လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ဂိုးသမား သီဟစည်သူကို ခေါ်ယူလိုကြသော်လည်း ပြောင်းရွှေ့ကြးမြင့်မားလွန်းနေ

Posted by Unknown Sunday, November 18, 2012 0 comments

မြန်မာ့ လက်ရွေးစင် နံပါတ် (၁) ဂိုးသမား သီဟစည်သူအား မြန်မာ နေရှင်နယ်လိဂ် ထိပ်တန်းကလပ် အချို့က ခေါ်ယူရန် စိတ်ဝင်စားကြပြီး ကမ်းလှမ်း မှုများ ပြုလုပ် ခဲ့သော်လည်း ၎င်း၏ မိခင်ကလပ် ဧရာဝတီ ယူနိုက်တက်မှ သတ်မှတ်ထားသည့် ပြောင်းရွှေ့ကြေး ပမာဏ များပြား လွန်းနေ၍ ခေါ်ယူရန် မဖြစ်နိုင်တော့ကြောင်း သိရသည်။ သီဟစည်သူသည် ကျင်းပပြီးစီး ခဲ့သည့် ရှုံးထွက်ဖလား ပြိုင်ပွဲတွင် ဧရာဝတီ အသင်း ဗိုလ်စွဲ ရာ၌ ပထမ အဆင့်၊ ကွာတား ဖိုင်နယ်၊ ဆီမီးဖိုင်နယ် ပွဲများတွင် ပင်နယ်တီ အဆုံးအဖြတ် ခံယူခဲ့ရရာ လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ သလို ကိုယ်တိုင် လည်း နှစ်ကြိမ် တိတိ ပင်နယ်တီ ဝင်အောင် ကန်သွင်း ယူခဲ့သည်။ သီဟစည်သူအား ခေါ်ယူရန် ကမ်းလှမ်းဖူးသည့် ထိပ်တန်းကလပ် အသင်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ''ကျွန်တော်တို့ သီဟစည်သူကို ခေါ်ဖို့ ကနဦး ပြောင်းရွှေ့ကြေး သိန်း ၅ဝဝ နဲ့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါပေမဲ့ ဧရာဝတီ အသင်းက သိန်း ၂,ဝဝဝ သတ်မှတ် ထားတယ်လို့ အကြောင်းပြန်ခဲ့တော့ မတတ်နိုင်ဘဲ လက်လျှော့ လိုက်ရတယ်'' ဟု ပြောကြား ခဲ့ကြောင်း သိရသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page