လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဈေးနှုန်း သက်သာကာ လိုင်းဆွဲအား ကောင်းသော CDMA 450MHz Touch ဖုန်းအသစ် ဝင်ရောက်

Posted by Unknown Tuesday, November 6, 2012 0 comments

လိုင်းဆွဲအား ကောင်းမွန်ကာ ဈေးနှုန်း သက်သာသော CDMA 450 MHz စနစ်သုံး ဖုန်းအမျိုးအစားသစ် တစ်ခု ဈေးကွက်တွင်းသို့ ဝင်ရောက်လာကြောင်း သိရသည်။  အဆိုပါဖုန်းမှာ Sky S5830 အမျိုးအစားဖြစ်ပြီး ပုံစံဒီဇိုင်းမှာ Samsung Galaxy Ace နှင့် ပုံစံဒီဇိုင်း တူတူပင်ဖြစ်ပြီး အရွယ်အစားမှာလည်း Galaxy Ace နှင့် အတူတူပင်ဖြစ်ကြောင်း သိရသည်။ Java စနစ်သုံး Touch Screen ဖုန်းအမျိုးအစားတစ်ခု ဖြစ်ပြီး ဖုန်းတွင်းစနစ်ပိုင်းများတွင်လည်း ပြည့်စုံကောင်းမွန်သော ဖုန်းဖြစ်သည်။ CDMA  450  Mhz  ကို အထောက်အပံ့ ပေးထားပြီး 450 Mhz ထဲက ရှားပါးသော touch ဖုန်းတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်သည်။ User interface ပေါင်း မြောက်မြားစွာ ပါဝင်ပြီး application နှင့် Game များ  အများအပြား ပါဝင်မှာ ဖြစ်သည်။ ဖုန်းအလေးချိန်မှာလည်း ပေါ့ပါးမှုရှိပြီး အရွယ်အစားမှာ သိပ်မထူတဲ့ ဒီဇိုင်းနှင့် ထုတ်လုပ်ထားခြင်းကို တွေ့ရှိရသည်။ Bluetooth စနစ်၊ ကင်မရာစနစ်များ အသုံးပြုနိုင်ပြီး ဖုန်းတွင်းမှတ်ဉာဏ် စနစ်ပိုင်းအတွက်လည်း Micro SD Card ကို ထပ်မံထည့်သွင်း အသုံးပြုနိုင်မည် ဖြစ်သည်။ ဖုန်းတွင် အင်တာနာတိုင် ပါဝင်ပြီး တိုင်မှာ အရှင်ဖြစ်သောကြောင့် မလိုအပ်သော အချိန်များတွင် ဖြုတ်ထားနိုင်မည် ဖြစ်သည်။ လိုင်းဆွဲအားနည်းသော နေရာများတွင်လည်း အဆင်ပြေစွာ အသုံးပြုနိုင်မည် ဖြစ်သည်။ ၎င်းဖုန်းအား ဝယ်ယူလိုပါက 450 မိုဘိုင်းဖုန်း အရောင်းဆိုင် ဖုန်း ၀၉၇၃၀၃၄၄၃၃ တွင် ဆက်သွယ်စုံစမ်း ဝယ်ယူနိုင်မည် ဖြစ်သည်။

(ကိုသက်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page