လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ရိုနယ်ဒိုဟာ ၀ယ်ယူဖို့ မဖြစ်နိုင်တဲ့ ကစားသမားပါလို့ ဆိုတဲ့ ဖာဂူဆန်

Posted by Unknown Sunday, November 18, 2012 0 comments

မန်ချက်စတာ ယူနိုက်တက်ရဲ့ တစ်ချိန်က ကစားသမား ခရစ္စတီယာနို ရိုနယ်ဒိုသည် ၀ယ်ယူဖို့ မဖြစ်နိုင်သည့် ကစားသမား တစ်ဦး ဖြစ်ပေမယ့် ယူနိုက် တက်မှ အမြဲတံခါး ဖွင့်ထားပါကြောင်း မန်နေဂျာဖြစ်သူ ဆာအဲလက်စ် ထုတ်ဖေါ်ပြောကြား ခဲ့ပါတယ်။ ပေါ်တူဂီ နိုင်ငံတကာ ကစားသမားဟာ ရီးရဲလ် မက်ဒရစ်သို့ မန်ချက်စတာ ယူနိုက်တက်မှ ကမ္ဘာ့ အမြင့်ဆုံး ဈေးနှုန်းဖြစ်သည့် ပေါင်သန်း ၈၀ တန် ပြောင်းရွေ့ကြေးဖြင့် ၂၀၀၉ ခုနှစ် နွေရာသီ မှာ ပြောင်းရွေ့ သွားခဲ့တာ ဖြစ်ပါတယ်။ ဒီအသက် ၂၇ နှစ် အရွယ် ရှိပြီဖြစ်တဲ့ တိုက်စစ် ကစားသမား ယူနိုက်တက်သို့ ပြန်လည် ဆောင်ကြဉ်းဖို့ မည်ကဲ့ သို့သော အတွေးမျိုး ရှိသနည်းဟု ဆာအဲလက်စ်အား သတင်းထောက်များမှ မေးမြန်းရာတွင် ဆာအဲလက်စ်က “ဒါဟာ ဖြစ်လာမယ် လို့ တွေးတောရတာ ကျွန်တော် သဘော ကျပါတယ်။ ဒါပေမယ့် ဖြစ်မလာ နိုင်ဘူးလို့ ကျွန်တော်ထင်တယ်၊ ခင်ဗျားတို့ အခုပြောနေတဲ့ အကြောင်း အရာက မယုံနိုင်စရာ များပြားလှတဲ့ ငွေးကြေး အပြောင်း အရွေ့ကို ပြောနေသလိုပဲ။ သူဟာ ဘယ်လောက် တန်ကြေးရှိတယ်လို့ ခင်များက ထင်နေတာလည်း။ သူဟာ ၀ယ်ယူ ဖို့ မတတ်နိုင်လောက်တဲ့ ကစားသမား မျိုးဗျ။ ဘယ်သူက သူ့ကို ၀ယ်ယူ နိုင်မှာလည်း။ လူတွေကတော့ ပြောကြပါတယ်။ ရုရှား ကလပ် တွေက သူ့ကို ၀ယ်ယူ နိုင်တယ်လို့။ ဒါပေမယ့် သူက ရုရှားကို သွားချင်မယ်လို့ ခင်ဗျား ထင်သလား။ ဒီမှာ ရှိနေတုန်းကတောင် ဒီက ရာသီဥတု အကြောင်းကို သူအမြဲ ညည်းညူဖူးတယ်။ သူ့လို လူမျိုးကို ရုရှားရဲ့ အေးခဲ နေမယ့် ဆောင်းရာသီ အလယ်မှာ သွားထား ကြည့်ပါလား။” “သူဟာ ရီးရဲလ်မက်ဒရစ်ရဲ့ တန်ဖိုးအရှိဆုံး ရင်းနှီး မြုပ်နှံမှု တစ်ခုပါ။ သူဟာလည်း သူတို့အတွက် အမြဲကစား ပေးချင်သူပါ။ ဒါဟာ သူ့ရဲ့ ကလေးဘ၀ ငယ်အိပ်မက် တစ်ခုပါ။ သူ အဲဒီမှာ တစ်သက်လုံး ကစားလိမ့်မယ် လို့ တော့ ကျွန်တော် မပြောဘူးနော်။ ဒါကို ဘယ်သူမှ မသိနိုင်ဘူး။ နောက်ပြီး ကျွန်တော်တို့ အနေနဲ့ သူ့ကို အရစ်နဲ့ ပြန်လည်ဝယ်ယူ နိုင်လိမ့်မယ် မဟုတ်ဘူးလို့ကော ဘယ်သူက ပြောနိုင်မှာလည်း။” လို့ အသက် ၇၀ အရွယ် ၀ါရင့် နည်းပြကြီးက တစ်စွန်းတစ်စ ပဟေဠိ ချန်ခဲ့ပါတယ်။ ရိုနယ်ဒိုဟာ ရီးရဲလ်မက်ဒရစ်ရဲ့ မရှိမဖြစ် ကစားသမား တစ်ဦးအဖြစ် ခြေစွမ်း ပြနေပြီး ပြီးခဲ့ တဲ့နှစ်က ရီးရဲလ်နဲ့အတူ လာလီဂါ ဖလားအား ရယူနိုင်ခဲ့ ပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page