စမတ်ဖုန်း ထုတ်လုပ်မှု အများဆုံး ကုမ္မဏီအနေဖြင့် Samsung က ပထမရပ်တည်
Sunday, November 4, 2012
0
comments

ကမ္ဘာ့ စမတ်ဖုန်း ထုတ်လုပ်မှု အများဆုံး
ကုမ္မဏီ အဖြစ် Samsung က နံပါတ် ၁ နေရာတွင် တည်ရှိလျက်ရှိကြောင်း သိရသည်။
ယင်း တိုင်းတာမှုသည် ယခုနှစ် တတိယ လေးလပတ် ကာလ အထိ ဖြစ်ပြီး တစ်နှစ်အတွင်း
စမတ်ဖုန်း အလုံးရေ ၅၆.၃ သန်း ထုတ်လုပ် ရောင်းချ နိုင်ခဲ့သည်။ ထို့ကြောင့်
နံပါတ် ၁ တွင် တည်ရှိနေခြင်း ဖြစ်ပြီး Apple က ဒုတိယ နေရာတွင်သာ
ရှိသည်။အခြား စမတ်ဖုန်း ကုမ္မဏီများအနေဖြင့် တစ်နှစ်အတွင်း ထုတ်လုပ်မှုမှာ ၅
သန်းမှ ၉ သန်းကြားသာ ရှိပြီး Samsung နှင့် အပြတ်အသတ် ကွာဟ လျက် ရှိသည်။ ဖင်လန်နိုင်ငံအခြေဆိုက် Nokia
ကုမ္မဏီအနေဖြင့် ယခင်က ကမ္ဘာ့ နံပါတ် ၁ ဖြစ်ခဲ့ဖူးသော်လည်း ယခုအခါ ရောင်းအား
သိသိသာသာ ကျဆင်း လျက်ရှိသည်။ Nokia Lumia အလုံးရေ ၂.၉ သန်းသာ
ရောင်းချနိုင်ခဲ့ပြီး ထင်သားသည်ထက် နည်းပါးခဲ့သည်။ Microsoft ကုမ္မဏီမှလည်း
Windows phone 8 OS နှင့် ပက်သက်၍ Upgrade လုပ်ခြင်းကို နိုကီယာနှင့်
ပူးပေါင်း ဆောင်ရွက်မှု နှေးကွေးနေပြီး ရောင်းအားကျဆင်းစေသည့် အဓိက အချက်
တစ်ချက် ဖြစ်ကြောင်း သိရသည်။ Lumia အဟောင်းကိုင်သူများ Windows Phone 8
သို့ Upgrade လုပ်ရန် ခက်ခဲနေသေးသည်။ တရုတ်
ကုမ္မဏီနှစ်ခု ဖြစ်သည့် Huawei နှင့် ZTE မှာမူ အရှိန် အဟုန်ဖြင့် ရောင်းအား
မြင့်တက်လာပြီး ၇.၆ သန်း၊ ၆.၈ သန်း ကိုယ်စီ အရေအတွက် ရောင်းချနိုင်ခဲ့သည်။
ဈေးနှုန်းသက်သာ ဖုန်းများ ထုတ်လုပ်ပြီး ကမ္ဘာအနှံ့ ရောက်အောင်
ပို့ဆောင်နိုင်သည့်အတွက် ယခုကဲ့သို့ အချိန်တိုအတွင်း တိုးတက်လာခြင်း
ဖြစ်သည်ဟု ဆိုကြသည်။ လက်ရှိ Samsung သည် စမတ်ဖုန်း
အမျိုးမျိုးကို အမည်အမျိုးမျိုးဖြင့် ထုတ်လုပ်၊ မိတ်ဆက် ပြသလျက် ရှိရာ
ရောင်းအား ဆက်လက် မြင့်တက်နေဆဲ ဖြစ်သည်။ သို့သော် လာမည့် နှစ်များတွင်
တရုတ် ကုမ္မဏီများ နံပါတ် ၁ နေရာယူသွားနိုင်ကြောင်း သိရသည်။
0 comments:
Post a Comment