လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

Memory card များနှင့် ပတ်သက်ပြီး သိထားသင့်သည်များ

Posted by Unknown Tuesday, November 13, 2012 0 comments



Memory card တွေဟာ စာဖတ်သူရဲ့ တန်ဖိုးကြီးလှတဲ့ အချက်အလက်တွေကို သိုလှောင် သိမ်း ဆည်းပေးခြင်းအတွက် အရေးပါလှတဲ့အရာ ဖြစ်ပါတယ်။  စာဖတ်သူ အသုံးပြုတဲ့ ထုတ်ကုန်တွေမှာ memory တစ်ပါတည်း (built-in) ပါဝင်လာပေမယ့် resolution မြင့်တဲ့ ဓာတ်ပုံများ ရိုက်ကူးခြင်း၊ full-HD များ ရိုက်ကူးခြင်းတို့အတွက် memory လုံလောက်မှု မရှိတဲ့အခါ ပမာဏများပြားတဲ့ memory card များလိုအပ်လာပါတယ်။ ဒါကြောင့် memory card တွေကို ကိုင်တွယ်အသုံးပြုရာမှာ သိထားသင့်တဲ့ အချက်တွေနဲ့ ပုံစံအမျိုးအစားမတူတဲ့ memory card တွေရဲ့အကြောင်းကို ဖော်ပြလိုက်ပါတယ်။

Memory card များနဲ့ ပတ်သက်ပြီး သိထားသင့်တဲ့ အချက်များ

ပုံစံအမျိုးအစား
ကင်မရာတွေမှာ ပုံမှန်အားဖြင့် memory card အမျိုးအစား တစ်မျိုးတည်းကိုသာ အသုံးပြုနိုင်ပါတယ်။ MicroSD card တွေကိုတော့ အရွယ်အစား သေးငယ်တဲ့ပုံစံအဖြစ် ပြုလုပ်ထားပါတယ်။ သာမန် compact ကင်မရာတွေဖြစ်တဲ့ entry-level dSLR နဲ့ ILC (interchangeable lens camera) တွေမှာတော့ သာမန် Secure Digital (SD) card တွေကို အသုံးပြုကြပါတယ်။ အလယ်အလတ်တန်းစား dSLR တွေမှာတော့ Compact-Flash (CF) card တွေကို အသုံးပြုကြပြီး ပရော်ဖက်ရှင်နယ် ကင်မရာ အမျိုးအစားတွေမှာတော့ ဓာတ်ပုံများကို card နှစ်မျိုးမှာ သိမ်းဆည်းထားနိုင်အောင် ထောက်ပံ့ပေးထားပါတယ်။

SD card အမြန်နှုန်း
Memory card တွေရဲ့ အမြန်နှုန်းနဲ့ အမျိုးအစားတို့ကို တွက်ချက်ခြင်းဖြင့် card တွေအနေနဲ့ အချက်အလက်တွေကို ဘယ်လောက် read/write လုပ်နိုင်တယ်ဆိုတာကို သိနိုင်ပါတယ်။ Read/write အမြန်နှုန်း အလွန်နှေးကွေးတဲ့ card တွေဟာ ပုံမှန်အားဖြင့် Class 2 က စတင်ပြီး အမြန်ဆုံး အမျိုးအစားတွေကတော့ Class 10 က စတင်ပါတယ်။ စာဖတ်သူအနေနဲ့ စံသတ်မှတ်ထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုအရွယ်အစားကို ရိုက်ကူးလိုပါက Class 2 uae Class 6 အထိရှိတဲ့ card တွေကိုအသုံးပြုရုံနဲ့ လုံလောက်ပါတယ်။ အကယ်၍ high resolution RAW ဓာတ်ပုံများနဲ့ full-HD ဗီဒီယိုများကို ရိုက်ကူးလိုရင်တော့ Class 6 ကနေ Class 10 အထိရှိတဲ့ card တွေကို အသုံးပြုသင့်ပါတယ်။ ဒါပေမဲ့ လျင်မြန်စွာ အသုံးပြုနိုင်တဲ့ card တွေက ဈေးပိုကြီးပါတယ်။

CF card အမြန်နှုန်း
အလယ်အလတ်တန်းစားကနေ စွမ်းဆောင်ရည်မြင့် dSLR ကင်မရာတွေနဲ့ ILC တွေမှာ လျင်မြန်တဲ့ image processor တွေပါဝင်တာကြောင့် မြန်နှုန်းမြင့် card  တွေ (25MB/s ကနေ 322MB/s အထိ) လိုအပ်ပါတယ်။ ဒီ card တွေကို အသုံးပြုခြင်းကြောင့် ဗီဒီယိုရိုက်ကူးချိန် တိုးမြှင့်ခြင်း၊ shot-to-shot  အချိန်ကို လျှော့ချခြင်း၊ burst mode နဲ့ high continuous shooting စတဲ့ shooting performance တွေကို မြှင့်တင်ပေးနိုင်ပါတယ်။

ကွဲပြားခြားနားတဲ့ card အမျိုးအစားများ
Secure Digital (SD) card များ
SD card များဟာ compact ကင်မရာတိုင်းနီးပါးမှာ စံအဖြစ် အသုံးပြုတဲ့ memory အမျိုးအစား ဖြစ်ပါတယ်။ ဒါ့အပြင် အချို့ dSLR တွေမှာလည်း အဆင့်မြင့် application တွေကို backup လုပ်ဖို့အတွက် secondary card အနေနဲ့ အသုံးပြုကြပါတယ်။ ဒီ card အမျိုးအစားကို အဆင့်မြှင့်ထားတဲ့ အမျိုးအစားများကတော့ သိုလှောင်မှုပမာဏ မြင့်မားတဲ့ SDHC (High Capacity) နဲ့ SDXC (Extended Capacity) တို့ဖြစ် ပါတယ်။ ယင်းတို့ကို အဆင့်မြင့် dSLR များနဲ့ compact များမှာ အသုံးပြုပါတယ်။ အဆိုပါ card တွေကို ကွဲပြားခြားနားတဲ့ အမြန်နှုန်းအမျိုးအစား (Class 2 မှ Class 10 အထိ) ရရှိနိုင်ပါတယ်။

အသုံးပြုထားတဲ့ ထုတ်ကုန်များ -Compact  ကင်မရာများ၊ dSLR များနဲ့ ILC များ၊ MicroSD card များ။

MicroSD card များ
ကင်မရာထုတ်လုပ်သူတွေဟာ ၎င်းတို့ထုတ်လုပ်တဲ့ အလွန်ပါးလွှာတဲ့ ကင်မရာများမှာ အသုံးပြုဖို့အတွက် အရွယ်အစား အသေးငယ်ဆုံး အမျိုးအစားဖြစ်တဲ့ MicroSD card ကို ရွေးချယ် အသုံးပြုကြပါတယ်။ အချို့MicroSD card တွေမှာ SD card တစ်ခုအသွင် ပြောင်းလဲ အသုံးပြုနိုင်ဖို့အတွက် external adapter ပါဝင်ပါတယ်။ ဒီ card တွေမှာလည်း SD card တွေ လိုပဲ အမြန်နှုန်းအမျိုးအစား အမျိုးမျိုးနဲ့ ရရှိနိုင်ပါတယ်။

အသုံးပြုထားတဲ့ ထုတ်ကုန်များ - အလွန်ပါးလွှာသည့် compact ကင်မရာများ၊ စမတ်ဖုန်းများ Compact Flash (CF) card များ။

XQD card များ
XQD card တွေကတော့ Compact Flash Association က မကြာသေးမီက မိတ်ဆက်ပေးထားတဲ့ card အမျိုးအစားသစ် တစ်ခုဖြစ်ပါတယ်။ လျင်မြန်တဲ့ အမြန်နှုန်းနဲ့ များပြားတဲ့ သိုလှောင်မှု ပမာဏ တို့ကို ထောက်ပံ့ပေးနိုင်တဲ့ စွမ်းဆောင်ရည်မြင့် card တစ်ခုအဖြစ် ရည်ရွယ် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။ အချက်အလက် ပြောင်းလဲမှုနှုန်း 125MB/s နဲ့ အထက် အသုံးပြုနိုင်တဲ့ XQD ကို လက်ရှိမှာ Nikon D4 လိုမျိုး ပရော်ဖက်ရှင်နယ် dSLR တွေမှာ အသုံးပြုထားပါတယ်။ Nikon D4 ဟာ RAW format နဲ့ 100 frame အထိ တောက်လျှောက် ရိုက်ကူးနိုင်စေပါတယ်။

အသုံးပြုထားတဲ့ ထုတ်ကုန်များ - ပရော်ဖက်ရှင်နယ် dSLR များ။

Wi-Fi  အသုံးပြုနိုင်တဲ့ card များ
Eye-Fi  ရဲ့ Mobile X2 8GB SD card နဲ့ Toshiba ရဲ့ FlashAir Wireless LAN SD card လိုမျိုး Wi-Fi  အသုံးပြုနိုင်တဲ့ card တွေဟာ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေကို PC နဲ့ ကြိုးမဲ့စနစ်သုံးနိုင်တဲ့ external device ထံ လွှဲပြောင်းပေးနိုင်စေပါတယ်။ Selective Share option ကို အသုံးပြုတဲ့အခါမှာ ရွေးချယ်ထားတဲ့ မီဒီယာဖိုင်တွေကို Flickr, Facebook နဲ့ Twitter အပါအဝင် လူမှုရေးကွန်ရက် ၂၉ ခုထံ ကြိုးမဲ့ စနစ်နဲ့ချက်ချင်း upload ပြုလုပ်နိုင်စေပါတယ်။

အသုံးပြုထားတဲ့ ထုတ်ကုန်များ - Compact ကင်မရာများ dSLR များနဲ့ ILC များ

အခြား card အမျိုးအစားများ
အချို့ကင်မရာတွေမှာတော့ Sony ရဲ့ Memory Stick/Memory Stick Pro Duo နဲ့ Olympus ရဲ့ xD-Picture Card တွေကို အသုံးပြုကြပါတယ်။ အဆိုပါ memory card တွေဟာ SD နဲ့ CF card များနဲ့ သိုလှောင်မှု ပမာဏခြင်း တူပေမယ့် ဈေးပိုကြီးသလို ထုတ်ကုန်အားလုံးမှာလည်း အသုံးပြုနိုင်ခြင်း မရှိပါဘူး။

Memory card နဲ့ပတ်သက်တဲ့ အကြံပြုချက်များ

Backup လုပ်ခြင်း
ဓာတ်ပုံတွေကို hard disk, online cloud service နဲ့ အခြား external device စတဲ့ နေရာတွေမှာ အမြဲ လိုလို သိုလှောင်သိမ်းဆည်းပါ။

Card ကို format လုပ်ခြင်း
အသုံးမပြုမီ card ကို ကင်မရာမှာ format လုပ်ပါ။ ယင်းကဲ့သို့ ပြုလုပ်ခြင်းမှာ အချက်အလက်များကို ဖျက်ပစ်ပြီး folder အသစ်များ ဖန်တီးပေးတဲ့အတွက် ဓာတ်ပုံရိုက်စဉ် database error များ ဖြစ်ပွားခြင်းမှ  ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အချက်အလက်များကို recovery လုပ်ခြင်း
အရေးကြီးတဲ့ ဓာတ်ပုံများကို မတော်တဆ မှားယွင်းဖျက်မိခြင်းမျိုး ဖြစ်ပွားတဲ့အခါမှာ ဓာတ်ပုံရိုက်ကူးခြင်းကို ရပ်တန့်ပြီး အထောက်အပံ့ပေး ထားတဲ့ software နဲ့ ဓာတ်ပုံများကို recovery လုပ်ပါ။

Card များ ပျက်စီးမှုမှ ကာကွယ်ခြင်း
အကယ်၍ စာဖတ်သူအနေနဲ့ Card တစ်ခုတည်းကိုသာ အသုံးပြုပါက သိုလှောင်ထားတဲ့ card ပျက်စီးမှုမှ ကာကွယ်နိုင်ရန်အတွက် plastic holder ကို အသုံးပြုသင့်ပါတယ်။ Card အများအပြားကို အသုံးပြုတဲ့သူ ဆိုရင်တော့ neoprene case လို့ခေါ်တဲ့ ရာဘာဘူးကို အသုံးပြုပြီး အသုံးပြုတဲ့ card နဲ့ အသုံးမပြုတဲ့ card တွေကို ခွဲခြားထားနိုင်ပါတယ်။

ဘမ္ဘီ

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page