လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

iOS 6 jailbreak ပြုလုပ်နိုင်

Posted by Unknown Tuesday, November 6, 2012 0 comments

iPhone Dev-Team ဟုခေါ်သော ဟက်ကာအဖွဲ့သည် iOS 6 jailbreak အတွက် အဆင့်မြှင့်ထားသည့် Redsn0w ကို မိတ်ဆက်ပေးခဲ့ပြီး ၎င်းသည် third-party application store Cydia ကို အပြည့်အဝအသုံးပြုနိုင်ကာ Apple ၏ မိုဘိုင်း operating system အဟောင်းကိုလည်း restore လုပ်ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယခင်က Redsn0w အသုံးပြုသူများသည် Cydia ကို manual အနေဖြင့် ထည့်သွင်းအသုံးပြုရသော်လည်း ယခုအခါတွင် တရားမဝင်သည့် program များကို ရှာဖွေရယူနိုင်ရန်အတွက် Cydia built-in ပါဝင်လာမည် ဖြစ်သည်။ အဆင့်မြှင့်တင်ထားသည့် Redsn0w တွင် Cydia အထောက်အပံ့ built-in ပါဝင်လာသည့်အပြင် အသုံးပြုသူများမှ ၎င်းတို့၏ device များကို Apple iOS 5 သို့ restore ပြန်လုပ်နိုင်မည်ဖြစ်သည်။ သို့ရာတွင် အဆိုပါ feature ကို iOS 5 အသုံးပြုထားသည့် iPhone နှင့် iPad များအတွက်သာ ကန့်သတ်ထားကြောင်း သိရသည်။ Redsn0w iOS 6 feature များကို A4 ပရိုဆက်ဆာအသုံးပြုထားသည့် iPhone 4, iPhone 3GS နှင့် စတုတ္ထမျိုးဆက် iPod Touch တို့တွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး jailbreak ပြုလုပ်ရာတွင်လည်း tethered-jailbreak mode အနေဖြင့်သာ ပြုလုပ်နိုင်သည်။ Apple သည် iOS 6 ကို ပြီးခဲ့သည့်လက over-the-air update အနေဖြင့် ဖြန့်ချိပေးခဲ့သည်။ ၎င်း operating system တွင် ပြင်ဆင်ထားသည့် Mail, ဖုန်းခေါ်ဆိုမှုများကို တုံ့ပြန်နိုင်မည့် feature သစ်များနှင့် Safari ရှိ iCloud Tabs အထောက်အပံ့အပါအဝင် အဆင့်မြှင်တင်မှု ၂၀၀ ကျော် ပါဝင်ကြောင်း သိရသည်။

(CNET)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page