လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ကမ္ဘာတစ်ပတ် ခရီးနှင်ခဲ့သော ပထမဆုံးနေရောင်ခြည်စွမ်းအင်သုံးသင်္ဘော

Posted by Unknown Monday, November 12, 2012 0 comments

နေရောင်ခြည်စွမ်းအင်သုံးသင်္ဘော MS Turanor Planet Solar ဟာ မိုနာကိုမြို့ ဟာကျူလီဆိပ်ကမ်း မှာဆိုက်ကပ်ပြီး ကမ္ဘာတစ်ပတ် ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်။ ဒီခရီးစဉ်ဟာ နေရောင်ခြည်စွမ်းအင်သုံး သင်္ဘောတစ်စီးအတွက် ပထမဆုံးကမ္ဘာတစ်ပတ်ခရီးစဉ်အဖြစ်လည်း သတ်မှတ်ခံခဲ့ရပါတယ်။ ဒီသင်္ဘောမှာ စတုန်းရန်းမီတာ ၅၀၀ ခန့်ရှိတဲ့ နေရောင်ခြည်စွမ်းအင်ပြားတွေ တပ်ဆင်ပြီး တည်ဆောက်မှု ကုန်ကျစရိတ် ဒေါ်လာ ၁၆ သန်းရှိခဲ့တယ်။ ဒီသင်္ဘောကို အလွန်ပေါ့ပါးတဲ့ ကာဘွန်ဖိုက်ဘာ ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး ဒီဇိုင်းကိုလည်း ရေခွဲအားအကောင်းဆုံး ဖြစ်အောင် ဖန်တီးထားပါ တယ်။ မြင်းကောင်ရေ ၂၆ ကောင်အားရှိတဲ့ လျှပ်စစ်မော်တာ ၄ လုံးတပ်ဆင်ထားပြီး တစ်နာရီကို ရေမိုင် ၁၄ မိုင်နှုန်းမော်းနှင်နိုင်ပါတယ်။ အရှည် ၁၁၅ ပေရှိပြီး အရှည်ဆုံးနေရောင်ခြည်စွမ်းအင်သုံး သင်္ဘော စာရင်းဝင်လည်းဖြစ်ပါတယ်။ ယခု ကမ္ဘာတစ်ပတ်ခရီးစဉ်အတွက် အချိန် 585 ရက်ကြာ ခရီးနှင်ခဲ့ရတယ်လို့ဆိုပါတယ်။ MS Turanor PlanetSolar သင်္ဘောကို သုတေသန လုပ်ငန်းတွေမျာ အသုံးပြုမှာဖြစ်သလို ဈေးကောင်းပေးဝယ်ယူမယ့်သူပေါ်လာရင်လည်း ပြန်လည်ရောင်းချနိုင်တယ် လို့ဆိုပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page