လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Mobile ပြုပြင်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်တစ်ဦးအဖြစ် အသက်မွေးမှုဆိုင်ရာ အလုပ်အကိုင်အကြောင်း သိထားသင့်သမျှ

Posted by Unknown Monday, November 5, 2012 0 comments

ပြည်တွင်း မိုဘိုင်းဈေးကွက်က လေ့လာကြည့်မယ်ဆိုရင် လွန်ခဲ့တဲ့ နှစ်များကထက် များစွာ ဖွံ့ဖြိုးတိုးတက်လာတာကို တွေ့ရပါတယ်။  မိုဘိုင်းဖုန်းလိုင်းများ ဈေးနှုန်း သက်သာလာခြင်းနဲ့အတူ ဖုန်းကိုင်ဆောင်သူ ပမာဏဟာလည်း တစ်ရှိန်ထိုး တိုးတက်လာခဲ့ပါတယ်။ မရမဖြစ် လိုအပ်ချက် တစ်ခုအဖြစ် အသွင်ဆောင်လာတဲ့ မိုဘိုင်းဖုန်း ကိုင်ဆောင်မှုဟာ နှောင်းပိုင်းနှစ်တွေမှာ ပိုမိုမြင်တွေ့နိုင်တော့မှာလည်း ဖြစ်ပါတယ်။ မိုဘိုင်းဖုန်း ကိုင်ဆောင်သူ အရေအတွက် မြင့်မားခြင်းနဲ့ အတူ မိုဘိုင်းဟန်းဆက် ဈေးကွက်ဟာလည်း အားကောင်းလာခဲ့ပါတယ်။ နာမည်ကြီး အမှတ်တံဆိပ်များ ဝင်ရောက်လာခြင်းနဲ့အတူ တန်ဖိုးနည်း ဟန်းဆက်များ အနေနဲ့လည်း ဈေးကွက်အတွင်း များပြားစွာ ဝင်ရောက်လာခဲ့ပါတယ်။ ဟန်းဆက်များအတွက် အသုံးပြုတဲ့ OS တွေလည်း များပြားစွာ ပေါ်ထွက်ခဲ့ပြီး ဈေးကွက်ဝေစုကို အပြိုင်အဆိုင် ရယူလျက်ရှိပါတယ်။ ဟန်းဆက်တွေဟာ အကြောင်း အမျိုးမျိုးကြောင့် ပျက်စီးပြီဆိုရင်တော့ ပြုပြင်ခြင်းဆီကို မဖြစ်မနေ ရောက်ရှိလာမှာဖြစ်ပြီး မိုဘိုင်းဖုန်း အရေအတွက် များပြားခြင်းနဲ့အတူ MobileHardware Engineer တွေရဲ့ အခန်းကဏ္ဍဟာလည်း အရေးပါလာခဲ့ပါတယ်။ မိုဘိုင်းဟန်းဆက်များကို အကြမ်းအနေနဲ့ လေ့လာကြည့် မယ် ဆိုရင်တော့ တန်ဖိုးမြင့်တဲ့ Smart Phone တွေ များစွာရှိသလို၊ တန်ဖိုးနည်း ဖုန်းတွေလည်း များစွာရှိနေတာကို တွေ့ရပါတယ်။ နာမည်ကြီး အမှတ်တံဆိပ်တွေဖြစ်တဲ့ Apple, Samsaung,  Blackberry,  HTC တို့ဟာဆိုရင် iOS, Android, RIM တို့ကို အသုံးပြုပြီး ဈေးကွက်အတွင်းမှာ သုံးစွဲသူများကို ဆွဲဆောင်နေပါတယ်။ Hardware ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေအတွက် Hardware Engineer များဟာ လိုအပ်ချက် တစ်ခု ဖြစ်လာပါတယ်။ Mobile Hardware Training တွေ ဟာ ပြည်တွင်းမှာ ဖွင့်လှစ် သင်ကြားနေကြပြီ ဖြစ်ပါတယ်။ Hardware သင်ကြားမှုတွေ ကို လေ့လာကြည့်မယ်ဆိုရင် Handset အမျိုးအစားအလိုက် သင်ကြားမှုတွေကို တွေ့ရပါတယ်။ Apple ရဲ့ iPhone Hardware Training တွေကိုတော့ သီးသန့်ရပ်တည်မှု အနေနဲ့ တွေ့မြင်ရပြီး သင်တန်းကြေး အနေနဲ့လည်း အခြား Hardware Training များထက် အနည်းငယ် ဈေးများတာကို တွေ့ရပါတယ်။ Handset တစ်လုံးအတွက် အရေးအကြီးဆုံးဖြစ်တဲ့ Display ပိုင်း ပြင်ဆင်မှု၊ Buffer လဲလှယ်ခြင်း၊ Ear Piece, Mic လဲလှယ်ခြင်း၊ Antenna လဲလှယ်ခြင်း အစရှိတာတွေကိုလည်း သင်ယူရမှာ ဖြစ်ပါတယ်။ ဖုန်းတစ်လုံးရဲ့ အဖြစ်များတဲ့ ပျက်စီးမှုတစ်ခုဖြစ်တဲ့ ရေဝင်ခြင်း အကြောင်းအရာကို ဖြေရှင်းနိုင်ဖို့ အတွက်လည်း နည်းလမ်းများ သင်ယူရမှာ ဖြစ်ပါတယ်။ သင်ကြားမှုတွေမှာတော့ သက်ဆိုင်ရာ ဆက်စပ်ပစ္စည်းများနဲ့ သင်ကြားမှုဟာ ပိုမိုထိရောက်နိုင်ပါတယ်။ Apple iPhone များဟာ ဈေးကွက် အတွင်းမှာ တန်ဖိုးကြီး ဖုန်းများဖြစ်ပြီး Hardware ပိုင်း ပြင်ဆင်မှု လိုအပ်ချက်မှာလည်း အများဆုံး ဖြစ်ပါတယ်။ Apple iPhone Hardware Training သီးသန့်သင်ကြားမှုကို တက်ရောက်ခြင်းဟာလည်း အနာဂတ်အတွက် အလုပ်အကိုင် အခွင့်အလမ်း သေချာစေတဲ့ ပညာရပ်တစ်ခု ဖြစ်ပါတယ်။ အခြား ဆက်စပ်သင်ကြားမှု အနေနဲ့ Mobile Software Installation ပိုင်းကိုပါ တစ်ပါတည်း လေ့လာသင့်ပါတယ်။ သက်ဆိုင်ရာ ဖုန်းအမျိုးအစားအလိုက် OS Installation, Firmware Downgrade/Upgrade  ပြုလုပ်ခြင်းများ၊ Software Installation ပိုင်း အပါအဝင် အခြားလုပ်ဆောင်ချက်တွေကိုပါ လေ့လာ သင်ယူသင့်ပါတယ်။ iOS နဲ့ပတ်သက်တဲ့ Jailbreak, Unlock ပိုင်းဟာလည်း လူအများ စိတ်ဝင်စားကြပြီး ပြည်တွင်းမှာ ဈေးကွက်တစ်ခု ရှိနေတဲ့ ပညာရပ် တစ်ခု ဖြစ်ပါတယ်။ ပြည်တွင်းမှာရှိတဲ့ ဖုန်းဆိုင် အများစုဟာလည်း Software Installation ပိုင်းနဲ့ Hardware ပြင်ဆင်မှုပိုင်း ကျွမ်းကျင်ပညာရှင်များ များစွာလိုအပ်လျက် ရှိနေပါတယ်။ နယ်ဒေသများမှာလည်း ဆိုင်တစ်ဆိုင်အနေနဲ့ ကိုယ်ပိုင် စီးပွားရေးလုပ်ငန်း ဖန်တီးလိုသူများ အနေနဲ့ အကောင်းမွန်ဆုံးသော အခွင့်အရေး တစ်ခု ဖြစ်ပါတယ်။ Android ဖုန်းများအတွက် Root ပြုလုပ်ခြင်း၊ မြန်မာစာ ထည့်သွင်းခြင်း အပါအဝင် အခြား Configuration ပိုင်း သင်ယူပြီးတော့လည်း ဈေးကွက်ဝေစု မြင့်မားနေတဲ့ Android Handset တွေကို ကျွမ်းကျင်စွာ ပြုပြင်နိုင်မှာ ဖြစ်ပါတယ်။ အခြား Handset များဖြစ်တဲ့ Blackberry, HTC, Nokia အစရှိတဲ့ ဟန်းဆက်တွေကို ပြုပြင်ခြင်းတွေဟာလည်း ဈေးကွက်အတွက် မရှိမဖြစ် အနေနဲ့ ဆက်လက် ရပ်တည်နေဦးမှာ ဖြစ်ပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page