လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

မိုဘိုင်း အက်ပလီကေးရှင်းတွေရဲ့ နောက်ကွယ်က ထုဆစ်သည့် လက်နက်များ

Posted by Unknown Tuesday, November 13, 2012 0 comments

 
Mobile App Development ဆိုတဲ့ နယ်ပယ်ဟာ အလွန်ပဲ ကျယ်ပြန့်လှပါတယ်။ Developer တွေ အတွက် ရွေးချယ်စရာ Platform တွေများပြားလှသလို  ဘယ်လမ်းကြောင်းကို ရွေးချယ်ဖို့ ဆုံးဖြတ် မလဲဆိုတာဟာလည်း အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ဖြစ်လာပါတယ်။ ၂၀၁၀ ရဲ့ ဒီဖက်ပိုင်းမှာ Mobile Application တွေဟာ အရှိန်အဟုန်နဲ့ ဖွံ့ဖြိုးလာသလို Apps တွေဟာလည်း သန်းနဲ့ချီလာတဲ့အထိ များပြားလာပါတယ်။ ဒါကြောင့် Developer တွေဟာလည်း ဘယ်လမ်းကြောင်းပေါ်လျှောက်မလဲ၊ ဘယ်လမ်းကြောင်းပေါ်မှာ သင်ယူမလဲဆိုပြီး စဉ်းစားစရာတွေ ဖြစ်လာပါတယ်။ အဲဒီအချက်တွေရဲ့ အဓိက အဖြေတစ်ခုကတော့ ဈေးကွက်ဝယ်လိုအားပဲ ဖြစ်ပါတယ်။

Mobile Platform များ၊ Languages များနှင့် SDK's
အခုအချိန်မှာ ဈေးကွက်ထဲကို တင်ပို့ရောင်းချနေတဲ့ ဖုန်းအမျိုးအစားပေါင်းများစွာ ရှိပါတယ်။ သက်ဆိုင်ရာ ကုမ္ပဏီတွေက အသုံးပြုတဲ့ OS တွေပေါ် မူတည်ပြီး အသုံးပြုတဲ့ Programming Languages တွေနဲ့ SDK တွေဟာလည်း ကွဲပြားသွားပါတယ်။ SDK ဆိုတာကတော့ Software Development Kit လို့ခေါ်ပြီး Developer တွေအတွက် Software တွေရေးဆွဲရာမှာ လွယ်ကူစေဖို့အတွက် အထူးပြုလုပ်ထားတဲ့ Tools တွေပဲ ဖြစ်ပါတယ်။ သက်ဆိုင်ရာ Programming Languages တွေအလိုက် အသုံးပြုရတဲ့ Tools တွေကလည်း ကွဲပြားသွားပါတယ်။ များပြားလှတဲ့ OS Platform တွေနဲ့ သူတို့တစ်တွေအပေါ်မှာ ရေးသားနေကြတဲ့ Languages တွေကို တစ်ကြိမ်တည်းနဲ့ အပြည့်အစုံ ဖော်ပြဖို့ဆိုတာ မဖြစ်နိုင်တဲ့အတွက် ယခုဆောင်းပါးမှာတော့ ဈေးကွက်ထဲမှာ လက်ရှိလူသုံး အများဆုံးနဲ့ ကျော်ကြားမှု အရှိဆုံး OS တွေနဲ့ သူတို့တွေအပေါ်မှာ အသုံးပြုတဲ့ Application တွေကို ရေးဆွဲတဲ့ Languages တွေကိုပဲ ဦးစားပေးပြီး ဖော်ပြချင်ပါတယ်။

iOS
iOS လို့ဆိုလိုက်တာနဲ့ Apple ကထုတ်လုပ်လိုက်တဲ့ iProduct တွေနဲ့ တွဲဖက်ပြီး မြင်မိကြမှာပါ။ iPhone, iPad တွေမှာ အသုံးပြုတဲ့ iOS ကို Apple ရဲ့ iPhone Dev Centre က ထုတ်လုပ်ပါတယ်။ iOS ပေါ်မှာ အသုံးချမယ့် App တွေကို ဖန်တီးမယ့် Developer တစ်ယောက်ဟာ Mac OS X ကို အသုံးပြုရမှာဖြစ်ပြီး သူ့ရဲ့ SDK တန်ဖိုးကတော့ US$ 99 လောက်ရှိပါတယ်။ ဒါတွေနဲ့ တွဲဖက်အသုံးပြုရမှာကတော့ X Code IDE ပဲဖြစ်ပါတယ်။ Native Apps တွေကို ရေးသားမယ့် သူတွေအတွက်တော့ Objective_C (သို့မဟုတ်) HTML+JavaScript တွေကို အသုံးပြုရမှာဖြစ်ပြီး Porting Tool တွေအနေနဲ့ကတော့ Phone Gap ဒါမှမဟုတ် Titanium Tools တွေကို အသုံးပြုရမှာ ဖြစ်ပါတယ်။ iOS Apps တွေကို iTunes Apple Store တစ်ခုတည်းမှာပဲ တရားဝင် ဝယ်ယူရရှိနိုင်ပေမယ့် Pirate Websites တွေမှာတော့ အလွယ်တကူ ရရှိနိုင်ပါတယ်။

Android
HTC, Samsung, LG နဲ့ Motorola တို့လိုမျိုး နာမည်ကျော် ဖုန်းကုမ္ပဏီကြီးတွေနဲ့ အခြားဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေ အသုံးပြုကြတဲ့ Platform တစ်ခုပါ။ အစကနဦးမှာတော့ ဖုန်းတွေအတွက်ပဲ ရေးဆွဲခဲ့ကြပေမယ့် အခုအချိန်မှာတော့ သင်ပုန်း ကွန်ပျူတာတွေ အတွက်ပါ ရေးဆွဲနေကြပြီ ဖြစ်ပါတယ်။ Open Source အမျိုးအစားဖြစ်ပြီး Windows, Mac OS X နဲ့ Linux OS တွေကို အသုံးပြုပြီး ရေးဆွဲနိုင်ပါတယ်။ Native Apps တွေအတွက် Java (သို့မဟုတ်) HTML+JavaScript ကို အသုံးပြုနိုင်ပြီး Phone Gap, Sony Ericsson Web SDK နဲ့ Titanium တို့လို SDK Tools တွေကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။ Android Apps တွေကို Android Market မှာ တရားဝင် ရောင်းချပေမယ့် Unofficial Stores တွေအနေနဲ့ကတော့ Handago, GetJar, Handmark နဲ့ Slide ME တို့လို အွန်လိုင်းစတိုးဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပါတယ်။

Black Berry
Black Berry က ထုတ်လုပ်တဲ့ Device အားလုံးမှာ အသုံးပြုပါတယ်။ Black Berry Developer Zone ကနေအစပြုခဲ့ပြီး Native Apps တွေကို Java 5 (သို့မဟုတ်) Black Berry New Widgets တွေအတွက် HTML + Java Script ကို အသုံးပြုပြီး ရေးဆွဲပါတယ်။ Windows, Mac OS X တွေပေါ်မှာ အပြင် Linux ပေါ်မှာပါ ရေးဆွဲနိုင်ပြီး Plugin တွေအတွက် Microsoft Visual Studio ကို အသုံးပြုနိုင်ပါတယ်။ Public Web Widgets တွေအတွက်ကိုတော့ Phone Gap ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Black Berry Apps တွေကို Black Berry App World မှာ တရားဝင် ဝယ်ယူနိုင်မှာဖြစ်ပြီး Handango, GetJar နဲ့ Handmark စတိုးဆိုင်တွေကတော့ တရားမဝင် အွန်လိုင်စတိုးဆိုင်တွေပဲ ဖြစ်ပါတယ်။

Symbian
Nokia Devices တွေမှာပဲ အများဆုံး အသုံးပြုတာဖြစ်ပြီး Sony Ericsson နဲ့ Sharp ကုမ္ပဏီတွေရဲ့ ထုတ်ကုန်တချို့မှာလည်း အသုံးပြုပါတယ်။ Symbian Apps တွေကို Symbian Developer Site မှာပဲ စတင်ဖန်တီးခဲ့ပြီး ရွေးချယ်စရာ Languages တွေများပြားလှပေမယ့် Device တော်တော်များများနဲ့ ကိုက်ညီမှုရှိတဲ့ Language အဖြစ် Developer တွေအကြိုက် တွေ့ကြတာကတော့ Symbian C++ ပဲဖြစ်ပါတယ်။ WRT Widgets (HTML/CSS/JS Languages များဖြင့် ရေးသားပြီး Device Access နည်းပါးသော Language) သို့မဟုတ် Qt Language (Cross Platform C++ style Language တစ်ခုဖြစ်ပြီး S60 3rd Edition နှင့်အထက် Symbian Device များတွင် အသုံးပြုသော Language) တွေကိုလည်း အသုံးပြုကြတာတွေ့ရပြီး WRT Widgets တွေအတွက်ကိုတော့ Phone Gap ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Apps တွေကို Ovi Store မှာ တရားဝင် ဝယ်ယူရရှိနိုင်ပြီး Handango, GetJar နဲ့ Hand Mark တွေကတော့ Unofficial Online Store တွေပဲ ဖြစ်ပါတယ်။

Windows Phone 7
2010 ခုနှစ်မှာ ထုတ်လုပ်ခဲ့တဲ့ Q3 2010 ရဲ့ အောင်မြင်မှုကြောင့် Window OS Phone တွေရဲ့ အနာဂါတ်ဟာလည်း ပိုမိုတောက်ပလို့ လာခဲ့ပါတယ်။ Windows Phone developer portal နဲ့ Getting Started Page on MSDN တို့ကနေ အစပြုခဲ့တဲ့ Windows Phone 7 ရဲ့ Apps တွေဟာ Silver light r နဲ့ အများဆုံး ရေးသားထားတာ ဖြစ်ပြီး Graphic Based Game တွေအတွက်တော့ XNA Framework ကို အသုံးပြုထားတာ ဖြစ်ပါတယ်။ Windows Phone 7 Apps တွေအတွက် လိုအပ်တဲ့ Toolset တွေကိုတော့ Windows Phone Developer Tools ဆီကနေ အခမဲ့ ရယူနိုင်မှာဖြစ်ပြီး Windows Vista သို့မဟုတ် Window 7 ကိုတော့ အသုံးပြုရမှာ ဖြစ်ပါတယ်။ Window Phone တွေရဲ့ Apps တွေကိုတော့ Windows Market place for Mobile ကနေ ဝယ်ယူနိုင်မှာဖြစ်ပြီး Unofficial Store တွေကတော့ သိပ်မဖွံ့ဖြိုးသေးပေမယ့် အင်တာနက်ကနေတစ်ဆင့် Online Forum တွေမှာ ရှာဖွေရယူနိုင်ပါတယ်။ အခုဖော်ပြခဲ့တဲ့ Language တွေကတော့ လက်ရှိအချိန်မှာ လူကြိုက်အများဆုံးနဲ့ အသုံးချမှုအများဆုံး Languages တွေပဲ ဖြစ်ပါတယ်။

စမတ်ဖုန်းတွေရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဟာ ၂၀၁၂ ခုနှစ်လို့ ပြောလို့ရပြီး Apple ရဲ့ iPhone 4S ကို ပခုံးချင်းယှဉ်ပြီး ဈေးကွက်ဝေစုကို ခွဲယူခဲ့တဲ့ Samsaung ရဲ့ Galaxy S III၊ ၂၀၁၃ မှာ ထုတ်လုပ်မယ့်ဖုန်းရဲ့ ထိတွေ့သိ ဖန်သားပြင်ဟာ iPhone 5 ထက်သာမယ်လို့ သတင်းထုတ်ပြန်ခဲ့တဲ့ HTC တို့လို ဖုန်းကုမ္ပဏီကြီးတွေကြောင့် Apps တွေရေးသားမယ့် Developer တွေအတွက် ကြိုတင်စိတ်ကူးယဉ်ခွင့် ရခဲ့ပါတယ်။ အဲဒီလိုပဲ ဘယ် Programming Language ကို အသုံးပြုမလဲဆိုတဲ့ အချက်ဟာလည်း Developer တွေအကြားမှာ ဆုံးဖြတ်ရခက်စေတဲ့ အချက်တစ်ခု ဖြစ်လာခဲ့ပါတယ်။ iOS လမ်းကြောင်းပေါ်မှာပဲ Apple ရဲ့ iProduct တွေအတွက် Apps တွေ ရေးသားထုတ်လုပ်မလား။ အချိန်တိုအတွင်း တိုးတက်လာတဲ့နောက်တက် Open Source Android အတွက် Apps တွေကိုပဲ ရေးသားမလား ဆိုတာကတော့ Developer တွေရဲ့ ဆုံးဖြတ်ချက်အပေါ်မှာပဲ မူတည်ပါတယ်ဆိုတာကို တင်ပြရင်း အဆုံးသတ်လိုက်ရပါတယ်။


Helios H.N

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page