လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Zip File ဆိုသည်မှာ

Posted by Unknown Tuesday, November 13, 2012 0 comments


ကွန်ပျူတာသုံးစွဲမှု သက်တမ်း အတော်အသင့်ရင့်လာလျှင် Zip ဖိုင်နှင့် တွေ့ရပါတော့မည်။  Zip ဖိုင်ဆိုသည် မှာ အရွယ်အစား သေးငယ်အောင် ကွန်ပျူတာနည်းပညာဖြင့် ချုံ့သွင်းထားသော ဖိုင်အမျိုးအစား ဖြစ် ပါသည်။ မြန်မာပြည်တွင် ကိုယ်ပိုင် ကွန်ပျူတာသုံးစွဲမှု တွင်ကျယ်လာသည့် ၂၁ ရာစုအဝင်တွင် ဤဖိုင် အမျိုးအစား အတော်များများကို တွေ့ခဲ့ကြရပါသည်။ သို့သော် ယခုအချိန်တွင် ယင်းထက် ပိုမို၍ ချုံ့အားကောင်းသော အမျိုးအစားဖြစ်သည့် RAR ဖိုင်အမျိုးအစားကို အသုံးပြုလာကြပါသည်။ RAR ဖိုင်ဆိုသည်မှာလည်း Zip ဖိုင် အမျိုးအစား တစ်ခုပင် ဖြစ်ပါသည်။ ကွာခြားချက်မှာ RAR က အခမဲ့မရနိုင်ဘဲ Zip က Windows ပိုင်ဆိုင်သူတိုင်း အခမဲ့ရနိုင်သည့် အချက်ဖြစ်ပါသည်။

Windows ပိုင်ဆိုင်သူတိုင်း ရိုးရိုးဖိုင်တစ်ခုကို Zip လုပ်၍ အခြားသူတစ်ဦးထံ ပေးပို့နိုင်ပြီး ထိုသူကလည်း Windows ကွန်ပျူတာ သုံးသည်ဆိုပါက ယင်းဖိုင်ကို အလွယ်တကူ ဖွင့်ကြည့်နိုင်ခြင်းမှာလည်း အားသာ ချက် ဖြစ်ပါသည်။ ရိုးရိုး data ဖိုင်များကို Zip ပြုလုပ်ပြီး သိုလှောင်ခြင်းအားဖြင့် Hard drive ပေါ်တွင် နေရာ အစား သက်သာစေပါသည်။ အတော်အသင့် အရွယ်အစားကြီးသော စာဖိုင်များနှင့် ဆော့ဖ်ဝဲဖိုင်များကို အခြားသူတစ်ဦးဆီသို့ အင်တာနက်မှ တစ်ဆင့်ပေးပို့လျှင် uploading ၌ အချိန်ကုန် သက်သာစေပါသည်။ Downloading ရယူသူကလည်း အချိန်ကုန် သက်သာပါသည်။ ထို့အပြင် Gmail သည် exe ဖိုင်များကို သူ့ထဲမှနေ၍ ပို့ခွင့်မပြုသော်လည်း Zip လုပ်ထားသော exe ဖိုင်များကို ပို့ခွင့်ပြုခြင်းမှာလည်း အထူးအခွင့်အရေး တစ်ရပ် ဖြစ်ပါသည်။

ကွန်ပျူတာသုံးစွဲသူ သက်တမ်းနုသေးသူ အတော်များများက Zip ဖိုင် ပြုလုပ်ရန်အတွက် အထူးဆော့ဖ်ဝဲ တစ်ခု သီးခြားလိုအပ်မည်ဟု ထင်တတ်ကြပါသည်။ ၂၀၀၂ ခုနှစ် မတိုင်မီကဆိုလျှင် ထိုအချက် မှန်ကောင်းမှန်နိုင်ပါသည်။ သို့သော် Windows XP မှ နောက်ပိုင်းထွက် Windows Version အားလုံးတွင် ဖိုင်တစ်ခုကို zip ပြုလုပ်နိုင်သည့် အခွင့်အလမ်းနှင့် Zip ပြုလုပ်ထားသည့်ဖိုင်က မူလဖိုင်အဖြစ် သို့ ရောက်အောင် ပြန်ဖြည့်နိုင်သည့် အခွင့်အလမ်းတို့ကို ပေးအပ်ထားပြီး ဖြစ်ပါသည်။ ထို့ကြောင့် စာရှုသူ သည် Windows XP သို့မဟုတ် Vista သို့မဟုတ် 7 တစ်ခုခုကို သုံးလျှင် Zip ဖိုင်နှင့် ပတ်သက်သည့် စွမ်းဆောင်ရည်တို့ကို အလိုအလျောက် ရရှိပါလိမ့်မည်။ ထိုစွမ်းရည်တို့ကို အသုံးပြုရသည်မှာလည်း လွယ်ကူပါသည်။ ဤဆောင်းပါးတွင် Zip ဖိုင် ပြုလုပ်ပုံ၊ ပြုလုပ်ပြီး Zip ဖိုင်ကို ပြန်ဖွင့်ပုံ၊ Zip ဖိုင် အမျိုးမျိုးအား ပြုပြင်ပြောင်းလဲပုံတို့ကို ဦးစားပေး၍ တင်ပြသွားပါမည်။

ပထမဦးဆုံး တင်ပြမည့်အချက်မှာ Zip ဖိုင်တစ်ခုကို ဖန်တီးခြင်း ဖြစ်သည်။ ဖိုင် သို့မဟုတ် ဖိုလ်ဒါတစ်ခုကို Zip ပြုလုပ်ခြင်း တစ်နည်းဆိုရလျှင် ဖိုင်အရွယ်အစား သေးငယ်သွားအောင် သိပ်သွင်းခြင်းမှာ အလွန်လွယ်ကူပါသည်။ Windows XP မှာ ဖြစ်စေ၊ Vista မှာ ဖြစ်စေ၊ 7 မှာ ဖြစ်စေ လုပ်နည်းလုပ်ဟန် အတူတူဖြစ်ပါသည်။ မိမိအသွင်ပြောင်းလိုသော ဖိုင်သို့မဟုတ် ဖိုလ်ဒါတစ်ခုကို ညာကလစ်တစ်ချက် ထောက် ပါ။ Drop down list တစ်ခုကျလာပါမည်။ ကျလာသော ဇယားကွက်ထဲမှ send to သို့ သွားပါ။ ပြီးလျှင် Compressed (zipped) folder ကို ရွေးပေးပါ။ မိမိရွေးချယ်လိုက်သော ဖိုင်ကို Windows က ချက်ချင်းပင် ဖိသိပ်သွင်းသည့်အလုပ် (Compression) လုပ်ပေးပါသည်။ ဖိုင်အမျိုးအစားပေါ်မူတည်၍ အများဆုံး ၈၀ ရာခိုင်နှုန်းအထိ ပိုမိုသေးငယ်သွားသော ဖိုင်ကို တွေ့ရပါသည်။

Data ဖိုင်များ Web Page များမှာ ပို၍ သိသာပါသည်။ ဓာတ်ပုံနှင့် ရုပ်ပုံဖိုင်များအား Zip လုပ်ရာတွင် အရွယ်အစား သိသိသာသာ သေးငယ်သွားမှုကို မတွေ့ရပါ။ ဖိုင်တစ်ခုကို ဖြစ်စေ၊ ဖိုင် အတော်အသင့်ပါသော ဖိုလ်ဒါတစ်ခုကို ဖြစ်စေ Zip ဖိုင်ဘဝသို့ ပြောင်းလဲရာတွင် အမြန်နှုန်း သိသိသာသာ ကွာခြားမှုမရှိပါ။ ဖိုင်တစ်ခုကိုဖြစ်စေ၊ ဖိုလ်ဒါတစ်ခုကို ဖြစ်စေ Zip လုပ်ရာတွင် file extension (.zip) ပါဝင်သောဖိုင် သို့မဟုတ် ဖိုလ်ဒါတစ်ခုကို ရရှိပါမည်။ Zip ဖိုင် သို့မဟုတ် ဖိုလ်ဒါ၏ အမည်မှာ မူရင်းဖိုင်နှင့် အတူတူ ဖြစ်ပါလိမ့်မည်။ အရွယ်သေးအောင် ဖိသိပ်သွင်းထားခြင်းသာ ကွာခြားပါမည်။ Zip လုပ်ခွင့်ရှိသော Windows အားလုံးတွင် File icon မှာလည်း အတူတူ ဖြစ်ပါသည်။ မူလဖိုင်ပေါ်တွင် အင်္ကျီမှာတပ်သည့် ဇစ်ပုံလေး တပ်လျက်တွေ့ရပါမည်။

ယနေ့အချိန်တွင် Windows သုံးစွဲသူ အတော်များများသည် Winrar ဆော့ဖ်ဝဲကို သုံးစွဲနေပြီဖြစ်သဖြင့် ယင်းဆော့ဖ်ဝဲ တင်ထားပါက ဖိုင် icon ပေါ်တွင် အင်္ကျီဇစ်တပ်ထားသည့်ပုံကို တွေ့ရမည်မဟုတ်ဘဲ စာအုပ်လေး ၃ အုပ်ထပ်ထားသည့်ပုံကိုသာ တွေ့ရပါမည်။ Zip ကို သက်ဆိုင်ရာ ဆော့ဖ်ဝဲက ကိုင်တွယ်ခြင်းကို ခွင့်ပြုပါမည်လားဟု မေးပြီး အသွင်ပြောင်းပေးလိုက်ခြင်း ဖြစ်ပါသည်။ Winrar ကလည်း Zip လုပ်နိုင်သောကြောင့် ဤသို့ဖြစ်သွားခြင်းဟု မှတ်ယူနိုင်ပါသည်။ Zip ပြုလုပ်ထားသော ဖိုလ်ဒါတစ်ခုထဲတွင် မည်သည့်အရာများ ပါဝင်နေသည်ကို ကြည့်ရန်အတွက်သော်လည်းကောင်း၊ ထိုဖိုင်များကို မူရင်းဖိုင်ကဲ့သို့ပင် ဖွင့်လှစ်ရန်အတွက်သော်လည်းကောင်း လုပ်ရသည့် လုပ်ငန်းစဉ်မှာလည်း လွယ်ကူပါသည်။ အရိုးရှင်းဆုံး နည်းလမ်းမှာ Zip ဖိုင်ပေါ်တွင် ဘယ်ကလစ် နှစ်ချက်ခေါက်ခြင်း ဖြစ်ပါသည်။

ယင်းဖိုလ်ဒါထဲတွင် ပါဝင်သမျှ အရာတို့ကို Windows explorer ထဲတွင် လာ၍ဖွင့်ပြပါမည်။ ဖိုလ်ဒါထဲရှိ ဖိုင်တို့ကို မူရင်းဖိုင်မြင်ရသကဲ့သို့ပင် မြင်ရပါလိမ့်မည်။ မူရင်းဖိုင် ဖွင့်သကဲ့သို့ပင် ဖွင့်၍ ရပါလိမ့်မည်။ ဖိသိပ်သွင်းထားခြင်း မရသော ဖိုလ်ဒါ (Uncompressed folder) အဖြစ်သို့ ကူးပြောင်း သွားသောကြောင့် ဖြစ်ပါသည်။ တကယ်တမ်းတွင် Zip ဖိုင်တစ်ခုအား ဖွင့်လိုက်လျှင် အခြားသောဖိုင် သို့မဟုတ် ဖိုလ်ဒါတစ်ခုလိုပင် လာရောက်ပြသသည်ကို တွေ့ရပါမည်။ ဥပမာဆိုရလျှင် Zip ဖိုင်ဘဝရောက်နေသော ဖိုလ်ဒါတစ်ခုကို ဘယ်ကလစ်နှစ်ချက်နှိပ်၍ ဖွင့်လျှင် ရိုးရိုးသာမန်ဖိုလ်ဒါတစ်ခုကို ဖွင့်ကြည့်လိုက်သလိုပင် မြင်ရပါမည်။ Windows နှင့် တွဲချိတ်ထားသော Application အား Zip ဖိုင်တွင် ပါဝင်နေသော အရာများအား ဖွင့်ပြရန် စေခိုင်းလိုက်သောကြောင့် ဖြစ်သည်။ အမှန်အားဖြင့် ဆိုရလျှင် Windows  သည် Zip ဖိုင်ကို အလွန်လျင်မြန်စွာ ဆွဲဖွင့်ပြီး အတွင်းရှိ ဖိသိပ်ထားသော ဖိုင်များကို အလွန်လျင်မြန်စွာ ဖြည်ချလိုက်ခြင်းသာ ဖြစ်သည်။ မြန်လွန်းသဖြင့် နောက်ကွယ်မှ မြင်ကွင်းကိုတွေ့လိုက်ရမည် မဟုတ်ပါ။ Zip ဖိုင်တစ်ခု ဖွဲ့စည်းပြီးလျှင် နောက်ထပ်ဖိုင်များကို Zip ဖိုင် အဖြစ်ပြုလုပ်ရေးမှာလည်း ပိုမိုလွယ်ကူလာပါသည်။ မိမိ Zip ပြုလုပ်လိုသော ဖိုင်အသစ်များကို တစ်ခုစီ ရွေးချယ်၍ မောက်စ် ဘယ်ကလစ် ဖိထောက်ပြီးဆွဲလာပါ။ Zip ပြုလုပ်ပြီးသားဖိုင် icon အပေါ်တည့်တည့် ရောက်လျှင် လွှတ်ချလိုက်ပါ။ ယင်းဖိုင်အားလုံး Zip ဖိုင်ဘဝသို့ ပြောင်းလဲသွားမည် ဖြစ်ပါသည်။ အကယ်၍ Zip ဖိုင်တစ်ခုအား ဖွင့်ထားပြီး အနေအထားတွင်ရှိပါက ယင်းဆီသို့ရောက်အောင် ပို့လိုက်သော ဖိုင်မှန်သမျှ သည်လည်း Zip ဖိုင်စာရင်းထဲသို့ ရောက်သွားမည်သာ ဖြစ်ပါသည်။ Zip ဖိုင်အား ဖွင့်ထားပြီးနောက် ယင်းဖိုလ်ဒါအတွင်းမှ ဖိုင်များအားဆွဲယူ၍ အခြားနေရာတွင် သွားရောက် လွှတ်ချလိုက်ခြင်းသည်လည်း extracting မည်ပါသည်။

သို့သော် ဤနည်းလမ်းသည် Windows Explorer က ပြုလုပ်ပေးသော နည်းလမ်းနှင့် အနည်းငယ် ကွဲလွဲမှုရှိပါသည်။ ဖိုလ်ဒါတစ်ခုရှိ ဖိုင်ကို ဆွဲလာပြီး အခြားနေရာသစ်တစ်ခု၌ လွှတ်ချခြင်းသည် ဖိုင်နေရာရွှေ့ပြောင်းခြင်းကို ဖြစ်စေပါသည်။ မူလနေရာတွင် ရှိခဲ့သော ဖိုင်သည် ပျောက်ပျက်သွား ပြီး နေရာအသစ်တွင်သာ ရှိပါသည်။ Zip ဖိုင်အောက်မှ ဖိုင်များကို ဆွဲယူလာပြီး အခြားတစ်နေရာ၌ လွှတ်ချလျှင် မူလ Zip ဖိုင်အောက်၌ ဖိုင်များ ကျန်ရှိနေမည် ဖြစ်သလို နေရာအသစ်တွင်လည်း မူရင်းဖိုင်နှင့် ကွတ်တိတူသော ဖိုင်များ ရောက်ရှိနေပါလိမ့်မည်။ အကယ်၍ မူလနေရာတွင် ဖိုင်များ မကျန်စေလိုဘဲ နေရာအသစ်တွင်သာ ရှိစေလိုပါက drag and drop လုပ်ချိန်တွင် Shift key ကို နှိပ်ထားရမည်ဖြစ်ပါသည်။ Windows ၏ built- in tool ကိုသုံးပြီး ဖိုင်များကို ဖြည်ထုတ်သည့် နည်းလမ်းကို တစ်မျိုးတစ်ဘာသာ တွေ့ရပါမည်။ ထိုနည်းတွင် ပထမဆုံးအနေဖြင့် Zip ဖိုင်နေရာတွင် ညာကလစ် တစ်ချက်ထောက်ရပါမည်။ ပေါ်လာသော ဇယားကွက်ထဲမှ extract all ကို ရွေးချယ်ပေးရပါမည်။

ယင်းနောက်တွင် Extraction Wizard က လမ်းညွှန်သည့်အတိုင်း လိုက်၍ ဖိုင်ဖြည်ချမည့် နေ ရာကို ရွေးပေးရပါမည်။ ထိုနေရာတွင် Zip ဖိုင်အောက်ရှိ ဖိုင်များအားလုံးကို မူလအခြေအနေသို့ တစ်ချက်တည်း ဖြည်ချပေးပါမည်။ မူလ Zip ဖိုင်မှာမူ မပြောင်းလဲဘဲ ကျန်ရစ်ပါမည်။ Zip ဖိုင်အဖြစ် အသုံးပြုခြင်းအားဖြင့် ဖိုင်အရွယ်အစား ကျုံ့ခြင်းကိုသာမက ယင်းဖိုင်များကို Password များဖြင့် ကာကွယ်နိုင်သည့် အစွမ်းကိုလည်း ရရှိနိုင်ပါသည်။ သို့သော် Windows XP တွင်သာ Zip ဖိုင်ပြုလုပ်ရင်း password ထည့်သွင်းသည့် အခွင့်အလမ်းကို ရရှိနိုင်ပါမည်။ Windows Vista နှင့် 7 တွင် Zip ဖိုင်၌ Password ထည့်နိုင်မည့် အခွင့်အလမ်းကို Microsoft က ဖြုတ်ပယ်ခဲ့ပြီး ဖြစ်ပါသည်။ Password ထည့်ရန်အတွက် Zip ဖိုင်တစ်ခု ဦးစွာဖန်တီးပါ။ ယင်းနောက် ယင်းဖိုင်ကို ညာကလစ်ထောက် ပါ။ ပေါ်လာသော ဇယားကွက်မှ Explore ကို ရွေးပါ။ ထိုအခါ Zip ဖိုင်ကို ဖိုလ်ဒါ တစ်ခုအဖြစ် ပြသပါမည်။ Window Explorer ထဲတွင် file menu ကိုသွားပါ။ Add a password တို့တွင် မိမိဆန္ဒရှိရာ ရိုက်ထည့်ပြီးနောက် OK ကိုနှိပ်ပါ။ နောင်အခါ ယင်း Zip ဖိုင်ကို ဖွင့်လျှင် password ထည့်ပေးမှ ပွင့်ပါတော့မည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page