လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

တယ်လီဖုန်းခေါ်သံကို သီချင်းသံဖြင့် ပြောင်းလဲပေးသည့် (MyRingTune) ဝန်ဆောင်မှုအတွက် ငွေဖြတ်တောက်ခဲ့မှုများကို ပြန်လည်ဖြေရှင်းပေးနေ

Posted by Unknown Sunday, November 4, 2012 0 comments
Photo

တယ်လီဖုန်းခေါ်သံကို မိမိနှစ်သက်ရာ သီချင်းသံဖြင့် ပြောင်းလဲပေးသည့် ဝန်ဆောင်မှု  (My Ring Tune) မှာ အောက်တိုဘာလ ၁၀ ရက်နေ့ နံနက်ပိုင်းက ဂျီအက်စ်အမ်ဖုန်း သုံးစွဲသူ အချို့ထံ မှားယွင်းရောက်ရှိ လာပြီး ငွေဖြတ်တောက်နှုတ်ယူမှုများ၊ သုံးစွဲလိုခြင်း မရှိဘဲ အသုံးပြု ရမှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။ ယင်းသို့ ဖြစ်ပေါ်ပြီးနောက် My Ring Tune ဝန်ဆောင်မှုပေးနေသော Fortune ကုမ္ပဏီနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့မှ ပြန်လည် ဖြေရှင်းပေးနေကြောင်းလည်း သိရသည်။ ပုံမှန်အားဖြင့် ယင်းဝန်ဆောင်မှုမှာ သုံးစွဲလိုသူများက သွားရောက်တောင်းဆိုမှသာ ဝန်ဆောင်မှု ဖွင့်ပေးခြင်း ဖြစ်ပြီး အသုံးပြုလိုသည့် ဖုန်းနံပါတ်သို့ ဆက်သွယ် အတည်ပြုပြီးမှသာလျှင် အသုံးပြုနိုင်ကြောင်း သိရသည်။ အသုံးပြုမည့်သူမှာ ကြိုက်နှစ်သက်ရာ သီချင်းကို ရွေးချယ်နိုင်ပြီး ဝန်ဆောင်ခမှာ ၂၀၀၀ ကျပ် ဖြစ်သည်။ ''ဒီနံနက်ပိုင်းမှာ My Ring Tune ကနေ Message တစ်စောင် ရောက်လာပြီး ဖုန်းခေါ်သံကလည်း အင်္ဂလိပ်သီချင်းသံ ပြောင်းသွားတယ်။ အသုံးပြုဖို့အတွက် တောင်းဆိုထားတာ မရှိသလို ပြန်ပြီးလည်း အကြောင်းမကြားရပါဘဲနဲ့ သူ့ဘာသာ ဖြစ်သွားတယ်။ ကျွန်မအမျိုးသားရဲ့ ဖုန်းမှာလည်း ဖြစ်ပြီး မောင်တစ်ယောက်ရဲ့ ဖုန်းလည်းဖြစ်တယ်။ အသိမိတ်ဆွေနှစ်ယောက်ရဲ့ ဖုန်းတွေမှာလည်း ဖြစ်တယ်။ ကျွန်မ အမျိုးသားရဲ့ ဖုန်းဆို မနေ့က ငွေဖြည့်ထားတာ ၂၀၀၃၀ ရှိတာကနေ ၁၇၇၂၅ ပဲ ကျန်တော့တယ်။ ငွေဖြည့်ပြီးတော့ မက်ဆေ့သုံးစောင်လောက် ပို့တာနဲ့ ဖုန်းအဝင်ပြောတာလောက်ပဲ ရှိတာပါ။ ဒီဝန်ဆောင်မှုကို ကလေးတွေ သုံးကြတာမျိုးရှိလို့ သိပေမယ့် ကျွန်မတို့ လူကြီးတွေ အနေနဲ့ နားငြီးလို့ မသုံးချင်ခဲ့ဘူး။ ကိုယ့်ဖုန်းသံက ဒီလိုမျိုး သီချင်းသံဖြစ်သွားတော့ တော်တော် စိတ်အနှောက်အယှက် ဖြစ်ရတယ်။ ကုမ္ပဏီကို ဖုန်းလှမ်းဆက်တော့ ဆက်သွယ်ရေးဘက်က Error ဖြစ်တာ၊ ပြန်အဆင်ပြေအောင် လုပ်ပေးပါမယ်၊ ငွေပြန်ဖြည့်ပေးပါမယ်လို့ ဆိုပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက သုံးစွဲသူဆီက ဓားပြတိုက်သလိုမျိုး ခံစားရပြီး ကိုယ်က မသုံးချင်ပါဘဲ ဒီလိုမျိုး သီချင်းသံ ပြောင်းသွားတော့ ကလေးကလားနိုင်သလိုမျိုးလည်း ဖြစ်တယ်'' ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဒေါ်ခင်လေးသက်က ပြောပြခဲ့သည်။ ''ပြောရရင် ကုမ္ပဏီ အနေနဲ့က ဆက်သွယ်ရေးနဲ့ ပူးပေါင်းလုပ်ကိုင်ရတာပါ။ ငွေဖြည့်တာ၊ ငွေနှုတ်တာတွေက ဆက်သွယ်ရေး အပိုင်း ဘက်က လုပ်ဆောင်တာပါ။ သုံးစွဲသူတွေက လှမ်းအကြောင်းကြားကြလို့ အခုချက်ချင်း ပဲ ပြန်လုပ်ပေးနေပါတယ်။ ဒီနံနက်ပိုင်းမှာ စဖြစ်ပြီး စက်က အော်တိုပုံစံမျိုး ဖြစ်သွားတာလို့တော့ သိရတယ်။ ဖုန်းဘယ်နှလုံးလောက် ဖြစ်တယ်ဆိုတာတော့ မသိသေးဘူး။ အခုသီချင်းသံက Default Ringtune ဖြစ်တဲ့ အင်္ဂလိပ်သီချင်း တစ်ပုဒ်တည်းကိုပဲ ပြောင်းသွားကြပါတယ်။ တောင်းပန်တဲ့ မက်ဆေ့တွေ ပို့ပေးနေပြီး နှုတ်ယူခံရတဲ့ ငွေပမာဏကိုလည်း ပြန်ဖြည့်ပေးသွားမှာ ဖြစ်ပါတယ်'' ဟု My Ring Tune မှ တာဝန်ရှိသူ တစ်ဦးက ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page