လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Samsung Ativ S

Posted by Unknown Monday, November 12, 2012 0 comments

Samsung Ativ S ကို အမြင့် ၅.၄၀ လက်မ၊ အကျယ် ၂.၇၈ လက်မနဲ့ ထုတ်လုပ်ထားပြီး  ကိုယ်ထည်အထူ ၀.၃၄ လက်မသာ ရှိတာကြောင့် Windows Phone 8  စမတ်ဖုန်းတွေထဲမှာ အပါးလွှာဆုံးလို့ ဆိုနိုင်ပါတယ်။ ၄.၈ လက်မအရွယ် HD Super AMOLED display တပ်ဆင်ထားပြီး screen အရွယ်အစား ကြီးမားတဲ့ ဖုန်းတစ်မျိုးလည်း ဖြစ်ပါတယ်။ အလူမီနီယမ်ကိုယ်ထည် အသုံးပြု ထုတ်လုပ်ထားတာကြောင့် ဒီဇိုင်းသေသပ်လှပပြီး ဆွဲဆောင်မှုလည်း ရှိပါတယ်။ Screen resolution ကောင်းမွန်တဲ့အပြင် screen ရဲ့ တုံ့ပြန်နိုင်စွမ်းကလည်း အထူးကောင်းမွန်တာ တွေ့ရပါတယ်။ Physical Windows ခလုတ်ကို display ရဲ့အောက်ခြေမှာ မြင်တွေ့ရမှာဖြစ်ပြီး touch စနစ်နဲ့အသုံးပြုနိုင်မယ့် back နဲ့ search  ခလုတ်တွေကိုတော့ ဘေးတစ်ဖက်စီမှာ ထည့်သွင်းထားပါတယ်။ ဖုန်းကနေ ဖယ်ထုတ်နိုင်တဲ့ ဘက်ထရီကို ထည့်သွင်း ပေးထားရုံသာမက ကိုယ်ထည် ပါးလွှာခြင်းနဲ့ screen အရွယ်အစား ကြီးမားခြင်းတို့က ပြိုင်ဘက် Windows Phone 8 စမတ်ဖုန်းတွေထက် ပိုမိုသာလွန်စေပါတယ်။ 1.5 GHz dual-core ပရိုဆက်ဆာ တပ်ဆင်ပေးထားပြီး LED flash ပါဝင်တဲ့ 8 megapixel autofocus ကင်မရာတစ်ခုနဲ့ 1.9- megapixel front-facing ကင်မရာ တစ်ခုတို့ ထည့်သွင်းထုတ်လုပ်ထားပါတယ်။ MicroSD card slot ပါဝင်တာကြောင့် memory တိုးပြီး အသုံးပြုနိုင်မှာဖြစ်ကာ NFC feature နဲ့ Windows Phone 8 ဆော့ဖ်ဝဲအသစ်တွေကိုလည်း အသုံးပြုနိုင်ပါတယ်။

အားသာချက်
အရွယ်ကြီးမားတဲ့ screen ကို တပ်ဆင်ပေးထားပြီး ဘက်ထရီသက်တမ်းလည်း ကောင်းမွန်ပါတယ်။ အလူမီနီယမ် ကိုယ်ထည် အသုံးပြု ထုတ်လုပ်ထားပြီး ကိုယ်ထည်ပါးလွှာ ပါတယ်။

အားနည်းချက်
ဈေးနှုန်းမြင့်မားနေပြီး Windows Phone 8 ဆော့ဖ်ဝဲတွေကို ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်း ရှိ/မရှိကိုလည်း မသိရှိရသေးပါဘူး။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page