လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ခြေထောက်ကျိုးနေချိန်မှာတောင် ပြေးလွှားနိုင်မယ့် ခြေတု

Posted by Unknown Monday, November 12, 2012 0 comments

အမေရိကန်နိုင်ငံ၊ ယူတားပြည်နယ်၊ ဘရက်ဟမ်ယန်း တက္ကသိုလ်က အင်ဂျင်နီယာ ဘွဲ့လွန်ကျောင်း သားတွေ ဟာ ခြေထောက်ကျိုးနေချိန်မှာတောင် ပြေးလွှားနိုင်မယ့် ခြေတုတစ်ခုကို တီထွင်ခဲ့ကြပါတယ်။ Flexlegs လို့ ပေးထားတဲ့ ဒီခြေတုဟာ ဒူးအောက်ပိုင်း ဒဏ်ရာရရှိသူတွေ အတွက် လမ်းလျှောက်တာ၊ ပြေး တာနဲ့ လှေခါးတက်တာတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ Flexlegs ကို အသုံးပြုဖို့အတွက် လက်နဲ့အခြား ခန္ဓာကိုယ် အစိတ်အပိုင်းတွေရဲ့ အကူအညီမလိုဘဲ ပုံမှန်လမ်းလျှောက်လှုပ်ရှားတဲ့ အတိုင်း အသုံးပြုနိုင်ပါ တယ်။ ပုံမှန်ချိုင်းထောက်တွေထက် ပိုမိုထိရောက်မှုရှိတဲ့အပြင် အသုံးပြုရလည်း လွယ်ကူပြီး သက်သောင့် သက်သာရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြေးတာနဲ့ လှေခါးတက်တာမျိုး များများလုပ်ရင်တော့ နာကျင်မှု ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ Flexlegs ကို တီထွင်ခဲ့တဲ့အဖွဲ့က မကြာခင်မှာ ဈေးကွက် တင်ပို့ရောင်းချမယ်လို့ ဆိုပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page