လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ပြည်ပရောက်ရွှေမြန်မာ မိန်းကလေးများကြောင့် တိုင်းပြည်ပုံရိပ်သိက္ခာမကျပါစေနဲ့

Posted by Unknown Monday, November 19, 2012 0 comments

ဒီပုံက အမေရိကမှာ ၀င်ပြိုင်နေတဲ့ မော်ဒယ် ယမုံမိုးလို့ သိရပါတယ်။ ဒီပုံကို အပုပ်ချချင်လို့ သက်သက် ရှာလာတာ မဟုတ်ပါ။ ဒီပုံကို နိုင်ငံခြားမှာ ရိုက်ထားလို့ မြန်မာပြည်မှာ ရိုက်ထားတာ မဟုတ်လို့ လက်သင့်ခံသင့်ပါတယ်။ မော်ဒယ်က သူ့ရဲ ပရော်ဖက်ရှင် မို့လို ဒီလို လုပ်တာပါ ဆိုပြီး အယူအဆ တစ်ရပ်ကို မြန်မာပြည် တင်သွင်းဖို့ လုပ်နေလို့ အပြင်းအထန် ကန့်ကွက်ပါတယ်။ ကျနော်တို့ လိုချင်တဲ့ ကမ္ဘာမှာမြန်မာဟေ့ ဆိုတဲ့ အသံက ဒီလိုနေ ရာကနေ ထွက်လာတာမျိုး လုံးဝ မလိုချင်ပါ။ ဖိလစ်ပိုင်မတွေ ဘယ်လောက်ပဲ ရိုးသားပါတယ်ပြောပြော ဂျပန်မှာ သူတို့ကို သိထားတာက ကလပ်မယ်လို့ပဲ သိထားပါတယ်။ ထိုင်းမတွေ ဘယ်လောက်ပဲ ရိုးသားပါတယ် ပြောပြော နိုင်ငံခြား သွားရင် ဈေးညှိတာ ခံရပါတယ်။ ဒါက တိုင်းပြည်ရဲ့ ပုံရိပ်ပ။ ကျနော်တို့ မြန်မာမတွေ နိုင်ငံတကာမှာ ဒီလို ပုံရိပ်မျိုးထွက်တာ မလိုချင်ပါ။ သစ္စာတရားဆိုတာ မြန်မာနိုင်ငံမှာ တစ်မျိုး နိုင်ငံခြားမှာ တစ်မျိုးဆိုတာ မရှိပါ။ အမြဲတန်း မှန်နေရပါမယ်။ ဒီလိုပါပဲ ယဉ်ကျေးမှုဆိုတာ မြန်မာပြည်မှာ တစ်မျိုး ပြည်ပရောက်ရင် တစ်မျိုးဖြစ်တာ လက်မခံပါ။ နိုင်ငံခြားမှာမို့လို့ ဒီပုံကို လက်ခံပေးပါ ဆိုတာကတော့ လွဲနေပါတယ်။ သူ့ပါသာ ဘယ်လို ပဲ နေပါစေ။ သူ့ရဲ့ ကိုယ်ပိုင် အယူအဆပါ။ ဒါကို ပြည်သူ့ ကိုယ်စားပြု ဆိုတဲ့ အသုံးအနှုန်းတွေတော့ သုံးမလာပါနဲ့။ အဲ့ဒိပြည်သူတွေထဲမှာ ကျနော် မပါလို့ပါ။ တလွဲဆံပင် မကောင်းကြပါနဲ့  မြန်မာ မိန်းကလေးများ ခင်ဗျား ။ ။ ။

Myanmar Express

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page