လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Search Engine တွင်ထိရောက်စွာ ရှာဖွေခြင်း

Posted by Unknown Monday, November 12, 2012 0 comments
Photo


ကျွန်တော်တို့ အင်တာနက်မှာ မိမိလိုချင်တဲ့ အကြောင်းအရာတွေကို ရှာဖွေကြတဲ့အခါ Search Engine ကို အသုံးပြုပြီး အလွယ်တကူ ရှာဖွေကြပါတယ်။ အဓိက အသုံးများတဲ့ Search Engine ကတော့ လူသိလည်းများတဲ့ Google.com ပဲ ဖြစ်ပါတယ်။ အခြား Search Engine တွေလည်း များစွာရှိပါတယ်။ ဥပမာ ask.com, bing.com, yahoo.com စသည်ဖြင့် ရှိပါသည်။ Google ကတော့ လူသုံးအများဆုံး ဖြစ်ပါတယ်။ မိမိတို့ ရှာဖွေမယ့် အချက်အလက် keyword ရဲ့ ရှေ့မှာဆိုရင် + လေးကို ထည့်ပေးရပါတယ်။ ဒါမှ အခြား မလိုအပ်တဲ့ အရာတွေကို ရှာဖွေခြင်းမှ ရှောင်နိုင်ပါမယ်။ ရှာဖွေလာတဲ့ Page တွေမှာ အဓိက မိမိရှာလိုတဲ့ Keyword ကို ပါစေရန် + လေး ထည့်ပေးလိုက်ရခြင်း ဖြစ်ပါတယ်။ အဲလို + လေးထည့်တဲ့အခါမှာတော့ မိမိ Keyword နဲ့ + ကို တစ်ဆက်တည်း ရေးရပါမယ်။ တစ်ခါတလေ ကျွန်တော်တို့ ရှာဖွေလိုတဲ့ Keyword ကို ရိုက်ထည့်လိုက်ပေမယ့် ကိုယ်လိုချင်တဲ့ အကြောင်းအရာနဲ့ တခြားစီ ဖြစ်နေတတ်ပါတယ်။ မြန်မာလိုရိုက်ပြီး ရှာမယ်ဆိုရင်တော့ ပိုဆိုးပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ မလိုချင်တဲ့ အကြောင်းအရာတွေကိုသုံးပြီး Keyword တွေကို ချန်လှပ်ခဲ့လို့ ရပါတယ်။ - နဲ့ သုံးလိုက်တဲ့ Webpage တွေကတော့ ချန်လှပ်ခံခဲ့ရမှာ ဖြစ်ပါတယ်။ Keyword တစ်ခုတည်း မဟုတ်ဘဲ စကားစု အသုံးအနှုန်းများကို ရှာဖွေလိုတဲ့အခါမှာတော့ Double Quotation ကို အသုံးပြုပေးရပါတယ်။ဥပမာ- "Where you go miss you more" ဒါဆိုရင်တော့ Search Engine ကနေပြီးတော့ "Where you go miss you more" ပါရှိတဲ့ Webpage များကိုသာ ဖော်ပြပေးတော့မှာ ဖြစ်ပါတယ်။

( ~ ) Tilde သင်္ကေတကတော့ သင်္ချာဘက်ကနေကြည့်ရင် အနီးစပ်ဆုံး approximately လို့ ဆိုပါတယ်။ ဒီသဘောတရားအတိုင်းပဲ ကျွန်တော်တို့က အတိအကျ မပြောနိုင်တဲ့ အခါမျိုးမှာ မိမိရှာဖွေလိုတဲ့ အကြောင်းအရာတစ်ခုနှင့် ပတ်သက်တဲ့ Webpage မှန်သမျှကို ဖော်ပြစေချင်တဲ့ အခါမှာ အသုံးပြုနိုင်ပါတယ်။ ဥပမာ Computer~network ဆိုပြီး ရှာဖွေလိုက်ရင် network နဲ့ အနီးစပ်ဆုံးဖြစ်တဲ့ Webpage တွေကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ စကားစုတွေရယ် စကားလုံးတွေရယ် ပေါင်းစပ်ပြီး ရှာဖွေလိုတဲ့ အခါမှာတော့ +, -, " " , သင်္ကေတတွေကို အသုံးပြုနိုင်ပါတယ်။ ဥပမာ +"The main" + Station-train ဆိုပြီး ရှာလိုက်ရင်တော့ Search Engine ဟာ The main ဆိုတဲ့ စကားစုရယ် Station ဆိုတဲ့ စကားလုံးရယ် ပါမယ်လို့ သိရှိပြီး - ခံထားတဲ့ train ဆိုတဲ့ စကားလုံး မပါဝင်ရဘူးလို့ နားလည်သိရှိပါတယ်။ ဖော်ပြပေးတဲ့ အခါမှာလည်း train မပါဝင်ဘဲ The main နဲ့ station ပါဝင်တဲ့ webpage တွေကိုသာ ဖော်ပြပေးမှာဖြစ်ပြီး train ပါဝင်တဲ့ page တွေကိုတော့ ချန်လှပ်ခဲ့မှာ ဖြစ်ပါတယ်။

အင်တာနက်မှာ ရှာဖွေတဲ့အခါမှာတော့ ထိရောက်မှုမရှိဘဲ အချိန်ကို ပိုမိုကြန့်ကြာစေတဲ့ စကားလုံးတွေ ရှိပါတယ်။ ဒါတွေကတော့ a, an,by, the, be စသည်ဖြင့် ရှိပါတယ်။ ဒီစကားလုံးတွေကို Stop Words လို့လည်း ခေါ်ပါတယ်။ ဥပမာ The Networking လို ရှာဖွေလိုက်တဲ့အခါမှာ The ဟာ Webpage များစွာမှာ ပါဝင်တဲ့ စကားလုံးဖြစ်လို့ မလိုအပ်ဘဲနဲ့ အချိန်က အလဟဿ ဖြစ်စေပါတယ်။ ဒါကြောင့် အဲဒီလို စကားလုံးတွေ အသုံးပြုပြီး ရှာဖွေခြင်းကို ရှောင်သင့်ပါတယ်။ နောက်တစ်ခုကတော့ Syntax ကို အသုံးပြုပြီး ရှာဖွေနည်းပါ။ ဒါကတော့ မိမိလိုချင်တဲ့ File Type အမျိုးအစားတွေကို အတိအကျ ရှာဖွေတဲ့နည်းပါ။ ဥပမာ "Networking"filetype.pdf ဆိုပြီး pdf ကို ရှာဖွေနိုင်ပါတယ်။ တကယ်လို့ သင်က website, Blogger ရေးနေတဲ့သူတစ်ယောက် ဆိုရင်တော့ သင့်ရဲ့ website, blog ကို အခြား မည်သည့် website တွေက link ပြုလုပ်ထားသလဲဆိုတာကို သိချင်ရင် link: ဆိုတဲ့ syntax ကို အသုံးပြုနိုင်ပါတယ်။ နောက်တစ်ခု Syntax ကို သုံးနည်းကတော့ define: ပဲ ဖြစ်ပါတယ်။ ဥပမာ သင်က CCNA ရဲ့ means ကို သိလိုတဲ့အခါ define:CCNA ဆိုပြီး ရှာဖွေနိုင်ပါတယ်။ ဒါဆိုရင် Search Engine က သင့်ကို CCNA ရဲ့ Means "Cisco Certified Network Associate" အပြင် CCNA နဲ့ ပတ်သက်တဲ့ အခြားအကြောင်းအရာများကိုပါ ရှာဖွေဖော်ပြပေးမှာ ဖြစ်ပါတယ်။မိမိသဘောကျတဲ့  music lyric တွေကို ရယူလိုတယ်ဆိုရင်တော့ "miss you" lyrics စသည်ဖြင့် ရှာဖွေနိုင်ပါတယ်။ အခြား cache:, related:, info:, stocks:, site:, allintitle:, allinurl:, safesearch: စသည်ဖြင့်လည်း ရှာဖွေနိုင်ပါတယ်။ အခုလို အသုံးပြုပြီး ရှာဖွေမယ်ဆိုရင်တော့ မလိုအပ်ဘဲ အချိန်ကြန့်ကြာမှုကို ကျော်လွှားနိုင်မယ့်အပြင် မိမိလိုချင်တဲ့ အကြောင်းအရာကို ထိရောက်စွာ ရှာဖွေနိုင်မှာပဲ ဖြစ်ပါတယ်။ အားလုံးပဲ Internet Search Engine မှာ အကျိုးရှိရှိ ထိရောက်စွာ ရှာဖွေနိုင်ကြပါစေ။

(စိုင်းသန့်စင်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page