လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

iPhone 5 နဲ့အတူထွက်ရှိလာသည့် Apple နားကြပ်အသစ်

Posted by Unknown Monday, November 5, 2012 0 comments
iPhone 5 နဲ့အတူ ပူးတွဲ ပါဝင်ထွက်ရှိလာမယ့် Headphone ဆိုပြီး ဗီယက်နမ် အခြေဆိုက် Foxconn စက်ရုံက ထုတ်လုပ်နေပြီလို့ ဆိုပါတယ်။ Prototype ပုံစံငယ်ကို ယခုလို ရိုက်ကူးပြီး ဗီယက်နမ် နည်းပညာ ဝဘ်ဆိုဒ် Tinhte.vn က ကြေညာခဲ့တာ ဖြစ်ပါတယ်။ ယခင်က ထွက်ရှိခဲ့တဲ့ ဒီဇိုင်းဟောင်း နားကြပ် (Headphone) နေရာကို အစားထိုးမယ့် ဒီဇိုင်းသစ် ဖြစ်တယ်လို့ ဆိုပါတယ်။ ယင်း Prototype ကတော့ ဗီယက်နမ် Phax Co စက်ရုံက ထုတ်လုပ်တာ ဖြစ်ပါတယ်။ အရွယ်အစား ပိုမိုသေးငယ်သွားပြီး မြင်းခေါင်း (horse's head) ပုံသဏ္ဍန် ရှိ တယ်လို့ ဆိုပါတယ်။ Designed by Apple in California, assembled in Vietnam ဆိုတဲ့ စာနဲ့ ထုတ်လုပ်လာမယ်လို့ ဆိုပါတယ်။ ယခင် ဒီဇိုင်းဟောင်း နားကြပ်များကို တရုတ်ပြည်မှာထုတ်လုပ်ပြီး ဗီယက်နမ်မှာလည်း အနည်းစု ထုတ်လုပ်ခဲ့ပါတယ်။ ယခုတစ်ခါမှာတော့ ဗီယက်နမ်မှာ အဓိကထား ထုတ်လုပ်နိုင်ချေရှိတယ်လို့ ဗီယက်နမ် အခြေဆိုက် Apple ကုမ္မဏီများမှ သတင်းများထွက်နေတယ်လို့ သိရပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page