လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

စင်ကာပူမှ မြန်မာသို့ ငွေလွှဲနိုင်ပြီ

Posted by Unknown Monday, November 19, 2012 0 comments
 
စင်ကာပူနိုင်ငံမှ (Sing-Post) မှ တဆင့် မြန်မာနိုင်ငံသို့ နိုဝင်ဘာ(၂၀) ရက်နေ့မှ စတင်ကာ ငွေ လွှဲနိုင်ပြီဖြစ်သည်။ စင်ကာပူနိုင်ငံ (Sing-Post) မှ တဆင့် မြန်မာနိုင်ငံရှိ (CB Bank) ဘဏ်ခွဲရှိရာ မြို့ များသို့ ငွေလွှဲပို့နိုင်ခြင်းဖြစ်သည်။ ငွေလွှဲပို့လို သူများအနေဖြင့် တစ်နေ့လျှင် စင်ကာပူဒေါ်လာ (၃၅၀၀) ထက်မပိုသည့် ငွေကြေးအား Sing-Post ၏ ရုံးခွဲများမှတဆင့် မြန်မာနိုင်ငံရှိCB ဘဏ်ခွဲရှိရာမြို့များသို့ လွဲပို့နိုင်ခြင်း ဖြစ်ကြောင်း ဘဏ်မှ တာဝန်ရှိ သူတစ်ဦးက ဆိုသည်။ “ဟုတ်ပါတယ်၊နိုဝင်ဘာ(၂၀) ရက်နေ့ မနက်(၉)နာရီက စပြီး ဒီမှာရှိတဲ့ ဘဏ်တွေမှာ ထုတ်ယူ လွှဲပြောင်းလို့ရပါပြီ”ဟု CB Bank မဂံလာဈေး ဘဏ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ငွေလွှဲခအနေဖြင့် ပုံသေ SGD 95 ဒေါ်လာကျသင့် မည်ဖြစ်ကြောင်း ကိုလည်း သိရသည်။ မြန်မာနိုင်ငံတွင် CB Bankဘဏ်ခွဲ (၂၉)ဘဏ်နှင့် ၄င်းတို့နှင့် ချိတ်ဆက် ထားသည့် မိတ်ဘက် ဘဏ်ခွဲပေါင်း(၂၂၃)ဘဏ်တို့မှ လွှဲပို့လာသည့် ငွေများအား ထုတ်ယူနိုင်ခြင်းဖြစ်ကြောင်း ကိုလည်း သိရသည်။ “ အခုလို စင်ကာပူနဲ့ ဘဏ်ကတ ဆင် ငွေလွဲလို့ ရပြီဆိုတော့ အရင်လို ငွေလိမ်လည်မှုတွေအတွက် မပူရတော့ဘူးပေါ့၊ ” ဟု တောင်ဥက္ကလာပ မြို့နယ်မှ သစ်လုပ်ငန်းရှင်တစ်ဦးက သုံးသပ်သည်။ ယခင်က ပုဂ္ဂလိက ငွေလွှဲဝန်ဆောင်မှုများမှတဆင့် လွှဲငွေ များအား လိမ်လည်မှုများ ရှိခဲ့ကြောင်းကိုလည်း သိရသည်။ “ နိုင်ငံခြားငွေလွှဲအတွက် မလေးရှားနိုင်ငံအပြင် ထိုင်းနိုင်ငံနှင့်လည်း ချိတ်ဆက်စေချင်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာနိုင်ငံတွင်းမှာ လူတော်တော် များများက ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေ ကြပါတယ်။ ရွာတစ်ရွာမှာ ဆို ထက်ဝက်ခန့် ထိုင်းမှာအလုပ် လုပ်တာ တွေ့နေရလိုပါ။” ဟု မလေပြေဦးက CB ဘဏ်အား အကြံပြု ပြောကြားခဲ့သည်။ လက်ရှိတွင် စင်္ကာပူ၊ မလေးရှား၊ ဗီယက်နမ်၊ထိုင်းနိုင်ငံနှင့်အခြားအာဆီယံ ဒေသတွင်း အင်အား ကြီးနိုင်ငံများနှင့် မြန် မာနိုင်ငံမှ ပုဂ္ဂလိကဘဏ်များဖြစ် သည့် ကမ္ဘောဇဘဏ်၊ AGD ဘဏ်နှင့် CB Bankမှ နိုင်ငံတကာ ဘဏ်များ နှင့် ချိတ်ဆက်ကာ ငွေလွဲလုပ်ငန်း များဆောင်ရွက် နေကြောင်းကို လည်း သိရသည်။ 

 Myanmar Express

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page