လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Projector စနစ် တွဲဖက်ပါဝင်တဲ့ Hybrid Android Tablet PC ပြည်တွင်း ဈေးကွက်ဝင်ရောက်

Posted by Unknown Monday, November 12, 2012 0 comments

Projector စနစ်ပါ တွဲဖက်ပါဝင်တဲ့ Hybrid အမျိုးအစား Android Tablet PC ကို ပြည်တွင်း ဈေးကွက်အတွင်း ဝယ်ယူအသုံးပြုနိုင်ပြီ ဖြစ်ကြောင်း သိရသည်။  ပြည်တွင်း ဈေးကွက်ထဲသို့ ဝင်ရောက်လာသည့် ပထမဦးဆုံးသော Pico-projector တွဲဖက်ပါဝင်သည့် Android Tablet PC ဖြစ်ပြီး Made in China အမျိုးအစားဖြစ်ကာ SmartQ U7 အမှတ်တံဆိပ် ၇ လက်မအရွယ်အစား Tablet ဖြစ်သည်။ “ရုံးသုံး၊ ကျောင်းသုံးအပြင် အိမ်သုံးအနေနဲ့ပါ သုံးနိုင်ပါတယ်။ ပစ္စည်းကတော့ Made in China ပါ။ Android 4.1 Jelly Bean နဲ့ သိုလှောင်မှုအတွက် 8GB ပါဝင်ပါတယ်။ နောက်ပြီး HDMI ပေါက်လည်း ပါပါတယ်။ ကင်မရာက ရှေ့နောက် ပါပါတယ်။ Projector စနစ်ကို အလွယ်တကူပဲ သုံးနိုင်ပါတယ်။ Projector ကို ခြောက်ပေအကွာကနေ အသုံးပြုနိုင်ပါတယ်။ မြင်ကွင်း အရွယ်အစားကို လက်မ ၅၀ အရွယ်အစားထိ အသုံးပြုကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ ဒီ Projector ကို 3v Parts နဲ့ 6v Services ပေးထားပါတယ်” ဟု T-Land IT, Digital &  Mobile Centre မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ယခု ဝင်ရောက်လာသည့် Projector စနစ်ပါဝင်တဲ့ Tablet PC တွင် Dual-core 1GHz OMAP 4430 CUP ကို တပ်ဆင်ပေးထားပြီး Memory အနေဖြင့် 1GB RAM ပါရှိမည် ဖြစ်သည်။ Tablet Screen resolution 1024x600 pixel ရှိပြီး Projcetor အနေဖြင့် သုံးမည်ဆိုပါက resolution 854x480 ရရှိနိုင်မည် ဖြစ်သည်။ Projection Screen အရွယ်အစားကို လက်မ ၅၀ အရွယ်အစားထိ ကြည့်ရှုနိုင်မည် ဖြစ်သည်။ HDMI port နှင့် Micro SD slot များလည်း ပါဝင်ကြောင်း သိရသည်။ Projector စနစ် တွဲဖက်ပါဝင်သည့် Tablet ၏ တန်ဖိုးမှာ ၂၃၀,၀၀၀ ကျပ်ဝန်းကျင်ဖြစ်သည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page