လာရောက်လေ့လာဖတ်ရှုသူအပေါင်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပါစေ...

ကြောက်စရာကောင်းသည့် ရုပ်ရှင်ကြည့်ခြင်းကြောင့် နာရီဝက် လမ်းလျှောက်သကဲ့သို့ ကယ်လိုရီလောင်ကျွမ်းနိုင်

Posted by Unknown Thursday, November 15, 2012 0 comments

ဝက်မင်စတာ တက္ကသိုလ်မှ သိပ္ပံပညာ ရှင်တွေက ကြောက်စရာ ကောင်းတဲ့ ရုပ်ရှင်ကားတွေ ကို ကြည့်တာ ဟာ ကယ် လိုရီတွေ လောင် ကျွမ်းနိုင်ကြောင်း တွေ့ရှိ ခဲ့ပါတယ်။ ကြောက်စရာ ကောင်းတဲ့ ရုပ်ရှင် ကားတွေကို ကြည့်တာကြောင့် နှလုံး ခုန်နှုန်းတွေ မြန်ဆန် လာပြီး ဆိုဖာ ထိုင်ခုံပေါ်မှာ တီဗီ ကြည့်နေစဉ် အတွင်း နာရီဝက် လမ်းလျှောက် သလိုမျိုး ကယ်လိုရီလောင် ကျွမ်းနိုင်တယ်လို့ သိရ ပါတယ်။ ပျမ်းမျှ အားဖြင့် နာရီဝက်စာ ရုပ်ရှင်ကြည့် တာဟာ နာရီဝက် လမ်းလျှောက် သလိုမျိုး ၁၁၃ ကယ်လို ရီလောင် ကျွမ်းနိုင် ပါတယ်။ ဒီကယ်လိုရီဟာ ချောကလက်ဘား တစ်ချောင်းမှာ ပါဝင်တဲ့ ကယ်လိုရီနဲ့ ညီမျှပါတယ်။ စတီဗင် စပီးဘက် ရိုက်ကူးတဲ့ Jaws ရုပ်ရှင်ကား လိုမျိုးကြည့်ရင် ၁၆၁ ကယ်လိုရီထိ လောင်ကျွမ်းနိုင်တယ် လို့ သိရပါတယ်။ ကြောက်စရာကောင်း တာကြောင့် ခန္ဒာကိုယ်မှ အဒရီ နယ်လင် ဟော်မုန်းတွေဟာ စိတ်ဖိစီးမှု များရင် ထွက်လာ သလိုမျိုး အများကြီး ထွက်လာတာကြောင့် အစာစားချင်စိတ် လျော့နည်းတာနဲ့ ခန္ဓာကိုယ် ဇီဝဖြစ်ပျက်နှုန်း မြင့်မား လာတာဖြစ်တဲ့ အတွက် ကယ်လိုရီတွေ များစွာ လောင်ကျွမ်းနိုင်တယ် လို့ သိပ္ပံ ပညာရှင်တွေက ရှင်းပြပါတယ်။

0 comments:

Post a Comment

ယနေ့ရက်စွဲ

သူငယ်ချင်းများ

Google တွင်ရှာဖွေရန်

Hit Counter


Visitor Tracker


ငွေကြေးလဲလှယ်မှုနှုန်းထားများ

Facebook Page