လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Window Live Essentials 2012

Posted by Unknown Tuesday, November 13, 2012 0 comments

Windows  Live  Essentials 2012 ဟာ Microsoft ရဲ့ ထုတ်ကုန်တစ်ခု ဖြစ်ပါတယ်။ Microsoft ဟာ အသုံးပြုသူများရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် Live Essentials ကို ဖန်တီးခဲ့တယ်လို့တောင် ဆိုနိုင်မှာ ဖြစ်ပါတယ်။  နေ့စဉ် အသုံးပြုနေရတဲ့ ဆော့ဖ်ဝဲတွေ အားလုံး ကို ပေါင်းစပ်ပေးထားတဲ့ Live Essentials ဟာ သုံးစွဲသူများအတွက် အကောင်းမွန်ဆုံးသော ဝန်ဆောင် မှုတွေကို ပေးအပ်မှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ Live  Essentials မှာ ပါဝင်တဲ့ အကြောင်းအရာတွေကို ဦးစွာ ဖော်ပြပေးချင်ပါတယ်။ သုံးစွဲသူများရဲ့ လိုအပ်ချက်အရဆိုတဲ့ စကားနဲ့အညီ   အွန်လိုင်းမှာ သူငယ်ချင်းများနဲ့ စကားပြောနိုင်ဖို့အတွက် Messenger၊ နေရာစုံ၊ ဒေသစုံမှာ ဖန်တီးထားတဲ့ ဓာတ်ပုံတွေကို အကောင်းဆုံး စုစည်း သိမ်းဆည်းပေးနိုင်မယ့် Photo  Gallery၊ Photo တွေနဲ့ အတူ အမှတ်တရ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို အလျင်မြန်ဆုံးနဲ့ အကောင်းမွန်ဆုံး တည်းဖြတ်ခြင်း  ပြုလုပ်ပေးနိုင်မယ့် Movie Maker အပြင် ကွန်ပျူတာတစ်လုံးနဲ့ တစ်လုံး Data အချက်အလက်တွေကို Home Network အတွင်းမှာ ချိတ်ဆက်ပေးမယ့် Mesh တို့ ပါရှိပါတယ်။ ဒါ့အပြင်လည်း ကလေးငယ်များအတွက် Cyber နဲ့ ပတ်သက်တဲ့ လုံခြုံမှုတွေကို စိတ်ကြိုက်ဖန်တီးနိုင်မယ့် Family Safety  နဲ့ Blogger၊ Journalist တွေအတွက် အကောင်းမွန်ဆုံး Web  Tool  ဖြစ်တဲ့ Writer  တို့  ပါဝင်ပါတယ်။ တကယ်တမ်းမှာတော့ Live  Essentials  ဟာ အကောင်းမွန်ဆုံး ဆော့ဖ်ဝဲတွေကို စုစည်းပေးထားတဲ့ Software Suite  တစ်ခုလည်း ဖြစ်ပါတယ်။
Live Essential ထဲက ပထမဆုံးဖြစ်တဲ့ Messenger ကို စတင် လေ့လာကြည့်မှာ ဖြစ်ပါတယ်။ Live Messenger ဟာ Messenger က  ဆော့ဖ်ဝဲတွေထဲမှာ ဟိုးယခင် အချိန်များစွာကတည်း က အောင်မြင်ကျော်ကြားခဲ့တဲ့ Instant  Messaging Client တစ်ခု ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ မိသားစု၊  သူငယ်ချင်းတွေနဲ့ မိတ်ဆွေတွေကို အနီးဆုံး အနေအထားတစ်ခု ရောက်အောင် စုစည်းပေးနိုင်တဲ့ Instant Messenger တစ်ခု ဖြစ်ပါတယ်။ Lives Essential 2012 ရဲ့ Version မှာတော့ အစုံလင်ဆုံး Tool တွေကို ထပ်မံ ပေါင်းထည့်ထားတာကို တွေ့ရပါတယ်။ Facebook  နဲ့လည်း ချိတ်ဆက်နိုင်ပြီး Feed တွေကို Messenger မှတစ်ဆင့် တွေနိုင်မှာ ဖြစ်ပါတယ်။ Text,  Photo, Video နဲ့ Link တွေကိုလည်း Messenger  မှတစ်ဆင့် Facebook ပေါ်ကို Share ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ဒုတိယအနေနဲ့ လေ့လာ ကြည့်ရမှာကတော့ Live Photo Gallery  ပဲ ဖြစ်ပါတယ်။ Photo  တွေကို  သိမ်းတဲ့နေရာမှာ အကောင်းမွန်ဆုံးသော System  တစ်ခုလို့တောင်  ဆိုနိုင်မှာ ဖြစ်ပါတယ်။ Photo ဆိုတာ မိမိရဲ့ Memorie တွေလို့ ဆိုနိုင်မှာဖြစ်ပြီး၊ နေရာဒေသများစွာနဲ့ မတူညီတဲ့ အချိန်ကာလတွေမှာ ရိုက်ကူးထားတဲ့အတွက် ပုံတွေကို တစ်ပြိုင်နက် Manage  ပြုလုပ်နိုင်ဖို့ဆိုတာ ခက်ခဲလှပါတယ်။ ဒီအခက်အခဲတွေကို ဖြေရှင်းနိုင်ဖို့အတွက် Live Photo Gallery က အကောင်းဆုံး ကူညီနိုင်မှာ ဖြစ်ပါတယ်။  Live Photo Gallery ထဲကို ထည့်သွင်းထားတဲ့ ပုံတွေအားလုံးကို Scan ပြုလုပ်ထားမှာ ဖြစ်ပြီး၊ နေရာဒေသ၊ အချိန်တို့အလိုက် ခွဲခြားပေးထားမှာ ဖြစ်ပါတယ်။ မိမိရဲ့ Photo  တွေကလည်း အွန်လိုင်းမှာ မျှဝေခြင်း ပြုလုပ်နိုင်ဖို့ကိုလည်း Photo Gallery မှ တစ်ဆင့် တိုက်ရိုက် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Photo Editing Tool တချို့ကိုလည်း ထည့်သွင်းပေးထား တာ တွေ့ရပါတယ်။
Windows Live Movie Maker  ကတော့ Video  Editing  သမားတွေ အကြိုက်တွေ့စေမယ့် ဆော့ဖ်ဝဲ တစ်ခု ဖြစ်ပါတယ်။ Professional Level Software တစ်ခု မဟုတ်ပေမယ့် Live  Movie  Maker  မှာ Tools အတော်များများ ပါဝင်တာကို တွေ့ရပါတယ်။ စာသားများ ထည့်သွင်းခြင်းနဲ့အတူ အသံဖိုင်များကိုပါ ပြင်ဆင် ထည့်သွင်းနိုင်မှာ ဖြစ်ပါတယ်။  Photo  မှတစ်ဆင့် ရုပ်ရှင်များ ဖန်တီး တဲ့နေရာမှာလည်း အကောင်းဆုံး ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Live Movie Maker ရဲ့ ယခင်ဗားရှင်းများက အားနည်းချက်များကို ပြင်ဆင်ထားတဲ့ ဗားရှင်းလည်း ဖြစ်ပါတယ်။ Mail  System  ဟာ  IT ခေတ်ကြီးမှာတော့ မရှိမဖြစ်အနေနဲ့ကို အရေးပါတဲ့ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်။ Live  Mial ကတော့ Outlook နဲ့ ကွာခြားတဲ့သွင်ပြင် ရှိပါတယ်။ ပိုမိုစုံလင်တဲ့ Feature  တွေနဲ့ အတူ စာတွေ၊ ပုံတွေနဲ့ တခြားဖိုင်တွေကို ပေးပို့တဲ့ နေရာမှာ များစွာ လွယ်ကူ အဆင်ပြေစေပါတယ်။ အွန်လိုင်းအနေနဲ့  အသုံးပြုနိုင်သလို၊ Backup Mail  တွေ အတွက်လည်း Offline Software  တစ်ခုအနေနဲ့ပါ အသုံးပြုနိုင်ပါတယ်။ Mesh ကတော့ File Share ပြုလုပ်နိုင်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Homegroup ထဲမှာရှိတဲ့ Computer (၁၀) လုံးကို တစ်ပြိုင်နက် Sync ပြုလုပ်ပေးနိုင်ပြီး၊ 5GB ပမာဏရှိတဲ့ SkyDrive Storage ပါဝင်ပါတယ်။
Live Family Safety ကတော့ မိသားစုတွေ စုပေါင်း အွန်လိုင်း အသုံးပြုတဲ့ စက်တွေမှာ ထည့်သွင်းထားသင့်တဲ့ ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ မိမိကလေးငယ်များ  မကြည့်ရှုစေလိုတဲ့ Web Site တွေကို ပိတ်ထားနိုင်မှာ ဖြစ်ပြီး၊ အရာယ်ရှိတဲ့ Web Site တွေရဲ့ တိုက်ခိုက်မှုတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ Live Family Safety ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ Browsing History တွေကို ပြန်လည်စစ်ဆေးတဲ့ Feature လည်း ပါဝင်တာ တွေ့ရပါတယ်။ နောက်ဆုံး Software တစ်ခု  ဖြစ်တဲ့ Live  Writer ကတော့ Blogger တွေနဲ့ Journalist တွေအတွက် အကောင်းဆုံး ဆော့ဖ်ဝဲတစ်ခု ဖြစ်ပါတယ်။ Writer ပေါ်ကနေ မိမိရဲ့ Blog ကို Manage ပြုလုပ်နိုင်မှာ ဖြစ်သလို၊ သတင်းနဲ့  အွန်လိုင်းမှ ရရှိလာတဲ့ တခြား သတင်းအချက် အလက်တွေကိုလည်း တည်းဖြတ်နိုင်မှာ ဖြစ်ပါတယ်။ Windows Live Essentials ဟာ လူတိုင်းနေ့စဉ် မရှိမဖြစ် အသုံးပြုနေရတဲ့ဆော့ဖ်ဝဲတွေကို  စုပေါင်းထားပေးတဲ့ Software Suite တစ်ခုဖြစ်ပြီး၊ အွန်လိုင်း အသုံးပြုတဲ့ ကွန်ပျူတာများအတွက် ထည့်သွင်း အသုံးပြုသင့်တဲ့ Software Suite တစ်ခု ဖြစ်ပါတယ်။

(ကိုစိုင်း)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page