လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Atom နဲ့ Fusion အားပြိုင်ပွဲ

Posted by Unknown Wednesday, November 14, 2012 0 comments












Atom ဆိုတာဟာ တန်ဖိုးနည်း ကွန်ပျူတာတွေမှာ သုံးဖို့ Intel က ထုတ်တဲ့ Processor ဖြစ်ပြီး Fusion ကတော့ AMD က ထုတ်တဲ့ အလားတူ processor ဖြစ်ပါတယ်။  ပြီးခဲ့တဲ့ နှစ်ပိုင်းတွေမှာ AMD ဟာ Intel ကို ပြိုင်လို့ မရနိုင်ခဲ့ပါဘူး။ ခုတစ်ကြိမ် AMD က Intel ကိုစပြီး အားစမ်းတဲ့အချိန်မှာ အမြင့်ပိုင်း processor တွေက မစဘဲ အနိမ့်ပိုင်း processor ကစဖို့ ရွေးချယ်ခဲ့ပါတယ်။ သူရွေးခဲ့တဲ့ Processor နာမည် fusion ဟာ နက်နဲတဲ့ အဓိပ္ပာယ်လည်း ရှိပါတယ်။ အနုမြူစွမ်းအင် ထုတ်လုပ်မှု (Nuclear fusion) မှာ အနုမြူသတ္တိရှိတဲ့ ပစ္စည်းထဲက Atom လေးတွေကို ချေဖျက်ပြီး စွမ်းအင်ထုတ်ယူရတာ ဖြစ်ပါတယ်။ ဒီသဘောကို နိမိတ်ယူပြီး AMD ဟာ မျိုးဆက်သစ် processor fusion ကို ၂၀၁၁ ခုနှစ် အစပိုင်းမှာပဲ ထုတ်လုပ်ခဲ့ပါတယ်။ AMD ရဲ့ fusion processor တွေဟာ Intel ရဲ့ Atom processor တွေနဲ့ တည်ဆောက်ပုံ ခြားနားပါတယ်။ Intel က CPU နဲ့ GPU ကို ပေါင်းစည်းထုတ်လုပ်ဖို့ နှောင့်နှေးနေတဲ့ အချိန်မှာ AMD ဟာ CPU နဲ့ GPU ကိုပေါင်းပြီး Die တစ်ခုတည်းပေါ်မှာ ထုတ်လုပ်ခဲ့ပါတယ်။ ဒီအတွေးအဆမျိုး AMD မှာ (၂၀၀၇) ခုနှစ်ကတည်းက ရှိနေခဲ့ပြီး ဖြစ်ပါတယ်။ ဒီလိုထုတ်လုပ်နိုင်ခဲ့ရင် ထုတ်လုပ်မှု ကုန်ကျစရိတ် နည်းမယ်။ ပါဝါစားသုံးမှု နည်းမယ်။ Processor ရဲ့ အရွယ်အစားလည်း သေးမယ်။ ဒါပေမဲ့ Processing power တော့ တက်လာမယ်။ ဈေးနှုန်း ပိုသက်သာပြီး စွမ်းဆောင်ရည် ပိုကောင်းတဲ့ fusion processor တွေနဲ့ Intel ရဲ့ Atom ကို ဒီတစ်ချီမှာ အလဲထိုးနိုင်လိမ့်မယ်လို့ သူတွက်ခဲ့ပါတယ်။ Fusion processor ဟာ ကွန်ပျူတာသုံး Processor အနေနဲ့ဆိုရင် အံ့သြဖို့ ကောင်းပါတယ်။ CPU, GPU, NorthBridge, PCIE DDR3 memory Controller နဲ့ UVD တွေကို IC တစ်ခုတည်းပေါ်ကနေပြီး ပူးပေါင်း အလုပ်လုပ်ပေးပါတယ်။ CPU နဲ့ GPU ကို memory controller  တစ်ခုနဲ့ တွဲဆက်ပေးထားပါတယ်။ သူကနဦး စပြီး ထုတ်လုပ်ခဲ့တာက fusion chip (4) မျိုး ရှိပါတယ်။ Brazos Family ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ Brazos family အောက်မှာ အမြင့်တန်းအတွက် zaeate ဆိုပြီး Processor ၂ မျိုး ထုတ်ပါတယ်။ AMD E-350 က အမြင့်ဆုံးဖြစ်ပြီး AMD Radeon HD 6310 graphic နဲ့ တွဲပါတယ်။ CPU 2 Core နဲ့ GPU 80 cores ရှိပါတယ်။ CPU Clock speed 1.6 GHz နဲ့ GPU Clock speed 500 MHz ရှိပါတယ်။ Single Channel DDR3 RAM 1066 MHz  ကို အထောက်အပံ့ပေးပါတယ်။ L1 cache 128kB နဲ့ L2 Cache 1MB ပါ။ သူ့ထက်နိမ့်တဲ့ Processor က AMD E-240 ဖြစ်ပြီး Core (1) ခုပဲ ပါပါတယ်။ CPU Clock speed က 1.5 GHz ပါ။ L2 Cache 1 MB ပါ။

သူ့ထက်နိမ့်တဲ့ Processor က AMD E - 240 ဖြစ်ပြီး Core (1) ခုပဲ ပါပါတယ်။ CPU Clock speed က 1.5 GHz ပါ။ L2 CACHE လည်း 512 KB ပဲ ရှိပါတယ်။ အနိမ့်တန်းအတွက် ontario ဆိုပြီး processor (2) မျိုး ထုတ်ပါတယ်။ အဲဒီထဲမှာ AMD C-50 က ပိုမြင့်ပါတယ်။ AMD Radeon HD 6250 graphic နဲ့ တွဲပါတယ်။ CPU 2 Core နဲ့ GPU 80 Core ပါပါတယ်။ CPU Clock speed 1.2 GHz နဲ့ GPU Clock speed 277 MHz ရှိပါတယ်။ Single Channel DDR3 1066 MHz နဲ့ အလုပ်လုပ်ပါတယ်။ L1 CACHE 128 K နဲ့ L2 CACHE 1MB ရှိပါတယ်။ နိမ့်တဲ့ နောက်တစ်မျိုးကတော့ AMD C-30 ပါ။ CPU Clock speed 1 MHz ပဲ ရှိတာနဲ့ L2 CACHE 512KB ပါတာကိုမှာပဲ ကွဲလွဲပါတယ်။ ဒီ Processor (4) မျိုးဟာ Atom တွေကို ကြိုးဝိုင်းအပြင်ဘက် ပို့ပစ်နိုင်လိမ့်မယ်လို့ AMD က မျှော်လင့်ခဲ့ပါတယ်။ သူရဲ့ အရည်အသွေးကိုပဲ ကြည့်လေ C series processor တွေမှာ TDP - 9 watt ပဲ ရှိတယ်။ အဲဒီအချိန်မှာ သူရဲ့ပြိုင်ဘက် Intel က ထုတ်တဲ့ Atom Dual Core 550/570 တွေဟာ TDP 8.5 Watt ရှိတယ်။ ဒါပေမဲ့ GPU စွမ်းရည်မှာ သူက 280  MHz လောက် ရှိပြီး Atom တွေက 200 MHz လောက်ပဲ ရှိပါတယ်။ netbook နဲ့ formfactor သေးတဲ့ Desktop တွေအတွက် အိုကေပဲလို့ သူတွက်ခဲ့တယ်။ ဒါပေမဲ့ တန်ဖိုးနည်း ကွန်ပျူတာတွေရဲ့ အမြင့်ပိုင်း processor ကို ယှဉ်တော့ သူရဲ့ E-series processor တွေဟာ TDP 13 Watt ပဲ ရှိပါတယ်။ ဒါပေမဲ့ GPU Clockspeed မှာ သူက 500 MHz သာ ရှိပြီး Intel က 400 MHz သာ ရှိတာမို့ Intel ထက် သာလွန်နေတာတော့ အမှန်ပါပဲ။ ဒါပေမဲ့ AMD ရဲ့ Brazos family processor တွေရဲ့ အားသာချက်တွေက အတော်များများ ရှိတယ်။ Direct x 11 ကို အထောက်အပံ့ ပေးတယ်။ Microsoft က GPU Computing အတွက် ဦးတည်ပြီး ရေးဆွဲတဲ့ Direct compute နဲ့ အလုပ်လုပ်နိုင်တယ်။ Open GL 4.0 နဲ့ Open CL 1.1 ကိုလည်း အထောက်အပံ့ ပေးနိုင်ပါတယ်။

၂၀၁၁ ခုနှစ်ထဲမှာဆိုရင် ဒီအချက်တွေဟာ Intel Atom Dual Core Processor တွေ လိုက်မမီသေးတဲ့ အချက်တွေလည်း ဖြစ်ပါတယ်။ ပိုပြီး ထူးခြားတာက C series နဲ့ E series processor အားလုံးဟာ single core မှာရော Dual - core မှာပါ 64 bit ကို အထောက်အပံ့ပြုတဲ့ processor တွေ ဖြစ်ပါတယ်။ ဆိုလိုတာက RAM သာ ပြည့်မီအောင် ထည့်နိုင်မယ်ဆိုရင် 64 bit Windows နဲ့ 64 bit Application တွေကို သုံးနိုင်မယ့်သဘော ဆောင်ပါတယ်။ အဲဒီအချိန်မှာ Atom processor တွေကတော့ 32 bit နယ်ပယ်ထဲမှာပဲ ရှိနေပါသေးတယ်။ Video ပိုင်းကိုကော ကြည့်ဦးမလား။ C series မှာရော E series မှာပါ AMD ရဲ့ UVD 3 (Unified Video decoder) ကို ထည့်ပေးထားလို့ high definition media တွေကို ကြည့်ရှုစေပါတယ်။ ဒါကြောင့် စွမ်းအား နိမ့်လှပါတယ်ဆိုတဲ့ C-30 processor မှာတောင် 3D Animation  နဲ့  Bluray media တွေကို ကိုယ်တိုင် ဆောင်ရွက်နိုင်ပါတယ်။ နောက်ပြီး  GPU တွေဟာ အထွေထွေ တွက်ချက်မှုတွေမှာ မြန်အောင် CPU ကိုဝင်ပြီး ကူညီနိုင်ပါသေးတယ်။ ဒါကြောင့် AMD ဟာ သူရဲ့ fusion chip တွေကို APU (accelerated processing unit) လို့ တင်စားပြီး ခေါ်ပါတယ်။ အားလုံးခြုံကြည့်ရင် fusion chip တွေဟာ သာမန် Atom CPU တွေထက် သာတယ်။ Atom CPU နဲ့ Nvidia ရဲ့ သီးသန့် GPU ပေါင်းစည်းထားပေမယ့် ဒီလိုပေါင်းစည်းမှုကနေ ပိုပြီး ကောင်းတဲ့ စွမ်းဆောင်ရည်မျိုး ရမလာဘူး။ ဒါကြောင့် CPU နဲ့  GPU ပေါင်းစည်းထားတဲ့ GPU တွေမှာ AMD က အငြင်းပွားဖွယ်မရှိ သာလွန်သူ ဖြစ်လာပါတယ်။ဒါပေမဲ့ လက်တွေ့နယ်ပယ်မှာ စမ်းသပ်ကြည့်တော့ ဘဝင်မကျစရာ အချက်တွေကိုလည်း တွေ့ရပါတယ်။ Atom တွေက motherboard ပေါ်မှာ တစ်ခါတည်း အသေတွဲပြီး ထည့်ပေးထားတာမျိုးပါ။ ဒါကြောင့် CPU သီးခြားဝယ်လို့ မရဘူး။ CPU ပျက်ရင် mother board ပါ လွှင့်ပစ်ပေရော့ဆိုတဲ့ သဘောမျိုး ရှိပါတယ်။

BenchMark test လုပ်တဲ့အခါမှာလည်း Brazos procesor တွေက သာတယ်ဆိုတာ မှန်ပါတယ်။ ဒါပေမဲ့ သူ့ကို 2GB DDR3 RAM နဲ့သုံးပြီး Atom တွေကို DDR3 1GB RAM နဲ့ သုံးခဲ့လို့ သာလွန်သလားဆိုတာ တွေးစရာရှိပါတယ်။ သာတယ်ဆိုတာတောင် ပြတ်ပြတ်သားသား မဟုတ်ပါဘူး။ Media playback စမ်းကြည့်တဲ့ အခါမှာလည်း AMD ရဲ့ အမြင့်တန်း E-350 fusion processor ဟာ ဘယ် video ကိုမဆို 1080P resolution အပြည့်နဲ့ render လုပ်နိုင်ပါတယ်။ Blu-ray rip လည်း လုပ်နိုင်ပြီး You Tube ကနေ HD Video တွေကိုလည်း streaming နည်းနဲ့ ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ဗီဒီယိုကြည့်နေချိန်မှာ CPU ကို ၇၀ ရာခိုင်နှုန်းထိ သုံးပြီး အနည်းနဲ့အများ အရုပ်ထစ်တာလည်း ရှိပါတယ်။ ဂိမ်းကစားကြည့်တဲ့အခါမှာ AMD ရဲ့ Processor တွေဟာ အပြောနဲ့အဟော မညီတာ တွေ့ရပါတယ်။ Crysis လို ဂိမ်းမျိုးကို ကစားလို့မရဘူး။ ကျန်တဲ့ 3D ဂိမ်းတွေမှာလည်း frame rate က မျှော်လင့်တာထက် ကျတဲ့အပြင် တချို့ဂိမ်းတွေမှာ Very low quality setting မှာထားမှ ကစားလို့ ရတာမျိုးလည်း တွေ့ရပါတယ်။ ဂိမ်းကို အရှိန်အဟုန် အမြင့်ဆုံးနဲ့ ကစားနေချိန်မှာရော၊ ငြိမ်သက်နေချိန်မှာပါ စားသုံးတဲ့ ပါဝါဟာ Atom Processor တွေမှာထက် များနေတယ်ဆိုတာလည်း တွေ့ရပါတယ်။ ဒါကြောင့် AMD procesor တွေဟာ Atom ထက်ပိုပြီး အားကောင်းတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ပါဝါစားသုံးမှု နည်းတဲ့ တန်ဖိုးနည်း ကွန်ပျူတာလောကကြီးကို တော်လှန်ပြောင်းလဲနိုင်လောက်တဲ့ အစွမ်းသတ္တိမျိုးတော့ မရှိဘူးလို့ ပညာရှင်တွေက ကောက်ချက်ချပါတယ်။ ဒါပေမဲ့ AMD ဟာ သူရဲ့ အားနည်းချက်တွေကို ပြုပြင်ပြီး တိုးတက်လာမယ့် Brazos - T Platform နဲ့ ၂၀၁၂ ခုနှစ်ထဲမှာ ဆက်ပြီး ယှဉ်ပြိုင်ဦးမှာပါ။ အဲဒီကနေ Z series Processor တွေ ထွက်လာပါမယ်။ Brazos ကလည်း ဆက်ရှိနေမှာဖြစ်ပြီး အဲဒီကနေ E-2 Series Processor တွေ ထွက်လာပါမယ်။ E-2 Series မှာ TDP Watt ကို မလျှော့နိုင်ပေမယ့် Z series မှာတော့ TDP Watt ဟာ ခေါက်ချိုးမက သိသိသာသာ နည်းသွားပါပြီ။

ထူးခြားလာမယ့် အချက်ကတော့ device driver မလိုဘဲ GPU ဟာ CPU ရဲ့ memory ကို လိုအပ်သလို ဆွဲယူအသုံးပြုနိုင်မယ့် အချက်ပဲ ဖြစ်ပါတယ်။ Intel ကလည်း ခပ်ညံ့ညံ့တော့ မဟုတ်ပါဘူး။ Code-name Stellarton လို့ပေးထားတဲ့ ပရောဂျက်တစ်ခုနဲ့ ကြိုးစားနေပြီဖြစ်ပါတယ်။ အဲဒီ Processor မှာ CPU ကို GPU နဲ့ မတွဲတော့ဘဲ FPGA (Field - programmable gate-array) နဲ့ တွဲပါလိမ့်မယ်။ FPGA ဟာ Software ပိုင်းမှာသာမကဘူး hardware ပိုင်းမှာပါ program လုပ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ၂၀၁၂ ခုနှစ်ရဲ့ Atom နဲ့ Fusion အားပြိုင်ပွဲက စိတ်ဝင်စားဖို့ကောင်းမှာ သေချာပါတယ်။

နောင်စိုး(ထားဝယ်)

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page