လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Applications တွေရဲ့ Memory အသုံးပြုချင်မှု စီမံခန့်ခွဲချင်တယ်ဆိုရင်

Posted by Unknown Tuesday, November 13, 2012 0 comments


ဖုန်းတစ်ခုပေါ်မှာ တင်ထားတဲ့ Application တွေ Run ဖို့ ကိစ္စဟာ Operating system (OS) က ကိုင်တွယ်စီမံခန့်ခွဲ ပေးနေတာကြောင့် အမှန်တော့ ကိုယ့်ရဲ့အပူ မဟုတ်ပါဘူး။  တစ်ခါတစ်ရံမှာတော့ ဘယ် Applications တွေက ကိုယ့်ရဲ့ ဖုန်းပေါ်က Memory အပါအဝင် တခြားတခြားသော Resources တွေကို ဘယ်ပုံဘယ်နည်းနဲ့ အသုံးပြုနေသလဲဆိုတာ သိလိုတဲ့ အခါမျိုးတော့ ရှိမှာပါ။ Applications တွေအနေနဲ့ ဖုန်းပေါ်မှာ Run ဖို့ Memory အမျိုးအစား ၂ ခုကို အဓိက အသုံးပြုကြတယ်။ အဲဒါကတော့ Storage memory and RAM ပေါ့။ Applications တွေက Storage memory ကို သူတို့ကိုယ်တိုင်ကို သိမ်းထားဖို့နဲ့ သူလုပ်ငန်း လုပ်ဆောင်ရာမှာ အသုံးပြုတဲ့ Files, Settings နဲ့ သူအသုံးပြုနေတဲ့ တခြား Data တွေ သိုလှောင်ထိန်းသိမ်းရာ နေရာအဖြစ် အသုံးချတယ်။ Application တွေ Running လုပ်စဉ် Processed data တွေကို ယာယီ လက်ခံထိန်းသိမ်းထားဖို့နဲ့ Access လုပ်တာ မြန်စေဖို့ RAM ကို သုံးရပါတယ်။ ဖုန်းတိုင်းမှာ Internal storage ပါရှိကြပါတယ်။ ပမာဏ အနည်းအများသာ ကွာတာပါ။ အဲဒီထဲမှာ Application တွေရယ်၊ Files အမျိုးမျိုးရယ်၊ Application တွေနဲ့ အလုပ်လုပ်ဖို့ Data တွေကို ထိန်းသိမ်းပေးထားပါတယ်။
ဖုန်းရဲ့ Internal storage ထဲမှာ လူသိမခံလိုတဲ့ ကိုယ်ရေးကိုယ်တာ Private information တွေမှာ ပါတာဆိုတော့ ဖုန်းရဲ့ Operating system က ဒီကိစ္စကို ကောင်းကောင်း ကာကွယ်ပေးထားတယ်။ ဖုန်းနဲ့ ကွန်ပျူတာကို USB Cable နဲ့ ချိတ်သုံးနေချိန်မှာတောင် Internal storage ထဲက Contents တွေကို ကြည့်လို့ရမှာ မဟုတ်ဘူး။ ဖုန်းတွေရဲ့ Model အမျိုးအစားပေါ် လိုက်ပြီး Internal storage ပဲ ထည့်ပေးထားတဲ့ ဖုန်းနဲ့ သူတင်မကဘဲ Removable SD Card  ကနေ  Memory တိုးချဲ့သုံးလို့ရတဲ့ ဖုန်းတွေ ရှိတယ်။ SD Card ထဲက Contents တွေကတော့ ဖုန်းကို ကွန်ပျူတာနဲ့ ချိတ်ချိန်မှာ လှမ်းပြီး View  လို့ ရတယ်။ ဖုန်းရဲ့ Operating system က applications တစ်ခုချင်းအနေနဲ့ RAM Memory ပေါ်မှာ ဘယ်လို အသုံးပြုရမယ်ဆိုတာ Manage လုပ်ပေးတယ်။ Application တစ်ခုအနေနဲ့ သူနဲ့ ဆက်စပ်အလုပ်လုပ်ရတဲ့ Component processor and services  တွေရဲ့ RAM Memory အသုံးပြုမှုကို တကယ်တမ်း လိုအပ်တဲ့ အချိန်မှာသာ သုံးစေတယ်။ မလိုချိန်မှာ ရပ်ထားတယ်။ ရပ်ထားတဲ့ အချိန်စောစောက RAM ပေါ် တင်ထားတဲ့အရာတွေကို Cache Memory ထဲမှာ မှတ်ထားပေးတယ်။ Cache processes လုပ်ပေး တာပေါ့။ အဲဒီလိုလုပ်တဲ့အတွက် အဲဒီ Activity ကို Restart ပြန်လုပ်ချိန်မှာ ပိုပြီး မြန်မြန်ဆန်ဆန် လုပ်နိုင်မယ်။ ဒါပေမဲ့ RAM ပေါ်မှာ နောက်ထပ် Activities တစ်ခု Run မယ် ဆိုရင်တော့ အဲဒီ Cache ထဲမှာ စောစောက နေရာပေးထားရာကနေ Erase  ခံရလိမ့်မယ်။ Applications တွေရဲ့ ဖုန်းပေါ်က Storage memory အသုံးပြုမှုကို အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေ အသုံးပြုပြီး တိုက်ရိုက် ဒါမှမဟုတ် သွယ်ဝိုက်ပြီး Manage လုပ်လို့ရပါတယ်။
- Applications တွေကို တင်ခြင်း၊ ဖြုတ်ခြင်း (Installing or uninstalling application)
- Browser, Gmail နဲ့ အခြားသော Applications တွေသုံးပြီး Download ချခြင်း။
- Files ဖန်တီးခြင်း (Creating Files) (ဖုန်းကင်မရာနဲ့ ဓာတ်ပုံ ရိုက်လိုက်တဲ့အခါမျိုး)
- Download ချထားတဲ့ Files တွေနဲ့ ဖန်တီးထားတဲ့ Files တွေကို Deleting လုပ် ဖျက်ပစ်ခြင်း။
- ဖုန်း SD Card ထဲက Files တွေကို ကွန်ပျူတာထဲ အကူးအပြောင်း လုပ်ယူခြင်း၊ ဖျက်ပစ်ခြင်း။
- Application တစ်ခုရဲ့ Support လုပ်မှုအပေါ် မူတည်ပြီး Internal storage နဲ့ SD Card (USB Storage) အကြား အပြန်အလှန် ကူးပြောင်းနေရာရွှေ့ခြင်း။
Application တွေက RAM ကို ဘယ်လိုသုံးရမယ် ဆိုတာကတော့ ကိုယ်အလုပ် မပျက်ပါဘူး။ Operating system က Manage လုပ်သွားပါလိမ့်မယ်။ ဒါပေမဲ့ ဘယ် Application တစ်ခုဟာ RAM ဘယ်လို သုံးတယ် ဆိုတာတော့ သိအောင် လုပ်လို့ရသလို အလုပ်လုပ်ပုံ မူမမှန်တော့ဘူး၊ ကမောက်ကမ ဖြစ်လာပြီဆိုရင် Forced Stop လုပ်လိုက်လို့ရတယ်။
Open the Manage Application Screen
- Setting>Application>Manage application အတိုင်းသွား။
- Manage Application screen ပွင့်လာရင် Downloaded (          ), All(         ), USB Storage (On SD Card) (         ), Running (         ) ဆိုပြီး Tab လေးခုနဲ့ Select လုပ်ထားတဲ့ Tabs အောက်မှာပါတဲ့ Application List တွေကို သူတို့ရဲ့ Files အရွယ်အစား ပမာဏကိုယ်စီနဲ့ ပေါ်လာမယ်။ အောက်ဆုံးမှာတော့ List ထဲမှာပါတဲ့ Items တွေရဲ့ Memory used ပမာဏနဲ့ ကျန်ရှိနေသေးတဲ့ Free memory ပမာဏကို Graph ပုံစံနဲ့ ဖော်ပြထားတယ်။
List ထဲမှာ ပါတဲ့ Application ဒါမှမဟုတ် Process ဒါမှမဟုတ် Services ကို Touch လုပ်လိုက်ရင် နောက်ထပ် Details screen တစ်ခု ပွင့်လာမယ်။ Item အမျိုးအစားအပေါ် မူတည်ပြီး Setting change လို့ ရတာလေးတွေ ပေါ်လာမယ်။ Force Stop လုပ်လို့ ရမယ်။ Uninstall လုပ်လို့ ရမယ်။ Clear data လုပ်လို့ရမယ်။ Move to SD Card ဒါမှမဟုတ် Move to phone လုပ်လို့ရမယ်။ Clear cache လုပ်လို့ ရမယ်။ System files တွေ ဆိုရင်ဆိုတော့ အဲဒါတွေကို ကလိခွင့်ပေးမှာ မဟုတ်ဘူး။ ဒါကြောင့် အဲဒီ Settings ခလုတ်တွေ နေရာမှာ Inactivate လုပ်ထားလို့ မှောင်မည်းမည်းလေး ဖြစ်နေမယ်။ အဲဒီပေါ်မှာ Touch  သွားလုပ်လို့ ဘာမှတုံ့ပြန်မှာ မဟုတ်ဘူး။
- Downloaded Tab ကို Touch လုပ်လိုက်ရင် Market ဒါမှမဟုတ် တခြားတခြားသော Sources တွေက download ချထားတဲ့ Applications တွေ ပေါ်လာမယ်။
- All Tab ကို Touch လုပ်ရင်တော့ ဖုန်းပေါ်မှာ Install လုပ်ထားသမျှသော Application တွေ ပေါ်လာမယ်။ Android လည်ပတ်ဖို့ မရှိမဖြစ် လိုအပ်တဲ့ Application တွေရော၊ Market or other source တွေက Downloaded ချထားတဲ့ application တွေရော အားလုံးပေါ်လာမယ်။
- USB Storage ဒါမှမဟုတ် SD Card ဆိုတဲ့ Tab ကို Touch လုပ်လိုက်ရင် SD card ထဲမှာ အထိုင်ချထားတဲ့ Application တွေ ပေါ်လာမယ်။ SD card ထဲမှာ Installed လုပ်ထားတဲ့ Application တွေကို Checked items လို့ခေါ်ပြီး Internal storage ထဲမှာ Installed လုပ်ထားတာတွေကိုတော့ Unchecked items လို့ ခေါ်ပါတယ်။
- Running Tab ကို Touch လုပ်ရင် Running or cached လုပ်နေဆဲ Application တွေရဲ့ Processes and service တွေ ပေါ်လာမယ်။ Menu (  ), ကို နှိပ်ပြီး Show Services in use  နဲ့ Show cached processes ဆိုတာကို တစ်လှည့်စီ ရွေးလို့ရတယ်။ Show services ထဲ Use ကို ရွေးရင် လက်ရှိ Running လုပ်နေဆဲ Application တစ်ခုချင်းကို Process and services လုပ်နေတဲ့ အနေအထား၊ Memory used ပမာဏ၊ ကြာမြင့်ချိန်တို့ ကွဲပြီး ပြပေးနေမယ်။ Show cached processes ကိုရွေးရင် လက်ရှိ Cached background process လုပ်နေတဲ့ Application တစ်ခုချင်းကို Memory used ပမာဏနဲ့ ဖော်ပြပေးလိမ့်မယ်။
- Downloaded, All, SD Card Tab တွေကို ရွေးပြီး ပေါ်လာတဲ့ Application တွေကို Files အရွယ်အစား ကြီးစဉ်ငယ်လိုက်စီ ကားချင်ရင် Menu (   ) တစ်ချက်နှိပ်ပြီး Sort by size ကို ရွေးပေးရမယ်။ ဒီလိုမဟုတ်ဘဲ A to Z ထိ အက္ခရာ အစီအစဉ်နဲ့ စီထားချင်ရင် Menu (   ) နှိပ်ပြီး Sort by name ကို ရွေးပေးရမယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page