လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

အမြန်နှုန်းမြင့်တင်ပေးမယ့် အားကစားဝတ်စုံသစ်

Posted by Unknown Monday, November 12, 2012 0 comments

အားကစားပစ္စည်းကုမ္ပဏီ Nike ဟာ အားကစားသားတွေရဲ့ အမြန်နှုန်းကို အနည်းငယ်မြှင့်တင်ပေးနိုင်မယ့် Turbo Speed လို့အမည်ပေးထားတဲ့ အားကစားဝတ်စုံသစ်ကို ထုတ်လုပ်ခဲ့ပါတယ်။ ဒီဝတ်စုံကို အလွန်ပေါ့ပါးတဲ့ ပိုလီစတာနဲ့ ပြုလုပ်ထားတာဖြစ်ပါတယ်။ ဒီဝတ်စုံရဲ့ထူးခြားချက်ကတော့ ၀တ်စုံရဲ့ မျက်နှာပြင်မှာ အချိုင့်လေးတွေ ပါဝင်ပြီး ဂေါက်သီးမျက်နှာပြင်က အချိုင့်လေးတွေကို နမူနာ ဖန်တီးထားတာလို့ ဆိုပါတယ်။ ဒီအချိုင့်လေးတွေဟာ ပြေးလွှားလှုပ်ရှာတဲ့ အချိန်မှာဝတ်စုံရဲ့ မျက်နှာပြင်မှာ လေထုအလွှာပါးတစ်ခုဖြစ်ပေါ်စေပြီး ခန္ဓာကိုယ်ရဲ့နောက်ဘက်မှာ လေဟာနယ် ဆွဲအား ဖြစ်ပေါ်မှုကို လျှော့ကျစေမှာဖြစ်ပါတယ်။ Nike ရဲ့ အဆိုအရတော့ ဒီဝတ်စုံကို ၀တ်ဆင်ထားတဲ့ အပြေးသမားတစ်ယောက်ဟာ မီတာ ၁၀၀ အပြေးပြိုင်ပွဲမှာ 0.23 စက္ကန့်ပိုမြန်လာတယ်လို့ ဆိုပါတယ်။ ဒါဟာ အလွန်နည်းပါးတဲ့ ပမာဏဖြစ်ပေမယ့် ကမ္ဘာ့အဆင့် မီတာ ၁၀၀ ပြေးပွဲတွေမှာတော့ အဆင့်များစွာ ပြောင်းလဲစေနိုငတဲ့ အချိန်ပမာဏဖြစ်ပါတယ်။ Nike က ဒီ Turbo Speed အားကစားဝတ်စုံကို ၂၀၁၂ လန်ဒန်အိုလံပစ်ပွဲတော်အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာလို့ ဆိုပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page