လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Nokia Lumia 920 က iPhone 4S ထက် ကင်မရာပိုကောင်း

Posted by Unknown Monday, November 5, 2012 0 comments

ကင်မရာချင်း ယှဉ်လိုက်တာ ဖြစ်ပါတယ်။ အလင်းရောင်မရှိတဲ့ အလုံပိတ် Space ထဲမှာ ပန်းပုံကို Lumia 920, iPhone 4s တို့နဲ့အတူတူ ရိုက်ခဲ့ပါတယ်။ ထွက်လာတဲ့ ပုံက iPhone 4S မှာ မှောင်မဲနေပြီး Nokia Lumia 920 မှာ သူ့အရောင်နဲ့သူ ထင်သာအောင် ဖန်တီးပေးနိုင်တာ တွေ့ရပါတယ်။ ဒီမှာ ကင်မရာ နှစ်ခုလုံး ဘာ ပုံတည်းဖြတ် Software အပိုမှ အသုံးပြုမထားပါဘူး။ ဖုန်းမှာ Original ပါတဲ့ App တွေနဲ့ အလုပ်လုပ်သွားတာ ဖြစ်ပါတယ်။ Nokia Lumia 920 ဟာ လက်တလောထွက်ရှိတဲ့ Window Phone 8 OS သုံး စမတ်ဖုန်းဖြစ်ပါတယ်။ နောက်ကင်မရာ ၈.၇ megapixel ရှိပါတယ်။ iPhone 4S ကတော့ ၈ megapixel ပဲရှိပါတယ်။ တစ်ခါတလေကျတော့ ပုံထွက် ကောင်းမကောင်းက Pixel -resolution နဲ့မဆိုင်ပါဘူး။ သူ့နေရာသူ အလင်းအမှောင်အချိန်အဆထွက် ထောက်ပံ့ပေးတဲ့ နည်းပညာကလည်း ထည့်သွင်းစဉ်းစားစရာ တစ်ခု ရှိပါတယ်။ iPhone 4S မှာ ဓာတ်ပုံကို ပြန် Edit လုပ်ပေးမယ့် Snapseed လို Application မပါဝင်ပါဘူး။ Lumia 920 ကတော့ image processing technology အဆင့်မြင့်ပါတယ်။ အလင်းရောင်ခပ်များများ ရသွားအောင် slower shutter speed နဲ့ အလုပ်လုပ်သွားပါတယ်။ ဒါကြောင့် အမှောင်ထဲမှာ ရိုက်တာတောင် ပုံရိပ်ကို Detail ကျကျ ဖမ်းယူနိုင်ခြင်း ဖြစ်ပါတယ်။ Nokia Lumia 920 အနေနဲ့ ထွက်ထွက်ချင်း မျက်နှာပန်းလှခဲ့ပြီး iPhone 5 ထွက်ရှိတဲ့အခါ ဒီလို ယှဉ်ပြိုင်နိုင်အုံးမလားဆိုတာတော့ Apple ခရေဇီတွေ စိန်ခေါ်ထားပါတယ်။ Nokia ကပဲ ဦးဆောင်လုပ်ခဲ့တဲ့ ယင်း test ကို iPhone 5 ထွက်တဲ့အခါ ထပ်လုပ်မယ်လို့လည်း သိရပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page