လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

CCD (Charge - Coupled Device)

Posted by Unknown Tuesday, November 13, 2012 0 comments

လူ့လောကကြီးမှာ ဒီဂျစ်တယ်ပုံရိပ် လိုအပ်သလို အသုံးချနိုင်စေဖို့ အဓိက လိုအပ်တဲ့ နည်းပညာတစ်ခုဖြစ်တဲ့ CCD (charge-coupled device) ဆိုတာ  ပေါ်ထွန်းလာတဲ့အတွက် အပြောင်းအလဲတွေ ဆင့်ကာဆင့် ကာ ဖြစ်လာခဲ့ကြရတယ်။ အပြောင်းအလဲ ဆိုရာမှာလည်း လူ့လောကထဲက လူမှုဘဝအတွက် လိုအပ် ချက်တွေ ပြည့်စုံဖို့ ထိထိရောက်ရောက် ပံ့ပိုးပေးနိုင်တယ်လို့ အတိအကျပြောရမှာ ဖြစ်တယ်။ ကိရိယာ တစ်ခုအတွင်းမှာ လိုအပ်တဲ့ လျှပ်စစ်ဓာတ်အားကို လိုအပ်တဲ့နေရာအတွက် ကြိုးကို ဖြေရှင်းပေးခိုင်းမယ့် ကိရိယာသေးသေးလေးလို့ ပြောနိုင်ပါလိမ့်မယ်။ ယေဘုယျလုပ်ငန်းစဉ်အရ ရိုးရိုးရှင်းရှင်း ပြောရရင် CCD image sensor  တစ်ခုအတွင်းမှာ p-doped MOS Capacitors နဲ့ pixels တွေအတွက် ကိုယ် စားပြုပေးစေတယ်။ ပုံရိပ်ကို ဖမ်းယူဖို့ စတင်လုပ်တဲ့အခါ capacitors တွေက လိုအပ်တဲ့အဆင့် အခြေတစ်ခုကို လိုအပ်တဲ့နေရာအတွက် ပံ့ပိုးစေတယ်။ ရောက်လာတဲ့ ဖိုတွန်တွေကို အီလက်ထရွန်ဖြစ်စေဖို့ ဆီမီးကွန်ဒတ်တာ အင်တာဖေ့စ်မှာ ပြောင်းလဲပေးတယ်။ ပြောင်းလဲလို့ ရလာသမျှကို CCD က ဖတ်ရှုဖို့ အသုံးချပေးပြန်တယ်။ တစ်နည်းပြောရရင် ထင်ဟပ်လာတဲ့ ပုံရိပ်တစ်ခုကို ပြန်လည် တင်ပြရာမှာ အသုံးချနိုင်တဲ့ နည်းပညာဖြစ်တယ်။ အရည်အသွေးကောင်းကောင်းနဲ့ ပုံရိပ်တွေကို CCD image sensor ကနေ ဖမ်းယူ တင်ပြပေးနိုင်တဲ့အတွက် ဖျော်ဖြေရေး၊ လုံခြုံရေးကိစ္စတွေမှာ အသုံးချခွင့်ရနိုင်သလို သိပ္ပံ ပညာပိုင်းဆိုင်ရာ လေ့လာမှုတွေနဲ့ ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုကိစ္စတွေမှာလည်း အသုံးပြုလို့ ရသွားကြ တယ်။
CCD (Charged-coupled device) ကို ၁၉၆၉ ခုနှစ်က Willard Boyle နဲ့ GeorgeE.Smith တို့က AT&T Bell Labs အတွက် တီထွင် ဖန်တီးပေးခဲ့တာဖြစ်တယ်။ မူလအစက Semiconductor Bubble Memory ဆိုတာကို Lab မှာ ဒီဇိုင်းလုပ်ယူတာ ဖြစ်တဲ့အတွက် Charge Bubble Device (CBD) လို့ ခေါ်ဝေါ် သုံးစွဲခဲ့ကြသေးတယ်။ စီမီကွန်ဒတ်တာ တစ်ခုရဲ့ မျက်နှာပြင်တစ်လျှောက်မှာ capacitor တစ်ခုကနေ တစ်ခုကို အားလွှဲပြောင်းနိုင်တဲ့ အရည်အချင်းကို ရယူစေတဲ့ ဒီဇိုင်းပုံစံဖြစ်တယ်။ ၁၉၆၀ ခုနှစ်တွေမှာ Philips Research Labs ကလည်း အလားတူ ရည်ရွယ်ချက်မျိုးနဲ့ bucket-brigade device (BBD) ဆိုတာကို တီထွင်ခဲ့ကြပါသေးတယ်။ စတင် ကြံဆခဲ့ကြစဉ်အခါက ဒီလိုလုပ်ကိုင်ပေးမယ့် ပစ္စည်းမျိုးကို memory တစ်ခုအနေရော delay line အနေနဲ့ပါ အသုံးချဖို့ ဖြစ်တဲ့အပြင်  imaging device တွေမှာ အသုံးချနိုင် ရမယ်လို့ ယူဆခဲ့ကြတာ ဖြစ်တယ်။

ပထမဆုံး ထုတ်လုပ်ရရှိခဲ့တဲ့ CCD ကို အိုင်တီနည်းပညာနဲ့ လုပ်ခဲ့တယ်။ နမူနာပုံစံပြု 8 bit-Shift register အနေနဲ့ တွေ့ကြရတယ်။ Linear imaging အနေအထား ဖြစ်တယ်။ တီထွင်မှုနဲ့ ပတ်သက်ပြီး တိုးတက် ဖြစ်ထွန်းလာမှုက အလွန်မြန်ဆန်ခဲ့တယ်။ နောက်ဆုံး ၁၉၇၁ ခုနှစ်မှာတော့ Bell Labs က သုတေသနပညာရှင် Michael F.Tampsett အနေနဲ့ ရိုးရိုး Linear images တွေနဲ့အတူ ပုံရိပ်တွေကို ဖမ်းယူနိုင်တဲ့ အရည်အချင်း ရှိလာတယ်။ အဲဒီအတွက် Fairchild Semiconductor ကုမ္ပဏီတို့ RCA  ကုမ္ပဏီတို့ Texas Instruments ကုမ္ပဏီတို့အပါအဝင် ကုမ္ပဏီအတော်များများက CCD နဲ့ ပတ်သက်ပြီးပိုပြီး ထွန်းကားလာနိုင်ဖို့ လုပ်ကိုင် ဆောင်ရွက်သူတွေ ရှိလာကြတယ်။

ပထမဆုံး စီးပွားဖြစ် ထုတ်လုပ်မှုအတွက် အရင် Bell မှာ သုတေသန လုပ်ခဲ့ဖူးတဲ့ Gil Amelio က Fairchild အတွက် ၁၉၇၄ ခုနှစ်မှာ 500-element device နဲ့ 2D 100 × 100 pixel device တို့ကို ထုတ်လုပ်ပေးခဲ့တယ်။ ၁၉၇၅ ခုနှစ်မှာတော့ kodak ကုမ္ပဏီအတွက် Fairchild CCD တစ်ခုကို အသုံးပြုပြီး ပထမဆုံး ဒီဂျစ်တယ် ဓာတ်ပုံရိုက် ကင်မရာကို လျှပ်စစ်အင်ဂျင်နီယာ တစ်ဦးဖြစ်သူ Steven Sasson က တီထွင် ဖန်တီးပေးခဲ့တယ်။ ၁၉၇၆ ခုနှစ်ကလည်း ပထမဆုံးအာကာသကို တင်လွှတ်တဲ့ ကင်းထောက်ဂြိုဟ် တု KH-11 KENNAN မှာလည်း CCD ကို ထည့်သွင်း အသုံးပြုတာကို တွေ့ကြရပြန်တယ်။

အများသုံး ကိရိယာပစ္စည်းတွေအနေနဲ့ Sony ကုမ္ပဏီက ထုတ်လုပ်တဲ့ Camcorder မှာ CCDs ကို အပြည့်အဝ အသုံးချခဲ့တယ်။ ဒီကိစ္စအတွက် ဦးဆောင် ကြိုးစား ဆောင်ရွက်ပေးတဲ့ kazuo lwama က အများသုံး camcorder တွေ ထုတ်လုပ် မရောင်းချနိုင်မီ ၁၉၈၂ ခုနှစ် သြဂုတ်လမှာ သေဆုံးသွားခဲ့တယ်။ CCD ကို တီထွင်ပေးတာကို အကြောင်းပြုပြီး ၂၀၀၆ ခုနှစ် ဇန်နဝါရီလမှာ Boyle နဲ့ Smith တို့ကို National Academy of Engineering Charles Stark Draper Prize ချီးမြှင့်ခဲ့တဲ့အပြင် ၂၀၀၉ ခုနှစ်မှာ ရူပဗေဒဘာသာရပ်အတွက် နိုဘယ်ဆုအဖြစ် နှစ်ဦးလုံးကို ပေးအပ်လိုက်ကြတယ်။ လူအများစု  အနီးစပ်ဆုံးနဲ့ အသုံးပြုခွင့်အရဆုံး ကင်မရာတွေမှာ CCDs တွေရဲ့ တိုးတက်ဖွံ့ဖြိုးမှုပေါ်က ရလာတဲ့ အကျိုး ဆက်တွေ အသုံးချခွင့်တွေ ဆင့်ကာဆင့်ကာ ရရှိလာခဲ့တာမို့ ဒီနေ့ဒီအချိန်မှာ ခေတ်မီလှတဲ့ နောက်ဆုံးပေါ် CCDs တွေ အသုံးချခွင့်တွေ ရခဲ့ကြတယ်။
သိပ္ပံပညာရပ်တွေမှာတော့ အထိရောက်ဆုံး အသုံးချနိုင်မှုအနေနဲ့ နက္ခတ်တာရာ လေ့လာ ဆည်းပူး သူတွေအတွက် အထူး အကျိုးသက်ရောက်မှုတွေ ခံစားခွင့်ရသွားစေတယ်။ အထင်ရှားဆုံး ဥပမာအနေနဲ့ CCDs (၃၀) ခုကို အသုံးပြုထားတဲ့ Sloan Digital Sky Survey telescope imaging camera ကို ရှုမြင်နိုင်ပါလိမ့်မယ်။  CD ကို လုပ်ငန်းသဘာဝအလိုက် ဖွဲ့စည်းတည်ဆောက်ပုံ အမျိုးမျိုးနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေကြပါပြီ။ ဒီဂျစ်တယ် ရောင်စုံကင်မရာတွေအတွက် အသုံးပြုလေ့ရှိတဲ့ 3 CCD နဲ့ ပတ်သက်ပြီး အထင်အရှား တွေ့မြင်နိုင်တယ်။ ဒီဂျစ်တယ် ဗီဒီယိုရိုက် ကင်မရာတွေ ထွန်းကားလာတဲ့အတွက် အပျော်တမ်း မှတ်တမ်းတင်တဲ့ ကိစ္စတွေ လုပ်ရာမှာဖြစ်ဖြစ် လုံခြုံရေးဆိုင်ရာ မှတ်တမ်းတွေ ပြုစုရာမှာဖြစ်ဖြစ် ဒါမှမဟုတ် ရုပ်ရှင်ထုတ်လုပ်ရေး ကိစ္စတွေနဲ့ ဆောင်ရွက်တဲ့အခါ ဖြစ်ဖြစ် သပ်သပ်ရပ်ရပ် ဝန်ပေါ့ပေါ့နဲ့ လုပ်ကိုင်ခွင့်ရကြသလို လျင်မြန် ဖျတ်လတ်စွာ တည်းဖြတ် ပြုပြင်မှုတွေလည်း လုပ်ခွင့်ရသွားတယ်။ ရိုက်ချက် နာရီပေါင်း မြောက်မြားစွာအတွက် နေရာကျဉ်းကျဉ်းနဲ့ သိမ်းဆည်း သိုမှီးခွင့်တွေလည်း ရှိတယ်။ နောက်ဆုံး အခွင့်အလမ်းကတော့ အရည်အသွေး တစ်ဆင့်ထက် တစ်ဆင့် မြှင့်တင်ယူနိုင်တာ ဖြစ်တယ်။ အရည်အသွေးပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး ဆက်လက်ပြီး ကြိုးပမ်း ဆောင်ရွက်နေကြဆဲ ဖြစ်တယ်။ ဒီလို အကျိုးဆက်တွေနဲ့ အပြောင်းအလဲ လုပ်ပေးလိုက်နိုင်တဲ့ CCD နည်းပညာကို ကျေးဇူးတင်ကြရတော့မှာ ဖြစ်ပါတော့တယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page