လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Magic Camera Software

Posted by Unknown Tuesday, November 13, 2012 0 comments

Magic Camera ဟာ Virtual Web Cam တစ်ဖြစ်လဲ ဖန်တီးထားတဲ့ ဆော့ဖ်ဝဲလ် အမျိုးအစားတစ်ခုဖြစ်ပြီး  MSN Messenger, Skype, Camfrog, blogtv အစရှိတာတွေနဲ့လည်း တွဲဖက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Magic Camera ရဲ့ အားသာချက်တွေကတော့ Effect များစွာ ပါဝင်ပြီး၊ အမှတ်တရ Animation Photo, Video ရိုက်ကူးခြင်းအတွက်ပါ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Screen Capture အတွက်လည်း သီးသန့် Feature တစ်ခုပါဝင်လို့ များစွာ အသုံးတည့်လှပါတယ်။ Magic Camera ရဲ့ လက်ရှိ Version ကတော့ 7.2.1 ကို ရောက်ရှိနေပြီဖြစ်ပြီး၊ အခပေး ဆော့ဖ်ဝဲလ် အမျိုးအစားတစ်ခု ဖြစ်ပါတယ်။ Trial အနေနဲ့ရယူ သုံးစွဲမယ်ဆိုရင်တော့ ရက် (၃၀) အသုံးပြုနိုင်မှာဖြစ်ပြီး၊ Output မှာ Watermark ပါဝင်နေမှာ ဖြစ်ပါတယ်။ Video Chat ပြုလုပ်တော့မယ်ဆိုရင် တစ်ဦးနဲ့တစ်ဦး စကားပြောဆိုရာမှာ တစ်ဖက်လူအနေနဲ့ Animation လေးတွေပါ မြင်တွေ့စေချင်တယ် ဆိုရင်တော့ Magic Camera ဟာ ရွေးချယ်အသုံးပြုသင့်တဲ့ ဆော့ဖ်ဝဲလ်အမျိုးအစားတစ်ခုအဖြစ် သတ်မှတ်နိုင်ပြီဖြစ်ပါတယ်။ Magic Camera မှာ Effect အမျိုးအစားပေါင်း တစ်ထောင်ကျော် ပါဝင်နေတဲ့အတွက် အသုံးပြုတဲ့ နေရာမှာလည်း မရိုးနိုင်အောင် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Magic Camera က Movie Player တစ်ခုအပြင် Photo Effect Editor အဖြစ်ပါ ထပ်မံ အသုံးပြုနိုင်မှာဖြစ်လို့လည်း များစွာ အဆင်ပြေလှပါတယ်။ Magic Camera ရဲ့ User Interface ကို လေ့လာကြည့်မယ် ဆိုရင်တော့ Main Frame နဲ့ Effect Panel တို့ ပါဝင်နေပါတယ်။ Effect Panel ကတော့ လုပ်ဆောင်ချက်များစွာ ပါဝင်နေတဲ့အတွက် အနည်းငယ် ရှုပ်ထွေးနေသလို ခံစားရနိုင်ပါတယ်။ Main Frame ကတော့ Display Screen နဲ့အတူ အသုံးပြုနိုင်မယ့် Feature တွေကို အဓိက ဖော်ပြပေးတဲ့နေရာတစ်ခု ဖြစ်ပါတယ်။ Menu အနေနဲ့တော့ View, Tools, Help သုံးခုသာ ပါဝင်ပြီး၊ View မှာတော့ Skin, Language, Size တို့ကို ရွေးချယ် သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Display Screen ရဲ့ အောက်ဖက်နားမှာတော့ Camera အတွက် Snap, Record တို့ ပါဝင်သလို၊ Movie နဲ့ Photo တို့အတွက် Play, Stop တို့ ပါဝင်ပါတယ်။ အောက်ဆုံးမှာတော့ Infromation Box တစ်ခု ပါဝင်ပြီး လက်ရှိလုပ်ဆောင်ချက်တွေကို ပြန်လည်ဆန်းစစ်နိုင်မှာ ဖြစ်ပါတယ်။ Display Screen ရဲ့ ညာဘက်မှာတော့ Feature တွေကို ရွေးချယ်ပေးနိုင်မယ့် နေရာလေးတစ်ခု ပါဝင်ပါတယ်။ Feature တွေကတော့ Magic Camera ရဲ့ အဓိက လုပ်ဆောင်ချက်များဖြစ်တဲ့ Webcam, Capture Screen, Play Video, Photo တို့ကို တွေ့ရမှာ ဖြစ်ပါတယ်။ အဆိုပါ Feature တွေထဲကနေ မိမိအသုံးပြုလိုတဲ့ Feature ကို ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ Webcam ကို အသုံးပြုမယ်ဆိုရင်လည်း မိမိအသုံးပြုလိုတဲ့ Webcam ကို ရွေးချယ်ပေးနိုင်မှာဖြစ်ပြီး၊ Capture Screen အနေနဲ့လည်း သတ်မှတ်ပေးထားတဲ့ Box အတွင်းက Screen Shot များကို ရယူနိုင်မှာဖြစ်ပါတယ်။ Video Play ကတော့ Magic Camera ကို Media Player တစ်ဖြစ်လဲ အသုံးပြုနိုင်ဖို့ဖြစ်ပြီး၊ Photo ကတော့ Photo တွေကို Effect ထည့်သွင်းနိုင်ဖို့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Magic Camera ရဲ့ Main Frame ကို လေ့လာကြည့်ပြီးချိန်မှာတော့ တစ်ဖက်မှာပါဝင်လာတဲ့ Effect Panel ကို လေ့လာကြည့်မှာ ဖြစ်ပါတယ်။ Effect Panel မှာဆိုရင် Effect တွေ များစွာပါဝင်နေပြီး၊ အဆိုပါ Effect တွေကို Modify ပြုလုပ်နိုင်မှာဖြစ်ပြီး၊ အသစ်များကိုလည်း ထပ်မံထည့်သွင်းပေးနိုင်မှာ ဖြစ်ပါတယ်။ Effect အတွက် အဓိကအနေနဲ့ Categories (၁၂) ခုပါဝင်ပြီး၊ အဆိုပါ (၁၂) ခု အောက်မှာ Effect ပေါင်းများစွာကို ထည့်သွင်းပေးထားပါတယ်။ Photo အတွက် Effect များပါဝင်သလို၊ Movie အတွက်လည်း Effect တွေ ထည့်သွင်းပေးထားပါတယ်။ အဆိုပါ Effect တွေအားလုံးကို Web-cam အသုံးပြုတဲ့နေရာမှာလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Effect အသစ်တွေကို အသုံးပြုချင်တယ်ဆိုရင်တော့ Online မှ တစ်ဆင့်လည်း ရယူနိုင်မှာဖြစ်ပြီး၊  မိမိကိုယ်တိုင် ဖန်တီးထားတဲ့ Effect များကိုလည်း ထည့်သွင်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Magic Camera ဟာ ဘက်စုံအသုံးပြုနိုင်မယ့် Software  အမျိုးအစား တစ်ခုဖြစ်ပြီး၊ Online အသုံးပြုတဲ့ Video  Conference  တွေအတွက်တော့ အဆင်အပြေဆုံး  Webcam  Effect ဆော့ဖ်ဝဲလ် အမျိုးအစား တစ်ခုဖြစ်ပါတယ်။ အသုံးပြုတဲ့ နေရာမှာလည်း လွယ်ကူရိုးရှင်းတဲ့ အတွက်ကြောင့် အသုံးပြုသူမရွေး သုံးနိုင်မှာ ဖြစ်ပါတယ်။ Video Chat အသုံးများသူများ အနေနဲ့တော့ Magic Camera ကို မဖြစ်မနေ ထည့်သွင်း အသုံးပြုသင့်ကြောင်း အကြံပြုလိုက်ပါတယ်။

ကိုစိုင်း

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page