လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

တရုတ်သည် ရေတပ်အင်အားအကြီးဆုံး နိုင်ငံတစ်နိုင်ငံ ဖြစ်လာစေရမည်ဟု သမ္မတဟူကျင်တောင်ပြောကြား

Posted by Unknown Monday, November 19, 2012 0 comments

နိုဝင်ဘာ ၁၈ ရက်နေ့၌ ကျင်းပခဲ့သည့် တရုတ်ကွန်မြူနစ်ပါတီ လွှတ်တော် အစည်းအဝေး၌ တရုတ်နိုင်ငံ၏ သမ္မတ ဟူကျင်တောင်က တရုတ်နိုင်ငံသည် ရေတပ်အင်အား အကြီးမားဆုံးနိုင်ငံ တစ်နိုင်ငံ ဖြစ်လာစေ ရမည်ဟု ပြောကြားလိုက်သည်။ တရုတ်နိုင်ငံသည် ၎င်း၏ ပင်လယ်ပိုင်နက် အတွင်းမှ ရနိုင်သမျှသော အရင်းမြစ်မှန်သမျှကို ထုတ်ယူ သုံးစွဲနိုင်ရန် အတွက် ရေတပ်စွမ်းအင်ကို အစွမ်းကုန်မြှင့်တင် ရမည်ဖြစ်ကြောင်းနှင့် တရုတ် ရေတပ်၏ ရပိုင်ခွင့်နှင့် အကျိုးစီးပွားကို လုံးဝကာကွယ် ထိန်းသိမ်း ရမည် ဖြစ်သောကြောင့် တရုတ်ရေတပ် စွမ်းအား ကြီးမားလာရန် လိုအပ်သည်ဟု ယင်းကဆို သည်။ ပေကျင်းမြို့ ၌ ကျင်းပသည့် ထိုအခမ်းအနားသို့ လွှတ်တော် ကိုယ်စားလှယ် ၂၂၀၀ ကျော် တက်ရောက်ပြီး အိမ်နီးချင်း နိုင်ငံများနှင့် ရေပိုင်နက်ပြဿနာ ဆူပွက်နေချိန်၌ သမ္မတ ဟူကျင်တောင်က ဤကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ထို့ပြင် တရုတ်နိုင်ငံသည် ကမ္ဘာ့အလယ်၌ ထည်ဝါစွာ ရပ်တည် နှိင်ရေး အတွက် အင်အားကြီးမားသည့် အမျိုးသား ကာကွယ်ရေး တပ်မတော်နှင့် စွမ်းအင် ကြီးမားသည့် စစ်တပ် ရှိဖို့ လိုအပ်ကြောင်း ၎င်းကဆိုသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page