လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ရုပ်မြင်သံကြား အကြည့်များသူများ အသက်တိုနိုင်

Posted by Unknown Monday, November 19, 2012 0 comments

အသက် ၂၅ နှစ်ကျော်လာ ချိန်တွင် ရုပ်မြင်သံကြား တစ်နာရီ ပိုကြည့်တိုင်း လူ့သက်တမ်း ၂၂ မိနစ် လျော့ကျ သွားနိုင်သည်ဟု ဩစ တြေးလျ သုတေသီ များက တွေ့ရှိ ခဲ့သည်။ ယခုသုတေသနအတွက် ဩ စတြေးလျ နိုင်ငံသား ပေါင်း ၁၂,ဝ၀ဝ ၏ ကျန်းမာရေး အလေ့အကျင့် များအား မှတ်တမ်း တင်ထားသော စစ်တမ်းမှ အချက် အလက်များကို သုတေသီ များက အသုံးပြုခဲ့ကြ သည်။ ဆီးချိုရောဂါ၊ အဝလွန်မှုနှင့် ဘဝနေထိုင်မှု ဟန်ပန်ဟု ခေါ်သော စစ်တမ်းတွင် ပါဝင်သူ များအား ၄င်း တို့၏ အထွေ ထွေ ကျန်းမာရေး အခြေအနေ၊ ရောဂါရှိ၊မရှိနှင့် လေ့ကျင့်ခန်း လုပ်ဆောင်မှု၊ ဆေးလိပ် သောက်ခြင်းနှင့် နေထိုင် စားသောက်မှု ဆိုင်ရာ အလေ့အကျင့်များကို မေးမြန်းခဲ့သည်။ ထို့အပြင် ၄င်းတို့အနေဖြင့် လွန် ခဲ့သော သီတင်းတစ်ပတ် အတွင်း တစ်နေ့လျှင် နာရီပေါင်း မည်မျှ ရုပ်မြင်သံကြား ကြည့်ခဲ့သနည်းဆိုသည်ကိုလည်း သုတေသ နက မေးမြန်းခဲ့သည်။ ယင်းလေ့လာမှု အရ တစ်နေ့လျှင် ပျမ်းမျှခြောက်နာရီခန့် တီဗီကြည့်သူ များသည် မကြည့်သူများ ထက် ၄ ဒသမ ၈ နှစ် သက်တမ်းတိုကြောင်း ကွင်းစ်လန် တက္ကသိုလ်မှ သုတေသီများက British Journal of Sport Medicine ဂျာနယ်တွင် ရေးသားဖော်ပြထားသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page