လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Ubuntu OS ပေါ်တွင် Wine Application ထည့်သွင်းအသုံးပြုပုံ

Posted by Unknown Tuesday, November 13, 2012 0 comments

Wine Application ဆိုတာကတော့ Linux Platform ပေါ်မှာ Windows Application တွေကို ထည့်သွင်း အသုံးပြုချင်တဲ့ သူတွေအတွက် အသုံးဝင်တဲ့ Application ဖြစ်ပါတယ်။  Ubuntu OS ပေါ်မှာ Pagemaker Application ကဲ့သို့လိုမျိုး Photoshop တို့လို Application တွေ ထည့်သွင်း အသုံးပြုချင်သူတွေအတွက် အသုံးဝင်တဲ့ Application ဖြစ်ပါတယ်။ Wine Application ကို ထည့်သွင်း အသုံးပြုလို့ရတဲ့ OS တွေကတော့ Ubuntu, Red Hat, Fedora, SUSE, Solaris အစရှိတဲ့ Linux Platform အခြေခံထားတဲ့ OS တွေ သာမက Mac ပေါ်မှာပါ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Wine Application ကို ရယူလိုတယ်ဆိုရင် www.winehq.org/download ဆိုတဲ့ အင်တာနက် စာမျက်နှာမှာ သွားရောက် ဒေါင်းလုပ် လုပ်ယူနိုင်ပါတယ်။

Ubuntu အသုံးပြုသူတွေအတွက် Wine Application ကို Graphic Interface မှ ထည့်သွင်း အသုံးပြုပုံနဲ့ Command Line Mode မှ ထည့်သွင်း အသုံးပြုပုံတို့ကို ရွေးချယ် တင်ပြလိုက်ပါတယ်။ Wine Application ကို Official Website ပေါ်မှာ Offline Package ကို ဒေါင်းလုပ်လုပ်ယူပြီး ထည့်သွင်း အသုံးပြုနိုင်သလို၊ Online ချိတ်ဆက်ပြီးလည်း ဒေါင်းလုပ်လုပ်ယူ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Wine Application ကို Graphic Mode ကနေ ထည့်သွင်း အသုံးပြုဖို့အတွက် Unity Launcher မှာ ရှိတဲ့ Ubuntu Software Centre ကို ကလစ်နိုင်ပြီး Wine လို့ ရိုက်ထည့်လိုက်ရင် Wine နဲ့ ပတ်သတ်တဲ့ Application တွေ ကျလာမှာ ဖြစ်ပါတယ်။ အဲဒီကမှ Wine Windows Program Loader ဆိုတာကို ရွေးချယ်ပြီး Install ပြုလုပ်ရမှာ ဖြစ်ပါတယ်။ Graphic Mode မှ Install မပြုလုပ်ချင်ဘဲ Command Line Mode မှ Install ပြုလုပ်ချင်သူများ အတွက် Ctrl+Alt+T ကို နှိပ်ပြီး Terminal မှ တစ်ဆင့် ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Terminal ကိုရောက်ရင် sudo aptget install wine ဆိုတဲ့ Command ကို ရိုက်ထည့်ပြီး Install ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ Install ပြုလုပ်ပြီးပြီ ဆိုရင်တော့ Wine Application ကို အသုံးပြုဖို့အတွက် Dash Home Button ကို ကလစ်နှိပ်လိုက်ပြီး Wine လို့ ရိုက်ထည့်လိုက်ရင် Wine Application ကို တွေ့ရမှာ ဖြစ်ပါတယ်။ Wine Application ကို ဖွင့်ပြီးပြီဆိုရင်တော့ Windows မှာ ရှိတဲ့ Application ရဲ့ Setup File ကို Wine Loader နဲ့ ဆွဲတင်ပြီး Ubuntu OS ပေါ်မှာ ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
 

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page