လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

အမေရိကန်သမ္မတ ဘားရက်အိုဘားမား၏ မြန်မာပြည်ခရီးစဉ်

Posted by Unknown Sunday, November 18, 2012 0 comments

အမေရိကန် သမ္မတ ဘားရက်အိုဘားမားသည် အရှေ့တောင် အာရှခရီးစဉ် ရဲ့တစ်စိတ် တစ်ပိုင်းဖြစ် တဲ့ ပြည်ထောင် စု သမ္မတမြန်မာနိုင်ငံတော် ရန်ကုန်မြို့တော် မင်္ဂလာဒုံလေဆိပ်သို့ နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၀န်းကျင်ခန့်တွင် ရောက်ရှိမည်ဖြစ်ပါသည်။ အဲ့ဒီနောက်မှာတော့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အဆောက်အအုံတွင် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် မိနစ် ၃၀ ကြာ တွေ့ဆုံမည်ဖြစ် ပါသည်။ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံရန် ကမ္ဘောဒီး ယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပတဲ့ အာဆီယံ အစည်းအဝေး မှမြန်မာနိုင်ငံသို့ ခေတ္တပြန်လာပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် အဆောက်အအုံမှာ အမေရိကန်သမ္မတ ဘားရက်အိုဘားမားကို လက် ခံတွေ့ဆုံ မှာဖြစ်ပါသည်။ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်သည် အမေရိကန်သမ္မတ အိုဘားမားကို တွေ့ဆုံရန် ရန်ကုန်မြို့သို့ ခေတ္တပြန်ပြီးပါက ယင်းနေ့တွင်ပင် ဖနွမ်းပင် အာဆီယံအစည်းအဝေးသို့ တက်ရောက်ရန် ကမ္ဘောဒီးယားသို့ ပြန်လည်ထွက်ခွာမည်ဟု ဖနွမ်းပင် အာဆီယံ အစည်းအဝေးတွင် တက်ရောက်သ တင်းယူနေသော သတင်းသမားများက ခန့်မှန်းကြသည်။ ယင်းနောက်တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၄င်း၏နေအိမ်တွင် နာရီဝက်ကြာ တွေ့ဆုံ မည်ဖြစ်ပါသည်။ ယင်းနောက် တွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမသို့ ဆက်လက် ထွက်ခွာမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ၏ ခရီးစဉ် အစီအစဉ်ကို သတင်းမီဒီယာ အသိုင်းအ၀န်းမှ ကြားသိရပါသည်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page