီး Backlit  စနစ်လည်း ထည့်သွင်း ပေးထားပါတယ်။ အရွယ်အစား ကြီးမားတဲ့ Touchpad ကို အသုံးပြုထားပြီး တုံ့ပြန်နိုင်စွမ်း အလွန်ကောင်း မွန်တာ တွေ့ရ ပါတယ်။
သုံးသပ်ချက်
Hardware နဲ့ Software စနစ်တွေ အလွန်မြင့်မား ကောင်းမွန်တဲ့ Ultraportable Laptop အမျိုးအစားဖြစ်ပြီး Microsoft ရဲ့ Windows 8 Operating System သစ်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Trackpad အပြင် Touchscreen စနစ်ကိုလည်း ကောင်းမွန်စွာ အသုံးပြု နိုင်ပါတယ်။
အားသာချက်
Windows 8 Operating System သစ်နဲ့ အသုံးပြုနိုင်မှာ ဖြစ်ပြီး Laptop အမျိုးအစား ဖြစ်ပေမယ့် Screen ကို Touch-Input စနစ်နဲ့ အသုံးပြု နိုင်ပါတယ်။
အားနည်းချက်
အခြား Laptop အမျိုးအစားတွေနဲ့ ယှဉ်ရင် Acer Aspire S7 ရဲ့ တန်ဖိုးက အနည်းငယ် ပိုမိုများပြား နေပါတယ်။
ဘက်ထရီ
4,680mAh (Li-Po) ဘက်ထရီ အမျိုးအစားကို အသုံးပြုထားပြီး ၆ နာရီခန့် ကောင်းမွန်စွာ အသုံးပြု နိုင်ပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page