လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

GSM Sim Card ထည့်သွင်းအသုံးပြုနိုင်သည့် Tablet များရောင်းအားကောင်းလျက်ရှိ

Posted by Unknown Wednesday, October 24, 2012 0 comments

ပြည်တွင်း Tablet ဈေးကွက် အတွင်း GSM Sim Card ထည့်သွင်း အသုံးပြု နိုင်သည့် Tablet များ ရောင်းအားကောင်းလျက် ရှိကြောင်း သိရသည်။ “ဈေးကွက်ထဲမှာ အရင်တုန်းက Notebook တွေ ရောင်းအားကောင်းခဲ့တယ်။ အခုဆိုရင်တော့ Netbook တွေလည်း သူ့ဈေးကွက်နဲ့သူ ရှိပေမယ့်Tablet တွေက ရောင်းအားပိုကောင်း လာတယ်။ လူငယ်တွေသာမက ရုံးလုပ် ငန်းမှာ ရုံးသမားတွေ လည်း ဈေးနှုန်း သင့်တင့်တဲ့ Tablet တွေကို ၀ယ်ကြတယ်။ GSM ကတ် ထည့်သွင်း အသုံးပြုလို့ ရတဲ့ Tablet တွေသာမက ကတ်ထည့်သွင်းပြီး သုံးလို့မရတဲ့ ရိုးရိုး Tablet တွေလည်းရှိတယ်။
ဒါပေမဲ့ GSM ကတ် ထည့်သွင်း အသုံးပြုလို့ရတဲ့ Tablet တွေကို ပိုပြီး ၀ယ်ကြတယ်။ တချို့တွေက ညပိုင်းဘောလုံးပွဲ Score တွေ ကြည့်ရတာ ပိုပြီးအဆင်ပြေလို့ ၀ယ်ကြတယ်” ဟု AGK Computer ဆိုင်မှ တာဝန်ရှိသူတစ်ဦး ကပြောသည်။ “အခု GSM ကတ်ထည့်ပြီး အသုံးပြုလို့ရတဲ့ Tablet တွေက ပိုပြီးရောင်းအားသွက်တယ်။ ဆိုင်မှာတော့ Viewsonic, Samsung အမှတ်တံဆိပ် Tablet တွေကို လူတွေက ၀ယ်ကြတယ်။ အာမခံပါရှိတဲ့ အမှတ် တံဆိပ်တွေကို ပိုပြီးဝယ်ကြတယ်” ဟု T Land IT, Digital & Mobile Centre မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။ ဈေးကွက်အတွင်း၌ Samsung, Lenovo, HTC အမှတ်တံဆိပ် Tablet များအပြင် အခြားတရုတ်ဘက်မှ ၀င်ရောက်လာသော Tablet များကို တင် သွင်းရောင်းချလျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ကွာခြားမှု သိပ်မရှိကြောင်း သိရသည်။ ဈေးကွက်အတွင်း ၈၀၀၀၀ ကျပ်ဝန်းကျင်မှစတင်ပြီး ကျပ် ၂၀၀,၀၀၀ ကျော် ၀န်းကျင်တန်ဖိုးရှိ Tablet များ ၀င်ရောက်လျက်ရှိပြီး ကျပ် ၁၅၀,၀၀၀ ၀န်းကျင်ရှိ GSM Sim Card  ထည့်သွင်းအသုံးပြုနိုင်သည့် Tablet များမှာ အရောင်းသွက် လျက်ရှိသည်။ ရန်ကုန်မြို့တွင် Wifi အင်တာနက်စနစ် အသုံးပြုခွင့်ပေးသည့် လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ ယခုနှစ်တွင် ပိုမိုများပြားလာလျက်ရှိပြီး Wifi အင်တာနက်စနစ် ပိုမိုကျယ်ပြန့်လာသောကြောင့် Tablet နှင့် အင်တာနက်အသုံးပြုသူ များလာခြင်းဖြစ်သည်ဟု ဈေးကွက်မှ စုံစမ်းသိရှိရသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page