လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Cube Tablets

Posted by Unknown Monday, November 12, 2012 0 comments

အရည်အသွေးမြင့် ပစ္စည်းများအသုံးပြုလို၍ မိမိ Badget ကို ချွေတာလိုသူတွေအတွက် တရုတ်နိုင်ငံမှ ထုတ်လုပ်လိုက်တဲ့ CUBE TAB ဖြစ်ပါတယ်။ လှပသေသပ်တဲ့ ဒီဇိုင်းလေးနဲ့ ပေါ့ပါးစွာသယ်ဆောင်သွားနိုင် ရန်အတွက် ဒီဇိုင်းထုတ်ထားပါတယ်။ ငွေမင်ရောင်ဒီဇိုင်းလေးဖြစ် ပုံဖော်ထားပါတယ်။ သိုလှောင်မှု မှတ်ဥာဏ်ပမာဏ 384 RAM ပါရှိမှာဖြစ်သလို မှတ်ဥာဏ်သိုလှောင်မှု ပမာဏ 8GB ပါဝင်ပါတယ်။ ထပ်မံတိုးချဲ့အသုံးပြုနိုင်ရန်အတွက် Micro SD Card Slot ပါဝင်မှာဖြစ်တဲ့အတွက် 32 GB အထိ ထပ်မံတိုးချဲ့အသုံးပြုနိုင်ပြီး Android OS ဖြစ်တဲ့ Android Version 4.0 Ice Cream S ကို အသုံးပြုထားပါတယ်။ Multi-Touch ကို ကောင်းမွန်စွာ အသုံးပြုနိုင်စေရန်အတွက် ၇ လက်မအရွယ်အစားရှိသော ဒီ CUBE Tab တွင် HDMI PORT ပါဝင်မှာဖြစ်တဲ့အတွက် အရောင်အသွေးစုံလင် ကြွယ်ဝသော ဓာတ်ပုံတွေကို ကြည့်ရှုခံစားနိုင်တဲ့အပြင် Full HD နီးပါး Video များကို Resolution ကောင်းမွန်စွာဖြင့် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ မြန်မာ Font ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဈေးနှုန်းအထူးချိုသာပြီး အဆင့်မြင့်မားတဲ့ Tablet အသုံးပြုလိုသူများ CUBE Tab ကို အသုံးပြုနိုင်စေရန်အတွက် ၈၈,၀၀၀ ကျပ် ကုန်ကျမှာဖြစ်ပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page