လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

အင်တာနက်သုံးခြင်းဟာ ဉာဏ်ပိုကောင်းစေသလား

Posted by Unknown Tuesday, November 13, 2012 0 comments

လက်ပ်တော့များ၊ စမတ်ဖုန်းများကြား၌ မွေးဖွားလာသည့် လူငယ်များ အားလုံးကို ဒစ်ဂျစ်တယ် ဒေသခံများ (Digital Natives) ဟု တင်စားလေ့ရှိ၏။  လူငယ်များ၏ ဦးနှောက်သည် ဖွံ့ဖြိုးကြီးထွားမှုနှုန်း မြန်၏။ နည်းပညာ အသစ်အဆန်းများနှင့် တွေ့သောအခါ ထိုဦးနှောက်များသည် ပို၍ 'လန်း' သည်ထက် 'လန်း' လာကြ၏။ မိမိတို့၏ ငယ်စဉ်က ပတ်ဝန်းကျင်သည် လမ်းတစ်လမ်းလုံး၌ပင်လျှင် ရေဒီယိုတစ်လုံး မရှိတတ်သော ပတ်ဝန်းကျင် ဖြစ်၏။ ယခုခေတ် လူငယ်များ၏ ပတ်ဝန်းကျင်သည်ကား ရေဒီယို၊ တီဗွီဆို သည်မှာ ပြတိုက်ထဲက ပစ္စည်းတစ်ခု ဖြစ်၏။ သူတို့တွေက လက်ပ်တော့၊ စမတ်ဖုန်း၊ MP3/4၊ ကင်မရာ၊ မိုဘိုင်းဖုန်းများ စသည်ဖြင့် အတိ ပြီးနေ၏။ ယခုခေတ် လူငယ်များသည် ထိုပစ္စည်းများကို တစ်ခုထက်ပို၍ အသုံးပြုလာကြ၏။ ဤသို့ အသုံးပြုလာခြင်း၏ အကျိုးမှာ လူငယ်တို့အနေဖြင့် လုပ်ငန်းအမယ်စုံ လုပ်နိုင်သောစွမ်းရည် (Multi-Tasking) ရှိလာခြင်း၊ ရှုပ်ထွေးသော အကြောင်းခြင်းရာများကို ယုတ္တိကျကျ စဉ်းစားတွေးခေါ် လာနိုင်ခြင်းနှင့် ဆုံးဖြတ်ချက် ချမှတ်ရာတွင် အရည်အချင်း ရှိလာခြင်းတို့ပင် ဖြစ်၏။ အိတ်ဆောင် ပြက္ခဒိန်များသုံးပြီး ကြီးထွားလာရသော လူငယ်များကို ဒစ်ဂျစ်တယ် ပြောင်းရွှေ့သူများ (Digital Immigrants) ဟုဆို၏။ ထိုသူများ အနေဖြင့်လည်း စိတ်ဓာတ်ကျစရာ မလိုပါ။ အင်တာနက် ကို နေ့စဉ်ကြည့်ကာ Web လှိုင်းစီးလျှင် ဒစ်ဂျစ်တယ် ပြောင်းရွှေ့သူများ၏ ဦးနှောက်များသည်လည်း ချိတ်ဆက်မှုအား ပိုကောင်းကာ အသက်ကြီးလေ ဉာဏ်ရွှင်လေဖြစ်ကာ ပိုမိုလေ့လာအား ကောင်းလာ မည်ဟု ဆိုသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page