လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ငွေကျပ် ၁၀,၀၀၀ ဖြင့် မိုဘိုင်းဖုန်း အင်တာနက်အသုံးပြုရန် လျှောက်ထားနိုင်

Posted by Unknown Thursday, November 8, 2012 0 comments


မြန်မာ့ဆက်သွယ်ရေး စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနမှ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ မိုဘိုင်းဖုန်းများ အတွက် အင်တာနက်လျှောက်ထားမှုများကို လက်ခံဆောင်ရွက်ပေးလျှက် ရှိသည်။ ယခုကဲ့ သို့ လျှောက်ထား မှုအတွက် ကျပ် ၁၀,၀၀၀ ပေးသွင်းလျှောက်ထားနိုင်ကြောင်း သိရသည်။ မိုဘိုင်း ဖုန်းအင်တာနက် သုံးရန် လျှောက်ထားလိုသူများသည် မူလ၀ယ်ယူထားသည့် စာချုပ်တွင် တံဆိပ် တုံးနှိပ်ပေး မှာဖြစ်ပြီး ငွေသွင်းပြီးသည့်နေ့မှစ၍ နောက်နေ့တွင် လိုင်းပွင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ သိရသည်။ မိုဘိုင်းဖုန်း အင်တာနက်လျှောက်ထားမှုများကို ပြုလုပ်လိုသူများသည် ရန်ကုန်တိုင်းဒေသကြီးအတွက် ရောင်းချပေးသော လိုင်းများသာ အင်တာနက်အသုံးပြုရန် လျှောက် ထားနိုင်မည်ဖြစ်ကြောင်း သိရသည်။ ပြည်နယ်နှင့် တိုင်းများအတွက်ချထားပေးသော ဖုန်းများ သည် လျှောက်လွှာတင်ပြီး လျှောက်ထားနိုင်မှာဖြစ်ပြီး အသုံးပြုခွင့်ရမရကိုတော့ အတိအကျ မသိသေး  ကြောင်း Call Centre မှ သိရသည်။ ယခုကဲ့သို့ မိုဘိုင်းဖုန်းတွင် အင်တာနက် အသုံးပြုခွင့်လျှောက်ထားမှု ကို ရွှေဂုံတိုင်၊ ပန်းဆိုးတန်း စာတိုက်ကြီး၊ အလုံမြို့နယ်ရှိ မြန်မာ့ဆက်သွယ်ရေး ရုံးချု့ပ်များနှင့် Elite နှင့် ရတနာပုံတယ်လီပို့တို့တွင်လည်း သွားရောက်လျှောက်ထားနိုင်ကြောင်း သိရသည်။အင်တာနက်အသုံးပြုခွင့်လျှောက်ထားမှုကိုယနေ့အထိ ပြုလုပ်ပေးနေပြီး လျှောက်ထားမှု အလုံး အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိသေးကြောင်း သတင်းရရှိသည်။

(အေးချမ်း)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page