လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ST80 SAMSUNG Camera

Posted by Unknown Monday, November 12, 2012 0 comments

စွမ်းဆောင်ရည် သင့်တင့် ကောင်းမွန်ပြီး  မိသားစု အပျော်တမ်း အသုံးပြုဖို့ သင့်တော်တဲ့ Samsung ST 80 ကင်မရာ ဖြစ်ပါတယ်။  အပျော်တမ်းနဲ့ မိသားစု အသုံးပြုရန် စုံလင်တဲ့ လုပ်ဆောင်ချက်များနဲ့ ထုတ်လုပ် ရောင်းချပေးထားပါတယ်။ နောက်ဆုံးပေါ် နည်းပညာများဖြင့် အရောင်အသွေး စုံစုံလင်လင်နဲ့ လှပစွာ ဖွဲ့စည်းပေးထားတာကို တွေ့ရပါတယ်။ အပျော်ခရီးအတွက် အသုံးပြုမယ်ဆိုရင်လည်း အဆင်ပြေစေနိုင်ပြီး ပုံထွက်အရည်အသွေး အတော်အသင့် ကောင်းမွန်တာကြောင့် အသုံးပြုသူတွေကို စိတ်ကျေနပ်မှု အပြည့်အဝ ပေးစွမ်းနိုင်မှာပါ။

အားသာချက်
ပုံရိပ် ကြည်လင် ပြတ်သားမှုအတွက် ပါဝင်တဲ့ Megapixel ဟာ 14.2  ရှိတာကြောင့် အခြား Auto ကင်မရာများထက် များစွာပါဝင်ပြီး Auto ကင်မရာတစ်လုံးမှာ ရှိသင့်တဲ့ အရည်အသွေးထက် ပိုမိုပြည့်စုံတယ်လို့ ဆိုရမှာပါ။ Zoom ဆွဲအားဟာလည်း  သင့်တင့်ကောင်းမွန်တာကို တွေ့ရပါတယ်။ 5X Optical Zoom  ဆွဲနိုင်တာကြောင့်ပါ။ LCD Screen ဟာလည်း သေးငယ်ခြင်းမရှိပါဘူး။ ၃ လက်မအရွယ်အစား ရှိတာကြောင့် အပျော်တမ်း ကင်မရာအတွက် အထူးကြီးမားတဲ့ Screen ဖြစ်ပါတယ်။ အလင်းအမှောင်အတွက် ISO ကို 3200 အထိ အသုံးပြုနိုင်ပြီး လက်တုန်ခါမှုကြောင့် ဖြစ်ပေါ်တတ်တဲ့ ပုံရိပ်ဝါးသွားခြင်းမျိုးကို အကောင်းဆုံး ကာကွယ်ပေးနိုင်တာ တွေ့ရပါတယ်။ မျက်နှာကို ပုံရိပ်ဖမ်းယူပေးတဲ့ Face detection စနစ်နဲ့ ပုံရိပ်များစွာကို တစ်ပုံတည်းဖြစ်အောင် လုပ်ဆောင်ပေးတဲ့ Panorama စနစ်တို့ ပါဝင်ပါတယ်။ ဒါကြောင့် အသုံးပြုသူတွေအနေနဲ့ စိတ်ကျေနပ်မှု အပြည့်အဝ ရရှိကြမယ်လို့ ထင်ပါတယ်။ ပုံရိပ်များကို အလိုအလျောက် ပုံရိပ်အမျိုးအစား ခွဲခြားသတ်မှတ်ပေးတဲ့ နည်းပညာလည်း ပါဝင်ပါတယ်။ ဒါကြောင့် အသုံးပြုရ လွယ်ကူပြီး အဆင်ပြေစွာ ဓာတ်ပုံရိုက်ကူးနိုင်ကြမှာ ဖြစ်ပါတယ်။ Memory အတွက် SD Card ကို ထည့်သွင်း အသုံးပြုရမှာ ဖြစ်ပါတယ်။ ကင်မရာရဲ့ အထူးအားသာချက်ကတော့ Wifi စနစ် ပါဝင်ခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကင်မရာနဲ့ တိုက်ရိုက် အင်တာနက်ချိတ်ဆက်ပြီး ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေကို အွန်လိုင်းပေါ်သို့ အမြန်ဆုံး ပို့ဆောင်နိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်
အပျော်တမ်းအတွက် ရည်ရွယ်ထုတ်လုပ်ထားတဲ့ ကင်မရာဖြစ်တာကြောင့် လုပ်ငန်းခွင်အသုံးချဖို့တော့ မရွေးချယ်သင့်ပါဘူး။ ကင်မရာမှာ GPS စနစ်များလည်း ထည့်သွင်းပေးထားခြင်း မရှိပါဘူး။ နောက်ပြီး Movie ကိုလည်း Full HD နဲ့ ရိုက်ကူးနိုင်မှာ မဟုတ်ပါဘူး။ HDMI ပေါက်လည်း မပါဝင်ပါဘူး။ ဒါတွေကတော့ ဒီကင်မရာရဲ့ အဓိက အားနည်းချက်တွေ ဖြစ်ပါတယ်။ အခြား အားနည်းချက်များစွာကိုတော့ မတွေ့ရပါဘူး။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page