လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ADSL အင်တာနက်လိုင်းများ ဈေးနှုန်းလျှော့ချ

Posted by Unknown Sunday, November 4, 2012 0 comments

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းမှ ဝန်ဆောင်မှု ပေးလျှက်ရှိသည့် ADSL အင်တာနက် (တယ်လီဖုန်းလိုင်း အသုံးပြုသည့် မြန်နှုန်းမြင့် အင်တာနက် စနစ်) စတင် တပ်ဆင်ခနှုန်းကို  ၆ သိန်းကို ကျပ် ၅သောင်း အဖြစ် လာမည့် နိုဝင်ဘာ ၁ ရက်နေ့မှ လျော့ချမည်ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာများ တွင် ဖေါ်ပြထားသည်။ မြန်မာ့ဆက်သွယ်ရေး အပြင် အခြားသော အင်တာနက် ဝန်ဆောင်မှု ပေးနေသည့် ရတနာပုံ တယ်လီပို့နှင့် Red Link ကုမ္ပဏီမှ ဝိုင်မက်စ်စနစ်၊ စကိုင်းနက် ဂြိုဟ်တု စနစ်သုံး မြန်နှုန်းမြင့် အင်တာနက်များ၏ ဈေးနှုန်းလျော့ချမည် မချမည်ကိုမူ မသိရှိရသေးပါ။ ယခင် လစဉ်ကြေး ၆ သိန်း ကျသင့်သည့် စတင်တပ်ဆင်ခကို နှုန်းထားသစ်တွင် ကျပ် ၅ သောင်းသို့လည်းကောင်း၊ ယခင် တစ်လ ကျပ် ၃ သောင်း ကျသင့်သည့် 512 kbps မြန်နှုန်းဝန်ဆောင်မှုကို နှုန်းထားသစ်တွင် ၁၇၀၀၀ ကျပ်သို့လည်းကောင်း လျော့ချလိုက်သည်ကို တွေ့ရသည်။ မြန်မာနိုင်ငံ၏ အင်တာနက် ဝန်ဆောင်ခ နှုန်းထားမှာ ဒေသတွင်း နိုင်ငံများအကြား အမြင့်ဆုံးသော နှုန်းထားဖြစ်သည်ဟု ထင်ရှားခဲ့သည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ADSL အင်တာနက်လိုင်း လစဉ်ကြေးအဖြစ် ဘတ် ၆၀၀ ဝန်းကျင် (ကျပ် ၁၆၀၀၀ ) ဝန်းကျင် ရှိသည်ကို တွေ့ရသည်။ တစ်ဦးချင်း ဝင်ငွေမြင့်မားသည့် ဖွံ့ဖြိုးပြီးနိုင်ငံ ဖြစ်သည့် အမေရိကန် ပြည်ထောင်စုတွင် ADSL အင်တာနက် လစဉ်ကြေးမှာ တစ်လ ဒေါ်လာ ၂၀ မှ စတင်သည်ဟု သိရှိရသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page