HTC Sensation
Monday, November 12, 2012
0
comments

ဒါကတော့ HTC ကနေ ထုတ်လုပ်လိုက်တဲ့ Sensation ဆိုတဲ့ ဖုန်းပါပဲ။ S-LCD
ဆိုတဲ့ Super LCD နည်းပညာသုံး ဖုန်းအမျိုးအစား တစ်ခု ဖြစ်ပါတယ်။ Touch
Screen ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပြီး Touch စနစ်ပိုင်းတွေ
ပြည့်စုံတဲ့အပြင် Multi Touch စနစ်ကိုလည်း အထောက်အပံ့ပေးနိုင်အောင်
ပြုလုပ် ထားတာ တွေ့ရပါတယ်။ ဖုန်းရဲ့Touch စနစ်အတွက်တော့ Capacitive Touch
စနစ်ကို အသုံးပြုပေးထားပြီး Sensor စနစ်အတွက်တော့ Gyro Sensor စနစ်ကို
အသုံးပြုပေးထားတာ တွေ့ရပါတယ်။ ဖုန်းကတော့ GSM 3G ဖုန်းအမျိုးအစား
တစ်ခုဖြစ်ပြီး 2G, 3G Network နှစ်ခုစလုံးမှာ အသုံးပြုနိုင်ပါတယ်။ 2G
အတွက်တော့ GSM 850/900/1800/1900 တွေမှာ ချိတ်ဆက် အသုံးပြုနိုင်ပြီး 3G
အနေနဲ့တော့ HSDPA 900/2100 တွေမှာ ချိတ်ဆက်အသုံးပြုနိုင်ပါတယ်။ ဖုန်းရဲ့
Music ပိုင်းနဲ့ Multimedia စနစ်ပိုင်းကို ကြည့်မယ်ဆိုရင်တော့ TV-out (via
MHL A/V link), SNS integration, Digital compass, Picasa integration,
MP3, WMA player, MP4, Organizer, Document viewer, Voice
memo/dial/commands, Predictive text input (T9 Trace) အစရှိတဲ့ စနစ်တွေကို
အသုံးပြုနိုင်မှာပါ။
Audio စနစ်ပိုင်းနဲ့ အခြားဖုန်းတွင်း စနစ်ပိုင်းတွေမှာ အဆင်ပြေနိုင်ပါတယ်။
အွန်လိုင်း အသုံးပြုစနစ်တွေ အနေနဲ့တော့ Google Search, Maps, Gmail,
YouTube, Google Talk အစရှိတဲ့ စနစ်တွေကို အသုံးပြုနိုင်မှာပါ။ ဒီလို
Browser စနစ်တွေနဲ့ တွဲဖက်ပြီး အွန်လိုင်းအသုံးပြု အင်တာနက်စနစ် အတွက်တော့
EDGE, GPRS စနစ်တွေကို အသုံးပြုနိုင်တဲ့အပြင် 3G စနစ်ဖြစ်တဲ့ HSDPA,
HSUPA စနစ်တွေကို အသုံးပြုနိုင်ပါတယ်။ ဝါယာလက် အင်တာနက်ချိတ်ဆက်ဖို့
အတွက်တော့ WiFi စနစ်ပါဝင်ပါတယ်။ ဖုန်းရဲ့ လုပ်ဆောင်ချက် ပိုင်းတွေကို
အကောင်းဆုံးဖြစ်အောင် ပြုလုပ်ပေးမယ့် Mobile CPU ကို ကြည့်မယ်ဆိုရင်တော့
1.2 GHz dual-core processor, Adreno 220 GPU, Qualcomm MSM 8260
Snap-dragon CPU ကို ထည့်သွင်း တပ်ဆင်ထားတာ တွေ့ရပါတယ်။ ဖုန်းရဲ့
လုပ်ဆောင်ချက်တွေ ကို မြန်ဆန်စေနိုင်ပြီး ဂရပ်ဖစ်ပိုင်းနဲ့
ရုပ်ထွက်ပိုင်းကို အကောင်းဆုံး ထောက်ကူပြုပေးမယ့် GPU စနစ်ကိုလည်း
တစ်ခါတည်း ထည့်သွင်း ပေးထားတာ တွေ့ရပါတယ်။ ဖုန်းထဲမှာ ထည်သွင်း
အသုံးပြုထားတဲ့ OS စနစ်ကတော့ Android OS ဖြစ်ပြီး Version 2.3
(Gingerbread) ကို အသုံးပြုပေးထားတာပါ။
ဖုန်းတွင်း မှတ်ဉာဏ်စနစ်ပိုင်း အတွက်တော့ Internal Memory 1 GB ပါဝင်ပြီး 768 MB RAM ပါဝင်ပါတယ်။ နောက်ထပ် မှတ်ဉာဏ် ထပ်တိုး အသုံးပြုဖို့အတွက်တော့ Micro SD Card ကို ထည့်သွင်း အသုံးပြုနိုင်မှာ ဖြစ်ပြီး 32 GB ထိ ထပ်တိုး အသုံးပြုနိုင်မှာပါ။ ဖုန်းထဲမှာတော့ 8 GB Card ပါဝင်ပါတယ်။ မိုဘိုင်းဖုန်း အပိုပစ္စည်းတွေနဲ့ ချိတ်ဆက်နိုင်ဖို့တော့ Buletooth 3.0 With A2DP စနစ်နဲ့ USB 2.0 စနစ်ကို အသုံးပြုနိုင်ပါတယ်။ ကင်မရာအတွက်တော့ 8 Mega Pixel ရှိတဲ့ ကင်မရာပါဝင်ပြီး ကင်မရာ စနစ်တွေအနေနဲ့ autofocus, dual-LED flash, check quality, Geotagging, touch-focus, image stabilization, face detection, instant capture, Video, stereo sound recording စနစ်တွေကို အသုံးပြုနိုင်တယ်လို့ ဆိုပါတယ်။

0 comments:
Post a Comment