လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

iMac သစ်များနှင့် Mac Mini သစ်များကို Apple မိတ်ဆက်ပြသ

Posted by Unknown Thursday, November 1, 2012 0 comments
 

ကယ်လီဖိုးနီး ယားပြည်နယ် ဆန်ဟို ဆေးမြို့တွင် ကျင်းပ ပြုလုပ် ခဲ့သည့် iPad Mini မိတ်ဆက် ပွဲတွင် Apple ကုမ္ပဏီက ပါးလွှာသည့် desktop ကွန်ပျူတာ သစ်များနှင့် အဆင့်မြှင့် ထားသည့် Mac Mini သစ်များကို မိတ် ဆက် ပြသ ခဲ့သည်။ အဆိုပါ ကွန်ပျူတာသစ်သည် Apple ၏ အပါးလွှာဆုံး desktop ကွန်ပျူတာဖြစ်ပြီး အနားစောင်းမှာ ၅ မီလီမီတာ သာရှိကာ ယခင်အမျိုးအစားထက် ၈၀ ရာခိုင်နှုန်း ပါးလွှာပြီး အလေးချိန် ၈ ပေါင်သာ ရှိကြောင်း သိရသည်။ ၎င်းကွန်ပျူတာတွင် Apple Fusion drive သစ်ကို အသုံးပြုထားပြီး အဆိုပါ drive ကို 128GB အပြင် 1TB, 3TB စသည်ဖြင့် သီးခြား ဝယ်ယူနိုင်မည်ဖြစ်သည်။ ကွန်ပျူတာ၏ အဓိက function များအတွက် Flash memory ကို အသုံးပြုထားခြင်း၊ များပြားသည့် သိုလှောင်မှုပမာဏအတွက် hard drive ထောက်ပံ့ပေး ထားခြင်းတို့ကြောင့် မြင့်မားသည့် စွမ်းဆောင်ရည်ဖြင့် အသုံးပြုနိုင် မည်ဖြစ်ကြောင်း Apple မှ စီနီယာ ဒုဥက္ကဋ္ဌဖြစ်သူ Phil Schiller က ပြောကြားသည်။ ၎င်းကို optical drive မပါဘဲ တင်ပို့ရောင်းချမည်ဖြစ်သော်လည်း optical drive လိုအပ်သည့် သုံးစွဲသူများအတွက် သီးခြား drive တစ်ခုကို ရောင်း ချပေးမည်ဖြစ်ကြောင်း Schiller က ပြောကြားခဲ့သည်။ အမေရိကန်ဒေါ်လာ ၁,၂၉၉ ကျသင့်မည့် ၂၁ လက်မအမျိုးအစား ကွန်ပျူတာများကို နိုဝင်ဘာလတွင် တင်ပို့ရောင်းချမည်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁,၇၉၉ ကျသင့်မည့် ၂၇ လက်မအမျိုးအစားကို ဒီဇင်ဘာလ တွင်တင်ပို့ရောင်းချမည်ဟု သိရသည်။ အဆင့်မြှင့်တင်ပေးထားသည့် Mac Mini desktop တွင် Intel ၏ third-generation Core CPU (Ivy Bridge) နှင့် Intel HD Graphics 4000 GPU တို့ပါဝင်ပြီး USB 3.0 port လေးခုအပြင် HDMI, Thunderbolt နှင့် FireWire port များလည်း ပါဝင်ကြောင်းသိရသည်။ ၎င်းကို စတင် တင်ပို့ရောင်းချလျက်ရှိပြီး ဈေးနှုန်းမှာ 2.5GHz Core i5 အမျိုးအစားအတွက် အမေရိကန်ဒေါ်လာ ၅၉၉ ကျသင့်မည်ဖြစ်သည်။ ဆာဗာ အမျိုးအစား အတွက်မှာ အမေရိကန်ဒေါ်လာ ၉၉၉ ကျသင့်မည်ဟု သိရသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page