လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Android Device များပေါ်တွင် Ubuntu OS ကိုထည့်သွင်းပုံ

Posted by Unknown Monday, November 12, 2012 0 comments

Android Platform အသုံးပြုထားတဲ့ Android  Phone, Tablet များပေါ်မှာ Ubuntu OS ကို ထည့်သွင်းချင်သူတွေ အတွက် ထည့်သွင်း အသုံးပြုနိုင်စေရန် အတွက် ထည့်သွင်းပုံကို ယခုတစ်ပတ်မှာ ဖော်ပြပေးမှာ ဖြစ်ပါတယ်။  Android အသုံးပြုထားတဲ့ Phone တွေ Tablet တွေမှာ Ubuntu OS ကို ထည့်သွင်းအသုံးပြုဖို့အတွက် အသုံးပြုမယ့် Android OS ဟာ Roted ဖြစ်နေရမှာ ဖြစ်ပြီး Busybox လည်း ထည့်သွင်းထားရမှာ ဖြစ်ပါတယ်။ Android OS ရဲ့ Version ကလည်း 2.1 Eclair Version နဲ့ အထက် ဖြစ်ရမှာ ဖြစ်ပါတယ်။ Rom ဟာလည်း Custom Rom မဖြစ်ရဘဲ Offcial Rom သာ ဖြစ်ရမှာ ဖြစ်ပါတယ်။ CPU အနိမ့်ဆုံးအဆင့် လိုအပ်ချက်ကတော့ အနိမ့်ဆုံး 1 GHz Speed ရှိရမှာဖြစ်ပြီး SD Card Storage အတွက်ကလည်း အနိမ့်ဆုံး 3.5 GB Free Space ရှိရမှာ ဖြစ်ပါတယ်။

Ubuntu OS ကို ထည့်သွင်းရန် လောလောဆယ်မှာ အဆင်ပြေတဲ့ ဖုန်းတွေရဲ့ စာရင်းတွေကို http://geeknizer.com/install-run-ubuntu-on-android/ ဒီဝက်ဘ်စာမျက်နှာမှာ သွားရောက်ကြည့် ရှုနိုင်မှာ ဖြစ်ပါတယ်။ Android Phone နဲ့ Tablet တွေအတွက် လိုအပ်ချက်တွေ ပြည့်စုံပြီဆိုရင် ကွန်ပျူတာထဲမှာ ADB ကို Install ပြုလုပ်ထားရမှာ ဖြစ်ပါတယ်။ ပြီးရင် http://downloadandroidrom.com/file/AndroidUbuntu/ubuntu.zip ဆိုတဲ့ ဝက်ဘ်ဆိုက်နေရာမှာ Ubuntu Zip ဖိုင်ကို Download ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Android Device တွေပေါ်မှာ Ubuntu OS ကို ထည့်သွင်း အသုံးပြုချင်သူတွေ အနေနဲ့ Linux Command တွေကို အခြေခံ သိရှိထားဖို့တော့ လိုအပ်မှာ ဖြစ်ပါတယ်။
ဒေါင်းလုပ်ပြုလုပ်ထားတဲ့ Ubuntu Zip ဖိုင်ရဲ့ အရွယ်အစားဟာ ကြီးမားတာကြောင့် SD Card ကတော့ Free Space များများ ရှိမယ်ဆိုရင် ပိုအဆင်ပြေစေပါတယ်။ ဖုန်းပေါ်မှာ တင်မယ့် Ubuntud OS ဖိုင်တွေကို Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားတွေကတော့ Download ပြုလုပ်ရတဲ့ Version တွေပေါ် မူတည်ပြီး တစ်ခုနဲ့ တစ်ခုတော့ တူညီမှာ မဟုတ်ပါဘူး။ Large Version ကို Download ပြုလုပ်ရမယ့် ဖိုင်အရွယ်အစားဟာ 1.5 GB ပမာဏရှိမှာ ဖြစ်ပြီး Installation ပြုလုပ်တဲ့အခါ ဖိုင်အရွယ်အစားက 3.5 GB ပမာဏရှိမှာ ဖြစ်ပါတယ်။ Lightweight ကို Download ပြုလုပ်မယ်ဆိုရင်တော့ Download Size က 500 MB ရှိရမှာဖြစ်ပြီး Installation Size ကတော့ 2.5 GB ရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဖုန်းရဲ့ Screen အရွယ်အစား Resolution တွေကို လိုက်ပြီးတော့လည်း Ubuntu OS ကို တင်သုံးခွင့်ရှိတဲ့ Handset တွေကို ခွဲခြားပေးထားပါတယ်။ ဒါ့အပြင် Download ပြုလုပ်ရမယ့် ဖိုင်အမျိုးအစားကိုလည်း Core, Small, Full ဆိုပြီး ဆော့ဖ်ဝဲတွေ ပါတာနဲ့ မပါတာ ခွဲခြားပြီး Download  ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

core ဆိုတာကတော့ ဘာဆော့ဖ်ဝဲမှ မပါပါဘူး။ Small ကတော့ Software အနည်းငယ် ပါဝင်ပြီး RAM  နိမ့်တဲ့ Device တွေအတွက် ထုတ်လုပ်တာပါ။ Full ကတော့ RAM ပမာဏများတဲ့ Device တွေ အတွက်ဖြစ်ပြီး Full မှာ Software တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ Full မှာတော့ Firefox, Thunderbird, Openoffice, GIMP, Emacs Text Editor, Java, Python, PDF Viewer, File Manager, Terminal, Leafpad  အစရှိတဲ့ Application တွေ ပါဝင်လာမှာ ဖြစ်တဲ့အတွက် Phone, Tablet တွေပေါ်မှာ Operating System ကို Professional အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Phone Handset နဲ့ Tablet တွေပေါ်မှာ Ubuntu OS ကို ထည့်သွင်းမယ်ဆိုရင် ပထမဆုံး Android ထဲမှာရှိတဲ့ အရေးကြီးတဲ့ ဖိုင်တွေကို Backup ပြုလုပ်ထားသင့်ပါတယ်။ SMS တွေ Contact List တွေနဲ့ Call Log တွေကိုလည်း Backup ပြုလုပ်ထားသင့်ပါတယ်။

ယခုအဆင့်က စပြီးတော့ Ubuntu OS ကို ကွန်ပျူတာကနေ Android Device ထဲ စတင်ထည့်သွင်းတော့မှာ ဖြစ်ပါတယ်။ ကွန်ပျူတာကနေ ထည့်သွင်းဖို့အတွက် Download ပြုလုပ်ထားတဲ့ Ubuntu Zip ဖိုင်ကို Root directory ထဲမှာ Unzip ပြုလုပ်ထားရပါမယ်။ အထက်မှာ ဖော်ပြခဲ့ပြီးတဲ့အတိုင်း Android OS ဟာလည်း Root ဖြစ်ပြီး ဖြစ်ရပါမယ်။ ပြီးရင်တော့ ADB Installer ရှိတဲ့ Folder ထဲမှာ Shift+Right Click ကို နှိပ်လိုက်ပါ။ ပြီးရင် Open Command Windows here ဆိုတာကို ရွေးချယ်လိုက်ရင် Command Prompt ပေါ်လာမှာ ဖြစ်ပါတယ်။ Command Prompt မှာ ပထမဆုံး adb server ကို စတင် အလုပ်လုပ်အောင် အောက်ပါ Command ကို အသုံးပြုပါ။ အသုံးပြုရမယ့် Command ကတော့ adb start-server ဆိုတဲ့ Command ဖြစ်ပါတယ်။ ကွန်ပျူတာနဲ့ Android Device ကို တပ်ဆင်မယ် ဆိုရင် ပထမဆုံး System ထဲက Development Option ထဲက USB Debugging ကို အမှန်ခြစ် ထည့်ပေးထားရမှာ ဖြစ်ပါတယ်။ adb ကို စတင် အလုပ်လုပ်ခိုင်းပြီးပြီဆိုရင် သင်ကွန်ပျူတာမှာ တပ်ဆင်ထားတဲ့ Device ကို သိလား မသိလား ဆိုတာ သိရအောင် adb device ဆိုတဲ့ Command ကို အသုံးပြုရပါမယ်။ ပြီးပြီဆိုရင်တော့ adb shell ဆိုတဲ့ Command လေးနဲ့ Shell ကို ဖွင့်လိုက်မယ်ဆိုရင် Command Prompt မှာ $ Sign လေးပေါ်လာမှာ ဖြစ်ပါတယ်။

အဲဒီမှာ Super User Premission ရရှိဖို့အတွက် $sh-4.1#su ဆိုတဲ့ Command ကို ရိုက်ထည့်ရပါမယ်။ ပြီးရင် SD Card ထဲ Ubuntu Folder ကို သိဖို့အတွက် ညွှန်ပေးရမှာ ဖြစ်ပါတယ်။ Ubuntu Folder ကို သိဖို့အတွက် $sh-4.1# cd/sdcard/Ubuntu ဆိုပြီး ရိုက်ထည့်ပေးလိုက်ပါ။ ဒီအဆင့် ပြီးပြီဆိုရင်တော့ Ubuntu Folder ထဲမှာ Script ကို Run နိုင်အောင် $  sh-4.1# sh Ubuntu.sh ဆိုတဲ့ Command ကို အသုံးပြုလိုက်ပါ။ ဒီ Command ကတော့ SD Card ထဲမှာရှိတဲ့ Ubuntu Folder ထဲမှာ Ubuntu.sh ဆိုတဲ့ ဖိုင်ကို Run နိုင်အောင်အသုံးပြုတဲ့ Command ဖြစ်ပါတယ်။ ပြီးသွားပြီဆိုရင်တော့ $ sh-4.1#  bootubuntu ဆိုတဲ့ Command နဲ့ Shell ကနေ ထွက်ရပါမယ်။ ဒါဆိုရင်တော့ Ubuntu OS ကို Android Phone သို့မဟုတ် Tablet တွေပေါ်မှာ တင်သွင်းတဲ့အဆင့်က ပြီးသွားပြီ ဖြစ်ပါတယ်။

နောက်ထက်  အဆင့်အနည်းငယ်ကတော့ Ubuntu OS ထဲမှာ Package တွေကို Update ပြုလုပ်နိုင်ဖို့နဲ့ ဒေါင်းလုပ်တွေ ပြုလုပ်နိုင်ဖို့အတွက် အနည်းငယ် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Package တွေကို ပြင်ဆင်ဖို့ အတွက်ကတော့ Source List မှာ သွားရောက် ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ Source List မှာ ပြင်ဆင်ချင်သူတွေအတွက် အောက်ပါအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ Source List ကို ပြင်ဆင်ဖို့အတွက် Terminal ကို ဖွင့်ရမှာဖြစ်ပါတယ်။ Terminal ထဲမှာ $ cat> etc/apt/source.list ဆိုတဲ့ Command ကို ရိုက်ထည့်လိုက်ရင် Source ဖိုင်တွေကို ပြင်ဆင်ပေးနိုင်မယ့် Editor တစ်ခု ပွင့်လာမှာ ဖြစ်ပါတယ်။ Source File ထဲမှာ deb http://old-releases.ubuntu.com/ubuntu/karmic main univer ဆိုတာကို ရိုက်ထည့်ပေးလိုက်ပါ။ ပြီးရင် ပြန်ထွက်ပြီး Terminal uae Package တွေကို Update ပြုလုပ်ဖို့ အတွက် $apt-get update ဆိုတာကို ရိုက်ထည့်ရပါမယ်။ apt-get  update ဆိုတဲ့ command ဟာ Super User တွေမှသာ အသုံးပြုနိုင်တာ ဖြစ်တဲ့အတွက် Root အကောင့်နဲ့ဖြစ်ဖို့ အရေးကြီးပါတယ်။
သာမန် User Level ဆိုရင်တော့ sudo ကို အရှေ့ကခံပြီး sudo apt-get update ဆိုတဲ့ Command ကို အသုံးပြုရမှာ ဖြစ်ပါတယ်။ ပြီးရင်တော့ tight-vncserver ကို Install ပြုလုပ်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ tightvnc-server ကို Install ပြုလုပ်ဖို့အတွက် $ apt-get install tightvncserver ဆိုတဲ့ Command ကို ရိုက်ထည့်ရမှာ ဖြစ်ပါတယ်။ ဒီ Command ကို ရိုက်ထည့်ပြီးရင် Program ကို Install လုပ်ဖို့အတွက် လုပ်မှာလား မလုပ်ဘူးလား ဆိုတာကို မေးတဲ့အချိန်မှာ "y" Key ကို နှိပ်ပြီး Install လုပ်ရမှာ ဖြစ်ပါတယ်။ ဒါဆိုရင်တော့ Ubuntu OS ကို Android Phone, Tablet အစရှိတဲ့ Device တွေမှာ ထည့်သွင်းပြီးပြီ ဖြစ်ပါတယ်။ Ubuntu OS ကို Android  Device တွေမှာ ထည့်သွင်းဖို့အတွက်ကတော့ Device တိုင်းကို အထောက်အပံ့ ပေးနိုင်မှာ မဟုတ်တဲ့အတွက် လက်ရှိထည့်သွင်း အောင်မြင်ပြီးသား Device တွေရဲ့ စာရင်းမှာ သင်အသုံးပြုတဲ့ Android Device ပါဝင် မပါဝင်ကို အရင်စစ်ဆေးသင့်ပါတယ်။ ပြီးရင်တော့ သင့် Device ဟာ Ubuntu OS ကို  အထောက်အပံ့ပေးတဲ့ စာရင်းထဲမှာ ပါဝင်နေရင်တောင် အရေးကြီးတဲ့  Data တွေကို Backup ပြုလုပ်ထားသင့်ပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page