လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Automatic Gate Opener

Posted by Unknown Wednesday, November 7, 2012 0 comments

ခြံဝင်းကျယ်ကြီးတွေနဲ့ နေပြီး ခြံတံခါးနဲ့ အိမ်နဲ့ အလှမ်းဝေးလို့ပဲ ဖြစ်ဖြစ် ဖွင့်ပေးတဲ့လူ မစောင့်နိုင် လို့ပဲ ဖြစ်ဖြစ်၊ ခေတ်မီ စတိုင်ကျစေဖို့ပဲ ဖြစ်ဖြစ် သုံးနိုင်တဲ့ Type အမျိုးအစား  ခြံဝင်းတံခါး အလိုအလျောက် ပိတ်၊ ဖွင့်ပေးနိုင်တဲ့ ပစ္စည်းတစ်မျိုး Sky World ကုမ္ပဏီမှာ ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။ ခြံဝင်းတံခါးက Slide Door ဖြစ်ရမှာဖြစ်ပြီး အလေးချိန် ၈၀၀ ကီလိုဂရမ်အထိ သုံးနိုင်ပါတယ်။ အဖွင့်၊ အပိတ်အရှိန် သုံးဆင့်ထားနိုင်တယ်လို့ သိရပါတယ်။ မသက်ဆိုင်သူတွေ မသုံးနိုင်အောင် လုပ်ဆောင်ပေးမယ့် နှစ်ထပ် Double Lock စံနစ် ပါဝင်ပါတယ်။ ဖွင့်ပြီး ပြန်မပိတ်မိရင်လည်း အချိန် ၅ မိနစ် ကြာတာနဲ့ အချက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ အသုံးပြုနေစဉ်မှာ မီးနဲ့ရော အသံနဲ့ပါ အချက်ပေး ပါတယ်။ ရာသီဥတုဒဏ်၊ ပိုးမွှားဒဏ် ခံနိုင်အောင် အထိန်းမော်တာကို အပြင်အိမ်ခွံ ထည့်သွင်းပေးထားပြီး ရိုးရိုး Body အပြင် Steel Body နဲ့လည်း ရနိုင်ပါတယ်။ အဖွင့်၊ အပိတ်လုပ်တဲ့ ခလုတ်ကိုလည်း လိုအပ်ရင် လိုအပ်သလောက် အရေအတွက်အထိ လုပ်ထားနိုင်ပါတယ်။ ကားများများ၊ လူများများ သုံးနိုင်လို့ အဆင်ပြေစေပါတယ်။ အကွာအဝေးကို စိတ်ကြိုက်သုံးနိုင်ပြီး ဝေးနေလို့ သုံးမရတာမျိုး မရှိပါဘူး။ ကားတစ်စီးဝင်ပြီးလို့ နောက်တစ်စီး ရှိနေရင်လည်း အန္တရာယ် မဖြစ်စေအောင် လုပ်ဆောင်ပေးမယ့် Reverse စနစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။ လျှပ်စစ်မီးနဲ့ အသုံးပြုရမှာ ဖြစ်ပေမယ့် မီးပျက်နေတဲ့ အချိန်မှာလည်း သုံးနိုင်မယ့် Easy Manual စနစ် ပါဝင်တယ်လို့ သိရပါတယ်။ လိုအပ်သလို တိုင်းတာ တွက်ချက်ပေး၊ တပ်ဆင်ပေးတဲ့အပြင် After Sales ဝန်ဆောင်မှု စနစ်ပါ ပါဝင်တယ်လို့ ဆိုပါတယ်။

(အောင်အောင်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page