အရက်စွဲ အမျိုးသမီးများက အမျိုးသား များထက် ၂ဆ ပို၍သေ
Monday, November 19, 2012
0
comments

သုတေသန ပြုလုပ်ချက်များအရ အရက်အကြီးအကျယ် စွဲနေသူ ၁၄၉ ဦးအား ၁၄ နှစ်ကြာ
လေ့လာခဲ့ရာမှာ အမျိုးသမီး အရက်စွဲသူများက အခြား အမျိုးသမီး များထက် အသက်
စောစော သေဆုံးနိုင်ခြေ ၅ ဆပိုများကြောင်း တွေ့ခဲ့ရပါတယ်။ အရက်စွဲ
အမျိုးသားများက အခြားသော အမျိုးသားများထက် သေဆုံးနှုန်း ၂ဆ ပိုများ ပါတယ်။
အရက်စွဲသူများဟာ ပျမ်းမျှခြင်း အားဖြင့် အခြားသူ များထက် အသက် ၂၀ ခန့်
စောပြီး သေဆုံး လေ့ရှိကြောင်း သိရပါတယ်။ အမျိုးသမီးများဟာ အရက်ကြောင့်
အဆိပ်သင့်မှု ပို၍ ဖြစ်လွယ်ပါတယ်။ အမျိုးသား များထက် ပို၍လည်း အရက်စွဲတဲ့
အဖြစ်ရောက်လွယ် ပါတယ်။ အချိန်တိုတို အတွင်းမှာ ရုပ်ပိုင်း ဆိုင်ရာ
ထိခိုက်မှုများလည်း ခံစားရပါတယ်။ အရက်စွဲခြင်းကြောင့် နှလုံးသွေးကြော ရော ဂါ၊
ဦးနှောက်ထိခိုက် ပျက်စီးခြင်းနှင့် ကျောက်ကပ်နှင့် အသည်းရောဂါ
ပို၍ဖြစ်နိုင်ခြေ များကြောင်း သိရ ပါတယ်။
0 comments:
Post a Comment