မလေးရှားဆက်သွယ်ရေးကုမ္ပဏီ Axiata က မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေ
Tuesday, November 6, 2012
0
comments
Axiata Group Bhd. သည် မြန်မာနိုင်ငံတွင်
ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေကြောင်းနှင့် ဈေးကွက်အတွင်း
ဝင်ရောက်မည့်အချိန်ကို မသတ်မှတ်ရသေးကြောင်း အဆိုပါ မလေးရှားနိုင်ငံ၏ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီက ပြောကြားခဲ့သည်။ Axiata Group သည် မြန်မာနိုင်ငံ၏ တိုးတက်မှု အလားအလာကြောင့်
ရင်းနှီးမြှုပ်နှံရန် စဉ်းစားနေခြင်းဖြစ်ပြီး
ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာတွင်လည်း ဒေသတွင်း ကုမ္ပဏီများနှင့် လက်တွဲကာ
လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီက Dow Jones သတင်း ဌာနသို့
ပြောကြားခဲ့သည်။ ၎င်းဆက်သွယ်ရေးကုမ္ပဏီသည် ရင်းနှီးမြှုပ်နှံမှုနှင့်
ပတ်သက်၍ ခန့်မှန်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ပြုလုပ်ထားသော်လည်း ၎င်းကို
ပြောကြားရန်မှာ စောလွန်သေးကြောင်း Axiata မှ ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် ၎င်း၏ ဆက်သွယ်ရေးဈေးကွက်တွင်
နိုင်ငံခြား ဆက်သွယ်ရေး ကုမ္ပဏီများမှ ရင်းနှီးမြှုပ်နှံနိုင်ရန် စီစဉ်ထားပြီး
၎င်းအစီအစဉ်သည် ရင်းနှီးမြှုပ်နှံသူများအတွက် ဆွဲဆောင်မှုရှိသည့်
အခွင့်အရေးတစ်ခု ဖြစ်သည်။ ကမ္ဘာတစ်ဝန်းမှ
ဆက်သွယ်ရေးကုမ္ပဏီများကလည်း လူဦးရေ သန်း ၆၀ တွင် ဖုန်းအသုံးပြုသူ ၃
သန်းသာရှိပြီး အာရှတွင် တယ်လီဖုန်းသုံးစွဲသူ အနည်းပါးဆုံးဖြစ်သည့်
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိသည်။ ထို့အပြင်
အစိုးရကလည်း ဆက်သွယ်ရေးသိပ်သည်းဆကို ၂၀၁၆ ခုနှစ် မတ်လတွင် ကုန်ဆုံးမည့်
ဘဏ္ဍာရေးနှစ်တွင် ၇၅ ရာခိုင်နှုန်းအထိ မြင့်တက်ရန် ရည်ရွယ်ထားပြီး ၎င်းပမာဏမှာ
မိုဘိုင်းဖုန်းအသုံးပြုသူ သန်း ၄၀ နှင့်ညီမျှသည့်အတွက်
ရင်းနှီးမြှုပ်နှံသူများ၏ ဆွဲဆောင်ဖွယ်ရာ အခွင့်အလမ်းတစ်ခုအဖြစ်
တည်ရှိနေကြောင်း သိရသည်။
0 comments:
Post a Comment