လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Facebook ကို ပိုမိုကောင်းမွန်စွာ အသုံးပြုနိုင်စေမည့် အချက်များ

Posted by Unknown Monday, November 12, 2012 0 comments
Facebook ဟာ လူမှုရေးကွန်ရက် ဝက်ဘ်ဆိုက်တွေထဲမှာ လူသုံးအများဆုံး ဖြစ်သလို ဆိုက်ရဲ့ ဒီဇိုင်း အပါအဝင် ပြုပြင်ပြောင်းလဲမှု များစွာကို ပြုလုပ်ထားပါတယ်။ အခုဖော်ပြမယ့် အချက်များဟာ အသုံးပြုသူရဲ့ Facebook အတွေ့အကြုံကို နောက်တစ်ဆင့် တက်စေပြီး လူမှုရေးကွန်ရက်ကို အသုံးပြုတဲ့ အခါမှာလည်း ယခင်ကထက် ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံနဲ့ အသုံးပြုစေမှာ ဖြစ်ပါတယ်။

သူငယ်ချင်းအချို့ကို offline လုပ်ထားခြင်း
Facebook chat window ကိုဖွင့်ပြီး စက်သွားပုံစံ option ခလုတ်ကို နှိပ်ပါ။ ထို့နောက် "Advanced Settings" သို့သွားပါ။ Pop-up window တစ်ခု ပေါ်လာတဲ့အခါမှာ "Turn  on chat for all friends except" အောက်မှာရှိတဲ့ box အတွင်း offline အဖြစ် မြင်တွေ့စေလိုတဲ့ သူငယ်ချင်းများကို ရွေးချယ်ထည့်သွင်းပါ။ သူငယ်ချင်း အချို့ကိုသာ online အဖြစ် မြင်တွေ့စေလိုရင်တော့ "Turn of chat for only some friends" အောက်မှာရှိတဲ့ box မှာ online အဖြစ် မြင်တွေ့စေလိုတဲ့ သူငယ်ချင်း အမည်များကို ထည့်ပါ။

Timeline ဓာတ်ပုံများကို နေရာချိန်ညှိခြင်း
ဓာတ်ပုံတစ်ပုံကို Facebook တင်လိုက်တဲ့အခါမှာ Timeline မှာ ကိုယ်လိုချင်တဲ့အတိုင်း ဓာတ်ပုံမပေါ်တဲ့ အခက်အခဲနဲ့ ကြုံတွေ့နိုင်ပါတယ်။ အဲဒီလို အခက်အခဲနဲ့ ကြုံတွေ့တဲ့ အခါမှာ Timeline စာမျက်နှာမှာ ရှိတဲ့ပုံရဲ့ ညာဘက် အပေါ်ထောင့်က "Edit Photo" ကိုနှိပ်ပြီး "Reposition Photo" option ကိုရွေးပါ။ ထို့နောက် ဓာတ်ပုံကိုနှိပ်ပြီး လိုချင်တဲ့ အနေအထားအတိုင်း ချိန်ညှိပါ။

ဓာတ်ပုံများတွင် ရိုက်ကူးခဲ့သည့်နေရာ ထည့်သွင်းဖော်ပြခြင်း
Facebook မှာပါဝင်တဲ့ "Places" feature ဟာ ဓာတ်ပုံများကို ရိုက်ကူးခဲ့တဲ့ ကမ္ဘာတစ်ဝန်းမှ နေရာများကို အလွယ်တကူ ဖော်ပြပေးနိုင်ပါတယ်။ Places စာမျက်နှာများရှိတဲ့ "Add Photos to Map" ကိုနှိပ်ပြီး ဓာတ်ပုံများကို tag ပြုလုပ်ခြင်းဖြင့် ပြုလုပ်နိုင်ပါတယ်။ အကယ်၍ ဓာတ်ပုံတွေကို iPhone နဲ့ Android mobile app ကနေ Facebook profile ထိ တိုက်ရိုက်တင်လေ့ ရှိတယ်ဆိုရင်တော့ map တစ်ပါတည်း ပါဝင်တာကို တွေ့ရပါမယ်။

App notification များကို အလွယ်တကူ hide လုပ်ခြင်း
News feed ထဲကို ဝင်ရောက်လာတဲ့ သူငယ်ချင်းတွေရဲ့ app notification တွေကို hide  ပြုလုပ်လိုတဲ့အခါမှာ Account Settings>Notifications tab သို့သွားပြီး သက်ဆိုင်ရာ app notification က uncheck ပြုလုပ်ပါ။ ဒီနည်းလမ်းဟာ ခင်မင်ရင်းနှီးမှုကို မပျက်စေဘဲ အလွယ်တကူ ပြုလုပ်နိုင်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဓာတ်ပုံများကို high resolution ဖြင့်တင်ခြင်း
တစ်ခါတစ်ရံမှာ အလွန်ကောင်းမွန်တဲ့ ဓာတ်ပုံတစ်ပုံကို သူငယ်ချင်းများထံ ဝေမျှလိုတဲ့အခါ Facebook profile မှာ အဆိုပါပုံကို တင်ပြီးတဲ့အခါ သေးငယ်ပြီး မှုန်းဝါတဲ့ ဓာတ်ပုံအနေနဲ့ မြင်တွေ့ရနိုင်ပါတယ်။ ဒါကြောင့် Facebook album တွေမှာ ဓာတ်ပုံတစ်ပုံကို uploate မပြုလုပ်မီ "High Quality" box ကို click လုပ်ရန် သတိပြုပါ။

"View As" option ကိုအသုံးပြုခြင်း
အသုံးပြုသူရဲ့ Facebook Timeline ကို သူငယ်ချင်းတွေက လာရောက် ကြည့်ရှုတဲ့အခါ ဘယ်လိုပုံစံနဲ့ မြင်တွေ့ရမလဲ ဆိုတာကို "View As" option ကို အသုံးပြုပြီး ကြည့်ရှုနိုင်ပါတယ်။ Timeline စာမျက်နှာရဲ့ "Activity Log" ဘေးမှာရှိတဲ့ setting icon ကိုနှိပ်ပါ။ ထို့နောက် "View As" ကိုနှိပ်ပါ။ အသုံးပြုသူရဲ့ Facebook Timeline ကို သူငယ်ချင်းတွေက လာရောက်လည်ပတ် ကြည့်ရှုတဲ့အခါ မြင်ရမယ့် ပုံစံကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Facebook history တစ်ခုလုံးကို download ပြုလုပ်ခြင်း
Status update အပါအဝင် Facebook profile တစ်ခုလုံးကို ချက်ချင်းဆိုသလို download ပြုလုပ်နိုင်ဖို့အတွက် Facebook က အလွယ်တကူ ပြုလုပ်ထားပါတယ်။ Account Settings စာမျက်နှာရဲ့ အောက်ဘက်မှာရှိတဲ့ "Download a copy of your Facebook data" link ကို နှိပ်ပြီး archive တစ်ခုလုံးကို download ပြုလုပ်နိုင်ပါတယ်။

Facebook conversations များကို forward ပြုလုပ်ခြင်း
Facebook conversation များကို လူအများအပြားထံ ပေးပို့တဲ့အခါမှာ copy and paste နည်းလမ်းအစား Facebook message တိုင်းရဲ့ ထိပ်ဘက်မှာရှိတဲ့ "Actions" tab ကိုနှိပ်ပြီး forward လုပ်ခြင်းဖြင့် အခြားသူများထံ ပေးပို့နိုင်ပါတယ်။

Like the Page
Like the Page ကတော့ Firefox အသုံးပြုသူများအနေနဲ့ built-in Facebook share ခလုတ်မပါတဲ့ ဆိုက်တွေနဲ့ မည်သည့်ဝက်ဘ်ဆိုက် စာမျက်နှာကိုမဆို ချက်ချင်း ဝေမျှနိုင်မယ့် Firefox add-on ဖြစ်ပါတယ်။ Browser window တိုင်းရဲ့အောက်ခြေမှာ သေးငယ်တဲ့ "Like" icon ပေါ်လာမှာဖြစ်ပြီး ၎င်းခလုတ်ကို နှိပ်ခြင်းဖြင့် ဝေမျှနိုင်ပါတယ်။

FB Purity
ဒီ Firefox  plug-in  ကတော့ Facebook ပေါ်က မွေးနေ့များ၊ relationship update များ၊ tag တွဲထားတဲ့ ဓာတ်ပုံများ၊ link များအပါအဝင် မည်သည့် notification ကိုမဆို hide ပြုလုပ်ထားနိုင်ပြီး Facebook ကို ရှင်းရှင်းလင်းလင်းနဲ့ အသုံးပြုနိုင်စေပါတယ်။

Facebook auto-logout
Facebook auto-logout ကတော့ Facebook window အလုပ်မလုပ်တဲ့အချိန် ကြာမြင့်သွားတဲ့အခါမှာ အလိုအလျောက် sign-out ပြုလုပ်ပေးနိုင်တာကြောင့် အသုံးပြုသူအတွက် လုံခြုံမှုရှိစေမယ့် Firefox add-on ဖြစ်ပါတယ်။

Chat sign-in ပိတ်ခြင်းကို default ပြုလုပ်ထားခြင်း
Status update ကို ရှာဖွေ ဖတ်ရှုနေချိန်အတွင်း chat ပြုလုပ်လိုစိတ် မရှိပါက Facebook chat window မှာရှိတဲ့ Settings icon ကိုနှိပ်ပြီး "Turn of chat" ကိုနှိပ်ပါ။ ၎င်းကဲ့သို့ ပြုလုပ်ပြီးတဲ့အခါမှာ message များကို pop-up အနေနဲ့မဖော်ပြတော့ဘဲ inbox ထံပေးပို့မှာ ဖြစ်ပါတယ်။

Facebook ကို business card အနေဖြင့် အသုံးပြုခြင်း
Timeline စာမျက်နှာမှာ အသုံးပြုသူရဲ့ အကြောင်းကို business card တစ်ခုအနေနဲ့ အတိအကျ ဖော်ပြလိုတဲ့အခါမှာ အသုံးပြုသူရဲ့ Timeline နာမည်အောက်ရှိတဲ့ "About" line ကိုနှိပ်ပါ။ Contact Info window ဘေးမှာရှိတဲ့ business card icon ကိုနှိပ်ပါ။ Moo.com ထံ ရောက်သွားပါလိမ့်မယ်။ အဲဒီမှာ Facebook ပုံစံ business card ကို စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်ပါတယ်။

Facebook update ကို Twitter နှင့် အသုံးပြုခြင်း
လူမှုရေးကွန်ရက် အားလုံးကို အသုံးပြုဖို့ အချိန်မပေးနိုင်သူများ အနေနဲ့ Facebook နဲ့ Twitter ကို ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။ Facebook ပေါ် က Twitter app စာမျက်နှာကို သွားပါ။ ထို့နောက် Twitter ကနေ Facebook app ကို authorize လုပ်ပြီးတဲ့အခါမှာ tweet အားလုံးကို status update များအနေနဲ့ Facebook မှာ မြင်တွေ့နိုင်ပါပြီ။

PC ထံသို့ Facebook calendar ကို export လုပ်ခြင်း
အရေးကြီးတဲ့ event တွေနဲ့ လွဲချော်မှု မရှိစေရန်အတွက် Facebook calendar ကို Microsoft Outlook နဲ့ Apple iCal တို့မှာ export လုပ်ထားနိုင်ပါတယ်။ "Events" tab အောက်မှာရှိတဲ့ Facebook calendar သို့သွားပါ။ ထို့နောက် settings icon ကိုနှိပ်ပါ။ "Expor" ကိုနှိပ်ပါ။ ထို့နောက် Facebook မွေးနေ့စာရင်းနဲ့ event တွေကို ရွေးပါ။ Desktop ပေါ်မှာရှိတဲ့ calendar app ကိုဖွင့်ပြီး export လုပ်ပါ။

Facebook Photo zoom
Facebook Photo zoom လို့ခေါ်တဲ့ chrome extension ဟာ news feed ပေါ်က ဓာတ်ပုံများကို နှိပ်စရာမလိုဘဲ full size အနေနဲ့ ကြည့်ရှုနိုင်ပါတယ်။ Mouse cursor ကို image thumbnail ကိုတင်လိုက်ရုံနဲ့ အရွယ်ကြီးမားတဲ့ ဓာတ်ပုံကို မြင်တွေ့ရမှာပါ။ ဒါ့အပြင် zoom ကိုလည်း ချိန်ညှိနိုင်ပါတယ်။

Revert Facebook Photo viewer
ဒီ chrome extension ကတော့ ယခင် Facebook ရဲ့ photo feature အတိုင်း ဓာတ်ပုံများကို ဖော်ပြပေးမှာဖြစ်ပါတယ်။ ဓာတ်ပုံများကို ယခင် feature အဟောင်းအတိုင်း တွေ့မြင်ရမှာ ဖြစ်သလို comment section နဲ့ Like option တို့ကိုလည်း ယခင်အတိုင်း တွေ့ရမှာ ဖြစ်ပါတယ်။

Facebook Chat notifications
Facebook Chat notifications ကတော့ message ဝင်ရောက်လာတဲ့ အခါမှာ desktop ပေါ်ကနေ pop-up window တစ်ခုနဲ့ အသိပေးမယ့် chrome extension ဖြစ်ပါတယ်။

(ဘမ္ဘီ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page