လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

5th Generation iPod Touch နှင့် 7G iPod Nano ပြည်တွင်းဈေးကွက်ဝင်ရောက်

Posted by Unknown Wednesday, October 24, 2012 0 comments
Apple ကနေ မကြာမီအချိန်ကာလအတွင်းက ဖြန့်ချိလိုက်တဲ့ 5th Generation iPod Touch နှင့် 7th Generation iPod Nano များ ပြည်တွင်းဈေးကွက်အတွင်း ၀ယ်ယူနိုင်ပြီဖြစ်ကြောင်း အဆိုပါပစ္စည်းများကို တင်သွင်းရောင်းချသည့် Beno Apple Store မှသိရသည်။ အသစ်ထွက်ရှိလာသည့် 5G iPod Touch တွင် Hi-Speed USB, Bluetooth 4.0 နှင့် Wi-Fi စနစ်တို့ပါဝင်ပြီး အလေးချိန် 3.1 အောင်စဖြစ်ကာ Dimension မှာ 2.3 in x 4.86 in x 0.24 ရှိမည်ဖြစ်သည်။ 5MP ရှိသည့် ကင်မရာပါဝင်ပြီး 1080p HD Video များကို ရိုက်ကူးနိုင်မည်ဖြစ်သည်။ စကရင်က ၄ လက်မအရွယ်အစား LCD ဖြစ်သည်။ Built in Rechargeable Player battery ပါဝင်ပြီး လေးနာရီကြာ အားသွင်းရုံဖြင့် နာရီ ၄၀ ကြာ အသုံးပြုနိုင်မည်ဖြစ်သည်။ 7G iPod nano တွင် Bluetooth 4.0 နှင့် Hi-Speed USB စနစ်တို့ပါဝင်သည်။ အလေးချိန် ၁.၁ အောင်စရှိပြီး Dimension မှာ 1.6 in x 0.2 in x 3 in ရှိမည်ဖြစ်သည်။ Digital Audio Format တော်တော်များများကို အထောက်အပံ့ပေး မည်ဖြစ် သည်။ စကရင်က ၂.၅ လက်မ အရွယ်အစားရှိမည်ဖြစ်သည်။ Built -in digital clock ပါဝင်မည်ဖြစ်သည်။ Radio Tuner ပါဝင်တဲ့အတွက် FM လိုင်းများကို ဖမ်းယူနားဆင်နိုင်မည်ဖြစ်သည်။ Player တွင်ပါဝင်သည့် battery မှာ Lithium ion Rechargeable Player Battery အမျိုးအစားဖြစ်ပြီး ၃ နာရီကြာအားသွင်းရုံဖြင့် နာရီ ၃၀ ကြာ အသုံးပြုနိုင်မည်ဖြစ်သည်။ စိတ်ပါဝင်စားသူတွေအနေနဲ့ အသေးစိတ် အချက်အလက်များကို ဖုန်း-၃၈၀၅၃၆ နှင့် ၀၉၈၆၂၂၇၄၄ သို့ ဆက်သွယ်စုံစမ်း ၀ယ်ယူနိုင်မည်ဖြစ်သည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page