လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

LG Optimus G အသစ်

Posted by Unknown Monday, November 5, 2012 0 comments

အမြင့် ၅.၂ လက်မ၊ အကျယ် ၂.၇ လက်မနဲ့ အထူ ၀.၃၃ လက်မရှိပြီး အလေးချိန် စုစုပေါင်းကတော့ ၅.၁၂ ပေါင် ရှိပါတယ်။  ဖုန်းကို အဖြူနဲ့အနက် အရောင်နှစ်မျိုးနဲ့ ထုတ်လုပ်ထားပြီး လက်တစ်ဖက်တည်းနဲ့ ကိုင်ဆောင် အသုံးပြုဖို့အတွက်တော့ အဆင်ပြေခြင်း မရှိပါဘူး။ Screen ရဲ့ အောက်ဘက်မှာ Back, Home နဲ့ Menu touch-sensitive ခလုတ်သုံးခုကို တွေ့ရပြီး screen ရဲ့ အပေါ်ဘက်မှာတော့ 1.3 megapixel front-facing ကင်မရာ တပ်ဆင်ပေးထားပါတယ်။ ဖုန်းရဲ့ ဘယ်ဘက်မှာ အသံထိန်းခလုတ်ပါရှိပြီး ဖုန်းရဲ့ ညာဘက်မှာတော့ power ခလုတ် ထည့်သွင်းထားပါတယ်။ Micro-USB  charging port ကို ဖုန်းရဲ့ အောက်ဘက်မှာ ထည့်သွင်းထားပြီး ဖုန်းရဲ့ အပေါ်ဘက်မှာတော့ 3.5 မီလီမီတာအရွယ် နားကြပ်ပေါက် ပါဝင်ပါတယ်။ ဖုန်းရဲ့ ကျောဘက်မှာ LED flash နဲ့ 13 mega-pixel ကင်မရာတို့ ကိုတွေ့ရမှာ ဖြစ်ပါတယ်။ LG Optimus G မှာ Android 4.0.4 Ice Cream Sandwich operating  system ကို အသုံးပြုထားပြီး Gmail, Maps with  Navigation, Search, Shopper, YouTube  စတဲ့ Google ဝန်ဆောင်မှုတွေအပြင် Google Play store  တွေကိုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းပေါ်က ပုံရိပ်တွေကို အခြားဖုန်းတွေနဲ့ တီဗီတွေမှာ ဝေမျှအသုံးပြုနိုင်မယ့် Dual Screen Dual Play feature လည်း ထည့်သွင်းထားပြီး Wi-Fi, Bluetooth, GPS စတာတွေအပြင် NFC စနစ်လည်း ထောက်ပံ့ထားပါတယ်။ အလွန်လျင်မြန်တဲ့ 1.5GHz  quad-core Qualcomm  Snapdragon S4 Pro ပရိုဆက်ဆာထည့်သွင်း ထုတ်လုပ်ထားပြီး ဂရပ်ဖစ်သုံးစွဲမှုများတဲ့ ဂိမ်းတွေကိုလည်း အလွန်ကောင်းမွန်စွာ ဆော့ကစားနိုင်ပါတယ်။ RAM 2GB နဲ့ internal memory 32GB ပါဝင်ပြီး memory  ကို ထပ်မံတိုးပြီး အသုံးပြုနိုင်ခြင်း မရှိပါဘူး။  ကင်မရာ အရည်အသွေးပိုင်းလည်း အထူးကောင်းမွန်ပြီး ဗီဒီယိုရိုက်ကူးနေစဉ်မှာ ရုပ်ငြိမ်ဓာတ်ပုံတွေ ရိုက်ကူးနိုင်မယ့် option တစ်ခုကိုလည်း LG Optimus G မှာ တွေ့ရပါတယ်။ 850/900/1800/1900  ကွန်ရက်နဲ့ 4G ကွန်ရက်တွေမှာ ကောင်းမွန်စွာ အသုံးပြုနိုင်ပါတယ်။ 2,100mAh ဘက်ထရီအမျိုးအစား အသုံးပြုထုတ်လုပ်ထားတာ ဖြစ်ပြီး ဝက်ဘ်အသုံးပြုမယ်ဆိုရင်တော့ ဘက်ထရီသက်တမ်းကို ကြာရှည်စွာ အသုံးမပြုနိုင်ပါဘူး။

အားသာချက် - LG Optimus G မှာ အရည်အသွေး အလွန်ကောင်းမွန်တဲ့ ကင်မရာကို တပ်ဆင်ထားပြီး quad-core CPU အသုံးပြုထားပါတယ်။ Touch screen အရည်အသွေး လည်းကောင်း မွန်တာ တွေ့ရပါတယ်။

အားနည်းချက် - MicroSD card slot ထည့်သွင်းပေးထားခြင်း မရှိဘဲ ဘက်ထရီကလည်း ကြာရှည် အသုံးပြုနိုင်ခြင်း မရှိပါဘူး။ အသံထွက် အရည်အသွေးလည်း အားနည်းပါတယ်။

(CNET)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page