လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

စတာလင်ပေါင် သုံးသန်းတန်ဖိုးရှိ တရုတ်အလှပန်းအိုး

Posted by Unknown Monday, November 19, 2012 0 comments

လွန်ခဲ့သော နှစ်ပေါင်း ၃ဝဝ ကျော် က ပြုလုပ်ခဲ့သော တရုတ် အလှပန်း အိုးအား ဗြိတိန်နိုင်ငံ မြောက် ပိုင်း ယော့ရှိုင်းယား ပြည်နယ်ရှိ Tennants လေလံကုမ္ပဏီက လေလံတင် ရောင်းချခဲ့ရာ  ဟောင်ကောင် မှ  ဖုန်းဖြင့် လေလံဆွဲသူ တစ်ဦးက စတာလင်ပေါင် သုံးသန်း ပေးကာ ဝယ်ယူ ခဲ့ကြောင်း   သိရသည်။ အဆိုပါ  ပန်းအိုးအား  ယခင်က မိသားစု တစ်စုမှ  ပိုင်ဆိုင်ခဲ့ခြင်း ဖြစ်ပြီး  ၎င်းတို့က လွန်ခဲ့ သည့် နှစ်ပေါင်း ၄ဝ ခန့် ကတည်းက ပိုင်ဆိုင် ခဲ့ခြင်းဖြစ်သည်။ ကျွမ်းကျင် သူများက ပန်းအိုးကို စတာလင်ပေါင်  ၃ဝဝဝဝ ခန့်  တန်ဖိုးရှိမည် ဟုခန့်မှန်း ထားခဲ့သော်လည်း လေလံပွဲ  တွင် လေလံဆွဲသူ ရှစ်ဦးက အပြိုင် အဆိုင် ဈေးပေးခဲ့ရာမှ စတာလင်ပေါင် သုံးသန်းအထိ ဈေးမြင့်တက် လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ အလှ ပန်းအိုးသည် ၁၈ ရာစု ယွန်ဇန် အင်ပါယာ ခေတ် တွင် ပြုလုပ် ခဲ့ခြင်း ဖြစ်ပြီး အမြင့် ၄ဝ စင်တီမီတာရှိကြောင်း သိရသည်။ ၎င်းပန်းအိုးသည် အဖြူရောင် ကြွေသားပေါ် တွင်အပြာရောင် န ဂါးနှစ်ကောင် ပုံနှင့် ပန်းနွယ် ပန်းခက်များ အလှ ဆင်ခြယ် မှုန်းထားပြီး ယွန်ဇန် အင်ပါယာခေတ်က အနုပညာ လက်ရာကို ထူးခြားလှပစွာ   မြင်တွေ့နိုင်ကြောင်း သိရသည်။  

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page