လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

လောကကြီးကို အပြောင်းအလဲဖြစ်စေသည့် နည်းပညာများ (ADSL)

Posted by Unknown Tuesday, November 13, 2012 0 comments

မူလ အသုံးပြုနေတဲ့ တယ်လီဖုန်း ဆက်သွယ်ရေးစနစ်ကို ပိုပြီး ထိထိရောက်ရောက် အသုံးပြုနိုင်စေတဲ့ ADSL (Asymmetrical Digital Subscriber Line) နည်းပညာ broadband အင်တာနက် ဆက်သွယ်ရေး စနစ်ကို တစ်ခေတ် ပြောင်းစေခဲ့တယ်။  တယ်လီဖုန်း ဆက်သွယ်ရေးစနစ်မှာ တစ်နေရာကနေ တစ်နေရာကို စကားသံတွေနဲ့ ဆက်သွယ် ပြောဆိုနိုင်တဲ့ အနေအထားက စခဲ့ကြတယ်။ ဒါပေမဲ့ ဒီဂျစ်တယ် နည်းပညာတွေ ဖွံ့ဖြိုးတိုးတက်လာတဲ့အခါ ကွန်ပျူတာ ဆက်သွယ်ရေးရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် အသုံးချခွင့်ရသွားတယ်။ ဒီအခါမှာ Dial-up Lines ဆိုတာနဲ့ Dedicated Lines ဆိုပြီး ပထမဆုံး နှစ်မျိုး ခွဲထွက်လာတယ်။ Modem တွေကို အသုံးချပြီး တယ်လီဖုန်းလိုင်းနဲ့ ဆက်သွယ်ပြီး အသုံးပြုရတဲ့ Dial-up စနစ်မှာ အင်တာနက်ကို သုံးရတာ နှေးကွေးကြန့်ကြာမှုတွေ ရှိနေခဲ့တယ်။ ဆက်သွယ်ရေး သဘောအရ ယာယီ ဆက်သွယ်မှုလို့ သတ်မှတ်ထားတဲ့ စနစ်လည်း ဖြစ်တယ်။ Dedicated Lines ဆိုတာကတော့ ဆက်သွယ်ရေး ကိရိယာ နှစ်ခုအကြား အမြဲဆက်သွယ်မှု ပုံစံနဲ့ ရှိနေစေတယ်။ ဆက်သွယ်ရေး ခိုင်မာမှုနဲ့ အရည်အသွေးပိုင်း ဆိုင်ရာမှာလည်း Dial-up စနစ်ထက် ပိုသာတယ်။

အသေးစား လုပ်ငန်းတွေနဲ့ အိမ်သုံး အတွက်ကတော့ ISDN (Integrated Service Digital Network) ဆိုတဲ့ Standard Copper တယ်လီဖုန်းလိုင်းသုံး ဒီဂျစ်တယ် ထုတ်လွှင့်မှုစနစ်က Dial-up ထက်ကောင်းနေပြန်တယ်။ ISDN လည်း Dial-up လိုပဲ အင်တာနက် သုံးဖို့အတွက် တယ်လီဖုန်း လိုင်းရှိမှ ဖြစ်မယ်။ နောက်ထပ် ဒီထက် ကောင်းတဲ့စနစ်ကတော့ DSL (Digital Subscriber Line) စနစ်ဖြစ်တယ်။ Voice နဲ့ data နှစ်မျိုးစလုံးအတွက် သယ်ယူပို့ဆောင်ရေးကို ပိုပြီးမြန်ဆန် သွက်လက်စွာ လုပ်ကိုင်ပေးနိုင်တဲ့ အရည်အချင်း ရှိတယ်။ DSL နည်းပညာ အနေနဲ့ Standard အမျိုးမျိုး ရှိနေပြန်တယ်။ ADSL/ ADSL 2/ ADSL 2+/ HDSL/ HDSL 2/ IDSL/ MSDSL/ PDSL/ RADSL/ SDSL/ SHDSL/ UDSL/ VDSL/ VDSL 2 ဆိုပြီး ရှိနေတယ်။ ဒီအထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးကတော့ ADSL စနစ်ဖြစ်တယ်။ သမားရိုးကျ Voice band modem တွေထက် data transmission ကို ပိုပြီး မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်တယ်။ တစ်ချိန်ထဲမှာ စကားပဲပြောပြော data ပို့လွှတ်မှုပဲ လုပ်လုပ်လုပ်နိုင်ဖို့ တယ်လီဖုန်းလိုင်း တစ်ခုကို DSL Filter က ပိုင်းခြား လုပ်ကိုင်ပေးစေတယ်။ band width ကောင်းတယ်။ လိုင်းကိုလုပ်တဲ့အတွက် bit ratio ကလည်း ပိုကောင်းသွားတယ်။ download / Upload လုပ်ငန်းစဉ်တွေကို ထိုက်တန်တဲ့ မြန်ဆန်မှု တစ်ခုနဲ့ လုပ်ကိုင်ခွင့်ရသွားတယ်။ နည်းပညာပိုင်း အနေနဲ့ရော ဈေးကွက် အနေအထားနဲ့ပါ ကြည့်မယ်ဆိုရင် ADSL က အလွန် ကျေနပ်အားရ စရာ ကောင်းတယ်။ တစ်နည်းပြောရရင် Broadband Internet ချိတ်ဆက်မှုအတွက် ကုန်ကျစရိတ် ကြီးမြင့်တယ်လို့ ယူဆသူတွေအတွက် အကြိုက်ဖြစ်သွားစေတယ်။
အိမ်သုံး အင်တာနက်အတွက် အကောင်းဆုံးလို့ ပြောလို့ရပေမယ့် အလတ်စား အသေးစား လုပ်ငန်းတွေ အတွက်လည်း ADSL အသုံးချ အင်တာနက်က အဆင်ပြေဆုံးဖြစ်သွားတယ်။ အင်တာနက် သုံးစွဲခွင့်တွေ ရလာတဲ့အချိန်မှာ Dial-up နဲ့ အသုံးပြုကြရတယ်။ ဒါပေမဲ့ Speed နှေးကွေးမှုကြောင့် ပေါ်ပြူလာ မဖြစ်နိုင်ခဲ့ပါ။ Speed ကောင်းကောင်းနဲ့ လုပ်ကိုင်နိုင်ဖို့ Broadband နဲ့အသုံးပြုဖို့ကြတော့ ကုန်ကျစရိတ်နဲ့ ရင်းနှီးမတည်ငွေ အလွန်မြင့်မားတဲ့အတွက် တစ်ဦးချင်း တစ်ယောက်သမားအနေနဲ့ ဘယ်လိုမှ စဉ်းစားစရာ အခွင့်အလမ်း မရှိနိုင်ခဲ့ပါ။ ဒီအချိန်မှာ ကုန်ကျစရိတ် သက်သာမှုနဲ့ အမြန်နှုန်း ကောင်းကောင်း အသုံး ချခွင့်ရတဲ့ ADSL စနစ်ကို အသုံးပြုခွင့် ရလိုက်တဲ့အတွက် အင်တာနက် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်း ပွင့်သွားခဲ့ရတယ်။ အသုံးပြုနိုင်တဲ့ ပုဂ္ဂိုလ်အရေအတွက်လည်း ပိုများလာတယ်။ ဒီအတွက် နည်းပညာ သမိုင်းမှတ်တိုင်မှာ ADSL အနေနဲ့ တိုင်တစ်တိုင်အဖြစ် ပါဝင်သွားတော့တယ်။ DSL Standard တစ်မျိုးထဲမှာ  ADSL Standard က တစ်မျိုးအဖြစ် ရပ်တည်စေပေမယ့် ADSL မှာပင် ဆင့် ကဲဖြစ်စဉ်တွေနဲ့အတူ ဖြစ်ထွန်းလာရင်း Standard အမျိုးမျိုး ထပ်ရှိလာခဲ့ရတယ်။ 1998 ခုနှစ်မှာ ပထမဆုံး ထွန်းပေါ်ခဲ့တယ်။ အများသုံးအမည် အနေနဲ့ ADSL လို့ပင် ခေါ်ဆိုကြပြီး နည်းပညာပိုင်းအရ Standard name က ANSL, T1-413-1998 လို့ သိနိုင်တယ်။ downstream rate 8.0 Mbit/s ရှိကာ Upstream rate က 1.0 Mbit/sec ဖြစ်တယ်။ နောက်ပိုင်းမှာ ၁၉၉၉ ခုနှစ် နှစ်ကြိမ်၊ ၂၀၀၁ ခုနှစ် တစ်ကြိမ်၊ ၂၀၀၂ ခုနှစ် နှစ်ကြိမ်၊ ၂၀၀၃ ခုနှစ် တစ်ကြိမ်၊၂၀၀၅ ခုနှစ် တစ်ကြိမ်နဲ့ ၂၀၀၈ ခုနှစ်တစ်ကြိမ် အဆင့်ဆင့် Standard name တွေနဲ့ အတူ တိုးတက်ဖြစ်ထွန်းလာခဲ့တယ်။
၂၀၀၈ ခုနှစ် ADSL + 2 Version မှာ ADSL +M လို့ခေါ်ဆိုကြပြီး downstream rate 24.0 Mbit/sက Upstream rate 3.3 Mbit/s အထိ ဖြစ်သွားတယ်။ DSL ကို ပထမဆုံး တီထွင်ပေးသူကတော့ စတင်းဖို့ဒ် တက္ကသိုလ်က အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ John Cioffi ဖြစ်တယ်။ တိတိကျကျပြောရရင် ပထမဆုံး အသုံးပြုခွင့်ရကြတဲ့  DSL modems တွေထဲက ကွန်ပျူတာချစ်ပ်ကို တီထွင်ပေးလိုက် တာ ဖြစ်တယ်။ကမ္ဘာတစ်လွှားမှာရှိနေတဲ့ ADSL Services အများစုရဲ့ အမြန်နှုန်းတွေက 1 Mbps ကနေ 20 Mbps အထိသာ ရှိကြတယ်။ ဒီအတွက် မဲဘုန်းတက္ကသိုလ်မှာရှိတဲ့ Dr.Papandriopoulos က ADSL Connector ကို အဆ ၁၀၀ လောက် ပိုမြန်စေမယ့် algoritham  တစ်ခုကို တီထွင်လိုက်တယ်။ ADSL ဆက်သွယ်မှုကို နှေးကွေးနေစေတဲ့ လျှပ်စစ်သံလိုက် အနှောင့်အယှက်တွေကို ဖယ်ထုတ် လျှော့ချတဲ့နည်းကို တီထွင်ပေးလိုက်တာ ဖြစ်တယ်။ အခုတော့ အင်တာနက် အသုံးပြုသူတွေအတွက် ADSL နည်းပညာရဲ့ အသီးအပွင့်တွေကြောင့် လိုအပ်ချက်တစ်ခု ပြည့်ပြည့်စုံစုံ ရရှိသွားစေပါတော့တယ်။
(စမ်းဝေသူ)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page