လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Restaurant Manager Software

Posted by Unknown Monday, November 12, 2012 0 comments
Restaurant Manager ဆော့ဖ်ဝဲလ်ကတော့ ပြည်တွင်းက ကုမ္ပဏီတစ်ခုဖြစ်တဲ့ ZillionCom ရဲ့ ထုတ်ကုန်တစ်ခုဖြစ်ပါတယ်။  Restaurant တွေမှာ အသုံးပြုဖို့အတွက် စီစဉ်ရေးဆွဲထားတာဖြစ်ပြီး၊ User Level မရွေး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ User Interface ရိုးရှင်းပြီး မြန်မာ၊ အင်္ဂလိပ် နှစ်ဘာသာ ရွေးချယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Restaurant  Manager ဆော့ဖ်ဝဲမှာ အဓိကအနေနဲ့ အပိုင်းနှစ်ပိုင်း ပါဝင်နေပါတယ်။ ပထမပိုင်းကတော့ Sales Controlling System ဖြစ်ပြီး ဒုတိယပိုင်းကတော့ Kitchen Controlling System ဖြစ်ပါတယ်။ အရောင်းပိုင်းကို အဓိက ထိန်းချုပ်ပေးမယ့် Sales Controlling System နဲ့ မီးဖိုဆောင်ပိုင်းကို စာရင်းပြုလုပ်ပေးမယ့် Kitchen Controlling System တို့ကို အကောင်းမွန်ဆုံး ပေါင်းစပ်ထားတဲ့ ဆော့ဖ်ဝဲ အမျိုးအစားတစ်ခုဖြစ်ပါတယ်။ Restaurant Manager ဟာ စားသောက်ဆိုင် တစ်ခုရဲ့ ကိစ္စအဝဝကို အပြည့်စုံဆုံး ထည့်သွင်း ပေးထားတာကိုလည်း တွေ့ရ ပါတယ်။ ဆော့ဖ်ဝဲရဲ့ လုပ်ဆောင်ချက်တွေထဲက စိတ်ဝင်စားဖွယ်ရာ အကြောင်းအရာတွေကတော့ Cashier Counter မှ Kitchen ဘက်သို့ Printer များ အသုံးပြု၍ Direct Bon Slip များ ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ ဟင်းပွဲများရဲ့ Portion များကို သတ်မှတ်ပေးနိုင်မှာ ဖြစ်သလို မှာယူတဲ့ ဟင်းပွဲတွေအလိုက် Store ထဲကနေ Stock တွေကို ထုတ်နှုတ်ပေးသွားမှာလည်း ဖြစ်ပါတယ်။ အခြားပေါင်းစပ် လုပ်ဆောင်ချက်များ အနေနဲ့ကတော့ Split Bill, Credit Bill, FOC  Bill, FOC Item, Discount တွေ ပါဝင်နေပါတယ်။

ဆော့ဖ်ဝဲရဲ့ အဓိက ပါဝင်တဲ့ အစိတ်အပိုင်းနှစ်ခုကို အသေးစိတ် လေ့လာကြည့်မယ်ဆိုရင် ပထမပိုင်းဖြစ်တဲ့ Sales Controlling System မှာ ဆိုရင်တော့ အရောင်းပိုင်းဆိုင်ရာကို အဓိက ထိန်းချုပ်ဖို့အတွက် စီမံထားပါတယ်။ မှာယူတဲ့ အစားအသောက်တွေ အတွက် Kitchen နဲ့ ချိတ်ဆက်နိုင်ဖို့ နည်းစနစ်တွေ ထည့်သွင်းပေးထားပြီး၊ Bon Slip တွေကို Printer များမှတစ်ဆင့် ပေးပို့နိုင်မှာ ဖြစ်ပါတယ်။ မှာယူတဲ့ အကြောင်းအရာ တစ်ခုချင်းစီအလိုက် Split Bill  ခွဲရှင်းပေးနိုင်မှာ ဖြစ်ပြီး၊ မှာယူစားသုံးတဲ့ ဟင်းပွဲတွေအတွက် FOC Item, FOC Bill, Credit Bill များ သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ကျသင့်ငွေ၊ အခွန်အခ၊ ဝန်ဆောင်ခ၊ လျှော့ပေးငွေ အစရှိတာတွေကိုလည်း အလွယ်တကူ တွက်ချက်ပေးနိုင်ဖို့ Restaurant Manager မှ တွက်ချက်ပေးမှာ ဖြစ်ပါတယ်။ စားသုံးသူများကို ပေးရန်အတွက် Bill ကိုလည်း သပ်ရပ်လှပစွာ ထုတ်ပေးနိုင်ဖို့ စီမံထားပါတယ်။ Sales Controlling System ရဲ့ အဓိက လုပ်ဆောင်ချက်ဖြစ်တဲ့ အရောင်းစာရင်းပိုင်းကိုလည်း အတိကျဆုံးသော တွက်ချက်မှုများနဲ့ ထိန်းချုပ် ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ စားသောက်ဆိုင်ရဲ့ လချုပ်၊ နှစ်ချုပ်၊ အရှုံးအမြတ်တွေကိုလည်း တွက်ချက်ပေးနိုင်မှာဖြစ်ပြီး အသုံးပြုသူများအတွက် အကောင်းမွန်ဆုံးသော ဆော့ဖ်ဝဲအမျိုးအစား တစ်ခုဖြစ်ပါတယ်။
ဆော့ဖ်ဝ်ရဲ့ ဒုတိယပိုင်းဖြစ်တဲ့ Kitchen  Controlling System မှာတော့ မီးဖိုချောင် ထိန်းသိမ်းမှုဆိုင်ရာ အကြောင်းအရာများကို စီမံဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ ဆော့ဖ်ဝဲကို အသုံးပြုပြီး ဟင်းပွဲတွေရဲ့ Portion ကို သတ်မှတ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဟင်းပွဲများ အရောင်းစာရင်း ထည့်သွင်းမှု အတွက် Portion  အလိုက် Store လက်ကျန် Stock တွေကို နုတ်ပေးသွားမှာ ဖြစ်ပါတယ်။ Store စာရင်းအတွက်လည်း Item Balance ကို Manual Ground Check နဲ့ နှိုင်းယှဉ်စစ်ဆေးပြီး၊ ဆော့ဖ်ဝဲမှ ထုတ်ပေးသော Store Remain Balance နဲ့ နှိုင်းယှဉ်စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ သားငါးများအတွက် အသုံးပြုမှုနဲ့ ဆုံးရှုံးမှု စာရင်းကိုလည်း ထုတ်ယူကြည့်နိုင်မှာ ဖြစ်ပါတယ်။

Restaurant Manager ရဲ့ Report ထုတ်ယူမှု အပိုင်းကို လေ့လာကြည့်မယ် ဆိုရင်တော့ Sales Controlling System မှာ ဆိုရင် Top Menu Report, Sales Items Report, Sales Profit Report, Menu Price Report, Yearly Sales Report နဲ့ Order Transaction Report တို့ ပါဝင်ပါတယ်။ Kitchen Control System မှာဆိုရင်တော့ Store Balance Report, Stock  Price Compare Report, Stock Transaction Report, Shopping Item Report နဲ့ Menu Cost Report တို့ ပါဝင်ပါတယ်။ Restaurant Manager ဟာ စားသောက်ဆိုင် တစ်ခုအတွက် ထည့်သွင်း အသုံးပြုသင့်တဲ့ ဆော့ဖ်ဝဲအမျိုးအစား တစ်ခုဖြစ်ပြီး၊ မိမိ  အသုံးပြုလိုတဲ့ အပိုင်းကိုလည်း ရွေးချယ်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 
(ကိုစိုင်း)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page